iPhone ကို ၃သိန်းကျော်လောက်ဖြင့် ကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ လူ

ဆီလီကွန်တောင်ကြားမှာ အင်ဂျင်နီယာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Scotty Allen ဟာ အလုပ်ကနေ ထွက်ပြီးနောက် ကိုယ်ပိုင် တီထွင်မှုများကို ပြုလုပ်နေပါတယ်။ အခုလည်း သူဟာ တရုတ်နိုင်ငံ ရှန်ဇန်မြို့မှာ တစ်ပတ်ရစ် အစိတ်အပိုင်းများကို ဝယ်ယူ၍ iPhone 6S ကို တီထွင်လိုက်ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ ဒေါ်လာ ၃၀၀ လောက်သာ ရှိပါတယ်။ လက်ရှိမှာ တန်ဖိုးအနည်းဆုံး iPhone 6S ကို ဒေါ်လာ ၅၅၀ လောက်ဖြင့် ရောင်းချနေတဲ့ အတွက် သူ့ရဲ့ ကိုယ်တိုင် ဖန်တီးမှုဟာ အလွန် ဈေးသက်သာပါတယ်။

iPhone 7 ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ရောင်းချခဲ့တဲ့အတွက် တစ်ပတ်ရစ် အစိတ်အပိုင်းများကို ရှာဖွေဖို့ ခက်ခဲတဲ့အတွက် သူက iPhone 6S ကို တည်ဆောက်ရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာ iPhone 6S တစ်လုံး ရှိတဲ့အတွက် အတုယူ တည်ဆောက်နိုင်အောင် အဲဒီမော်ဒယ်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။

Scotty Allen ဟာ Display , Case, Battery နဲ့ Logic Board တို့ကို ဝယ်ယူ၍ iPhone 6S ကို ကိုယ်တိုင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဘက်ထရီကို ၅ ဒေါ်လာလောက်နဲ့ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။ သူဝယ်ယူခဲ့တဲ့ အစိတ်အပိုင်းများ အားလုံးရဲ့ တန်ကြေးဟာ ဒေါ်လာ ၃၀၀ လောက်သာ ရှိပါတယ်။ သူက iPhone 6S တည်ဆောက်မှုကို ဗီဒီယို ရိုက်ကူး၍ မှတ်တမ်းတင်ခဲ့ပြီး လူမှုကွန်ရက်နဲ့ သူ့ရဲ့ ဘလော့မှာ မျှဝေခဲ့ပါတယ်။

ref : mashable

%d bloggers like this: