အိန္ဒိယက 5G ကို အဆင့်မြှင့်ဖို့ ပြင်ဆင်နေ

အိန္ဒိယရဲ့ Telecom Operators များက မြန်နှုန်းမြင့် အင်တာနက်ကို ပံ့ပိုးပေးဖို့ ပြင်ဆင်နေကြပါပြီ။ အိန္ဒိယရှိ Carriers များဟာ သူတို့ရဲ့ နှေးကွေးတဲ့ ကွန်ရက်များကို အဆင့်မြှင့်ဖို့ နှစ်များစွာကြာ အချိန်ဆွဲနေခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ အဆင့်မြှင့်ပေးတော့မှာ ဖြစ်ပါတယ်။ အိန္ဒိယ Carriers များက 4G ကို ပံ့ပိုးပေးဖို့ လျှင်မြန်စွာ လုပ်ဆောင်နေကြပြီး Carrier ၂ ခုက 5G ကို ပံ့ပိုးပေးဖို့ ပြုလုပ်နေကြပါပြီ။

အိန္ဒိယရဲ့ လူသုံးအများဆုံး Telecom Operator ဖြစ်တဲ့ Airtel နဲ့ နိုင်ငံပိုင် BSNL က Nokia နဲ့ ပူးပေါင်း၍ 5G ဝန်ဆောင်မှုကို ပြုလုပ်ပေးဖို့ သဘောတူညီမှုမှု စာချုပ်များ ချုပ်ဆိုခဲ့ကြပါတယ်။ လက်ရှိမှာ ကမ္ဘာအဝန်းမှ Telecom Operator များက 5G ကွန်ရက်များကို စမ်းသပ်နေကြပါတယ်။ ဒါပေမယ့် ဒီလို မြန်ဆန်တဲ့ ကွန်ရက်ကို အသုံးပြုနိုင်ဖို့ ၄ နှစ်ကနေ ၅ နှစ်အထိ ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။

5G ကို အရင်ဆုံး ဝန်ဆောင်မှုပေးဖို့အတွက် အော်ပရေတာများအတွက် အလွန် အရေးကြီးပါတယ်။ အိန္ဒိယရဲ့ အချမ်းသာဆုံး Mukesh Ambani က ပြီးခဲ့တဲ့ နှစ်က ပထမဆုံး 4G ကွန်ရက်ကို အဲဒီနိုင်ငံမှာ ဝန်ဆောင်မှုပေးခဲ့ပါတယ်။ ဝန်ဆောင်မှုပေးပြီး ၇ လ အတွင်းမှာ အသုံးပြုသူ သန်း ၁၀၀ ကျော် ရှိခဲ့ပါတယ်။ သူ့ရဲ့ အခြေခံ အဆောက်အဦးဟာ 5G ကိုလည်း ထောက်ပံ့ပါတယ်။

အိန္ဒိယမှာ 5G ကို အဆင့်မြှင့်ပေးမယ့် သတင်းဟာ အင်တာနက် နှေးကွေးတဲ့ အိန္ဒိယအတွက်တော့ အလွန်ကောင်းတဲ့ သတင်းဖြစ်ပါတယ်။ စစ်တမ်းတစ်ခုအရ အိန္ဒိယရဲ့ မိုဘိုင်းဖုန်း အသုံးပြုသူ ၁ ဘီလီယမ်ရဲ့ ၉၀ ရာခိုင်နှုန်းဟာ နှေးကွေးတဲ့ 2G ကွန်ရက်ကိုသာ အသုံးပြုနေရသေးတယ်လို့ ဖော်ပြထားပါတယ်။

ref : mashable

%d bloggers like this: