မသန်စွမ်းသူများအား ကုသပေးမယ့် စက်ရုပ်များ

တိုယိုတာက ဂျပန်မှာ ကြီးထွားလာနေတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဂျပန်မှာ သက်ကြီးရွယ်အို များပြားလာပြီး ကလေးမွေးဖွားမှုနှုန်းမှာ နည်းပါးလာတဲ့အတွက် ကားဈေးကွက်ဟာလည်း အခြေအနေ မကောင်းပါဘူး။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့အတွက် တိုယိုတာက သက်ကြီးရွယ်အိုများကို ပြန်လည်သန်စွမ်းစေမယ့် စက်ရုပ်များကို တီထွင်လိုက်ပါတယ်။ သက်ကြီးရွယ်အိုများသာ ပြန်လည် သန်စွမ်းလာရင် ကားဈေးကွက်ဟာလည်း ဦးမော့လာမယ်လို့ တိုယိုတာက မျှော်မှန်းထားပါတယ်။

တိုယိုတာက စက်ရုပ်များကို ငှားရမ်းမယ့် ဝန်ဆောင်မှုကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ တိုယိုတာက လမ်းကူလျှောက်ပေးမယ့် စက်ရုပ်ကို သရုပ်ပြခဲ့ပါတယ်။ အဲဒီ စက်ရုပ်ကို Welwalk WW-1000 လို့ အမည်ပေးထားပြီး ဒူးခေါင်းအောက်ပိုင်း အကြောသေနေသူများ လမ်းလျှောက်နိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။ လူကြီး သာမက လူငယ်များပါ အဲဒီ စက်ရုပ်ကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Welwalk မှာ ပင်မ ကိုယ်ထည်နဲ့ စက်ရုပ် ခြေထောက်ဆိုပြီး အဓိက အစိတ်အပိုင်း ၂ ခု ပါရှိပါတယ်။ သူတို့ကို ဆေးရုံများလို ပြန်လည်သန်စွမ်းရေး စင်တာများမှာ တပ်ဆင်ဖို့ ရည်ရွယ်ထားပါတယ်။ Welwalk ကို ကနဦး ငှားရမ်းခ အနေဖြင့် ဂျပန်ယန်း ၁ ၀၀၀ ၀၀၀ ( ဒေါ်လာ ၉၂၀၀) နဲ့ လစဉ်ကြေး ယန်း ၃၅၀ ၀၀၀ ( ဒေါ်လာ ၃၂၀၀) ကျသင့်မှာ ဖြစ်တဲ့အတွက် ဈေးကတော့ မသေးပါဘူး။ ဒါပေမယ့် အဲဒီစက်ရုပ်များဟာ နှစ်စဉ် မသန်စွမ်းသူပေါင်း ရာဂဏန်းကို ကုစားပေးမှာ ဖြစ်ပါတယ်။

အနာဂတ်မှာတော့ အဲဒီ စက်ရုပ်ခြေထောက်ရဲ့ အရွယ်အစားကို သေးငယ်အောင် တိုယိုတာက လျှော့ချပေးမှာ ဖြစ်ပြီး စက်ရုပ် ခြေထောက်များ ဝတ်ဆင်၍ ကားမောင်းနေတဲ့ သက်ကြီးရွယ်အိုများကို တွေ့မြင်လာရနိုင်ပါတယ်။

ref : pcmag

%d bloggers like this: