0 Shares 715 Views

ရွှေတံဆိပ်ဆုရ iOS မိုဘိုင်းဂိမ်း Alto’s Adventure ကို Android မှာ အခမဲ့ရယူကစားနိုင်ပြီ

Feb 17, 2016
0 715

နာမည်ကျော် iOS မိုဘိုင်းဂိမ်းတစ်ခုဖြစ်တဲ့ Alto’s Adventure ကို ယခုအခါ Play Store ကနေ အခမဲ့ ရယူကစားနိုင်ပြီဖြစ်ပါတယ်။ ဒီဂိမ်းဟာ ထွက်ဖူးသမျှ iOS ဂိမ်းတွေထဲမှာ အကောင်းဆုံးမိုဘိုင်းဂိမ်းတစ်ခုလို့ ချီးကျူးခံထားရပြီး၊ ယခုအခါ Android ဂိမ်းပရိတ်သတ်တွေ လက်ထဲ ရောက်ရှိလာပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက Alto’s Adventure ဂိမ်းရေးဆွဲသူ Noodlecake Studios ဟာ ဒီဂိမ်းကို Android အတွက်လည်း ထုတ်ပေးမယ်လို့ ကတိက၀တ်ပြုခဲ့ပြီးနောက်၊ ယခုအခါ အမှန်တကယ် ထွက်ရှိလာတာဖြစ်ပါတယ်။

နှင်းလျှောဘုတ်ပြားစီးကာ အဆုံးအစမဲ့ ခုန်ပျံပြေးလွှားရတဲ့ ( Endless runner snowboarding game) Alto’s Adventure ဂိမ်းဟာ iTunes မှာ ကြယ်ငါးပွင့်အမြင့်ဆုံးရထားတဲ့ဂိမ်းဖြစ်ပြီး၊ နာမည်ကြီးဂိမ်းဝက်ဆိုဒ်တစ်ခု ဖြစ်တဲ့ Pocket Gamer ကတောင် ရွှေတံဆိပ်ဆုပေးခံထားရတဲ့ ဂိမ်းဖြစ်ပါတယ်။ iOS မှာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထွက်ရှိပြီးနောက်၊ တစ်နှစ်အကြာမှာ Android ပလက်ဖောင်းအတွက် ထွက်ရှိလာတာ ဖြစ်ပါတယ်။

ဒီဂိမ်းကို iOS မှာ ၂.၉၉ ဒေါ်လာပေးပြီး ၀ယ်ယူခဲ့ရပေမယ့်၊ ယခုအခါ Android မှာ အခမဲ့ရယူဆော့ကစား နိုင်မှာဖြစ်ပြီး၊ ဂိမ်းအတွင်း ဗီဒီယိုကြော်ငြာလေးတွေနဲ့ ဂိမ်းတွင်းဝယ်ယူနိုင်တဲ့အရာတွေ (in-app purchases) တွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Alto’s Adventure ဂိမ်းကို ရယူကစားချင်တယ်ဆိုရင် အောက်ပါ Play Store လင့်ခ်ကနေ ဒေါင်းလုဒ် ရယူကာ ဆော့ကစားနိုင်ပါတယ်။

Alto’s Adventure Download Here

Ref: Android Authority

 

 

You may be interested

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ
FEATURES
0 shares0 views

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ

Ko Thuya - Jun 25, 2018

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည်းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား…

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi
Xiaomi
546 shares130 views

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi

Tha Ra - Jun 25, 2018

[Zawgyi] Xiaomi အနေနဲ့ Redmi 6 Pro ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Redmi 6 Pro နဲ့အတူ Mi Pad 4 tablet ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။…

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS
ASUS
66 shares13 views

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS

Tha Ra - Jun 25, 2018

[Zawgyi] ASUS Myanmar အနေနဲ့ TUF Gaming Laptop, ROG Gaming Laptop တွေကို ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ TUF Series က Entry Level Gaming…

Leave a Comment

Most from this category