လက်တော့ကို အားသွင်းပေးမယ့် Power Bank

EcoFlow က ဖန်တီးလိုက်တဲ့ River အမည်ရ Power Bank ဟာ 116 000mAh (412Wh) ပမာဏရှိပြီး သင့်ရဲ့ အီလက်ထရောနစ် ကိရိယာများကို 500 Watts (AC+DC) အထိ အားဖြည့်ပေးနိုင်ပါတယ်။ သင့်ရဲ့ လက်တော့တစ်လုံးကို ၅ ကြိမ်ကနေ ၉ ကြိမ် အထိ ၊ ဖုန်းတစ်လုံးကို အကြိမ် ၃၀ အထိ ၊ GoPro ကို အကြိမ် ၈၀ အထိ အားသွင်းပေးနိုင်ပါတယ်။ အသေးစား ရေခဲသေတ္တာကို ၁၀ နာရီ အသုံးခံအောင် စွမ်းအင် ပံ့ပိုးပေးနိုင်ပါတယ်။

EcoFlow က နေအိမ်များအတွက် အရေးပေါ် စွမ်းအင် သိုလှောင်မှုအဖြစ် သာမက အားသွင်းဖို့ ခက်ခဲတဲ့ နေရာဒေသများအတွက်ပါ River ကို ရည်ရွယ်ဖန်တီးထားတယ်လို့ ပြောပါတယ်။ River မှာ USB Type C Port ၂ ခု၊ Quickcharge 2.0 ပါတဲ့ USB Port ၄ ခု အပါအဝင် Ports ပေါင်း ၁၁ ခု တပ်ဆင်ထားပါတယ်။ ၁၁ ပေါင် အလေးချိန်ရှိပြီး သူ့ကို နေရောင်ခြည်ကနေ လျှပ်စစ် စွမ်းအင် ဖြည့်တင်းပေးနိုင်တဲ့ Solar Charger များကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

သူ့ကို အားအပြည့်သွင်းဖို့ Wall Charger ကနေ ၆ နာရီ၊ Car Charger ကနေ ၉ နာရီနဲ့ Solar Charger ကနေ ၁၀ နာရီကနေ ၁၅ နာရီ ကြာမြင့်ပါတယ်။ သူ့ကို ရေစိုခံပြီး ဖုန်မဝင်အောင် ကာကွယ်ပေးထားပါတယ်။ သူက တုန်ခါမှုများကိုလည်း ခံနိုင်ရည် ရှိပါတယ်။ Indiegogo ဝက်ဆိုက်မှာ ဒေါ်လာ ၅၀၀ ဖြင့် ရောင်းချပေးနေပါတယ်။

ref : theverge

%d bloggers like this: