Facebook ကြောင့် လူသားတွေ ပျော်ရွှင်မှု ကျဆင်းနေတယ်လို့ သုတေသနစစ်တမ်းက ဖော်ပြ

လူမှုကွန်ရက်များကြောင့် လူသားတွေ အဆက်အသွယ်များစွာ ရရှိနေကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်များအတွင်းမှာ Facebook လို လူမှုကွန်ရက် အသုံးပြုမှုများပြားလာတဲ့အတွက် နောက်ဆက်တွဲ အကျိုးဆုတ်ယုတ်မှုများ သိသိသာသာ ရှိလာကြပါတယ်။ Facebook ကနေ မိတ်ဖွဲ့နေခြင်းများဟာ သူငယ်ချင်းများ မျက်နှာချင်းဆိုင် ပျော်ရွှင်ရခြင်းများ၊ သူငယ်ချင်းများ အတူတကွ လည်ပတ်ရခြင်းများ၊ သူငယ်ချင်းများ အတူတကွ အားကစား ပြုလုပ်ခြင်းများ၊ လူသားအချင်းချင်း လေးစားမှုများကို ကျဆင်းလာစေပါတယ်။

ပျမ်းမျှအားဖြင့် Facebook ကို လူတစ်ဦးဟာ တစ်ရက်လျှင် ၁ နာရီလောက် အသုံးပြုနေကြပါတယ်။ မကြာခင်က ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းအရ လူတွေဟာ နံနက် အိပ်ယာထတာနဲ့ စမတ်ဖုန်းကနေ Facebook လို လူမှုကွန်ရက်များကို အသုံးပြုနေတယ်လို့ သိရပါတယ်။ သုတေသန စစ်တမ်းကို Yale နဲ့ California တက္ကသိုလ်များမှ သုတေသနပညာရှင်များက ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး Facebook ဟာ လူများရဲ့ ပျော်ရွှင်မှုကို လွှမ်းမိုးနေတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ ပညာရှင်များက အရွယ်ရောက်ပြီးသူ ၅၂၀၈ ယောက်ကို ၂ နှစ်ကြာ သုတေသနပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပညာရှင်များက အသုံးပြုတာ ကြာလာတာနဲ့ အမျှ Facebook အသုံးပြုသူများရဲ့ ပျော်ရွှင်မှု ကျဆင်းလာတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ပညာရှင်များက ဘဝအပေါ် ကျေနပ်မှု၊ စိတ်နဲ့ ကိုယ် ကျန်းမာရေး၊ ကိုယ်ခန္တာ အချိုးအစား စတဲ့ အကြောင်းအရာ ၃ ခုကို အခြေခံ တွက်ချက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပညာရှင်များက အဲဒီဒေတာများကို Facebook အသုံးပြုမှု အပေါ် မူတည်၍ တွက်ချက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပညာရှင်များက Facebook အသုံးပြုမှု နည်းပါးပြီး လက်တွေ့ကမ္ဘာမှာ သူငယ်ချင်းများနဲ့ လူချင်းတွေ့ဆုံခြင်းဟာ ပျော်ရွှင်မှုကို တိုးတက်စေတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ref : entrepreneur

%d bloggers like this: