0 Shares 24 Views

Samsung က ထုတ်လုပ်ဦးမယ့် စမတ်ရှုးဖိနပ် “Iofit”

Feb 17, 2016
0 24

တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီ Samsung အတွက်တော့ Galaxy S7 နဲ့ Galaxy S7 Edge တို့သာ MWC 2016 ပွဲတော်မှာ မိတ်ဆက်မယ့် ကုန်ပစ္စည်းတွေဖြစ်လာခဲ့တာ မဟုတ်ပါဘူး။ Samsung ဟာ Iofit လို့ခေါ်တဲ့ ၀တ်ဆင်နိုင်တဲ့ ကိရိယာတစ်မျိုး ၊ တစ်နည်းအားဖြင့် စမတ်ရှုးဖိနပ် တစ်မျိုးကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။

ထို ကုန်ပစ္စည်းကိုတော့ Salted Venture ကုမ္မဏီ က စတင်တည်ဆောက်ခဲ့ပြီး Samsung နဲ့ ပူးပေါင်းထုတ်လုပ်ဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။ Iofit ရဲ့  ၀က်ဘ်ဆိုက်မှာတော့ စမတ်ရှုးဖိနပ် အမျိုးအစား ၂ ခု ရှိပြီး တစ်ခုဟာ အားကစားခန်းမ လေ့ကျင့်မှုတွေအတွက် ဖြစ်ကာ နောက်တစ်ခုကတော့ ဂေါ့ဖ် ကစားနည်း အတွက်ဖြစ်တယ်လို့ သိရပါတယ်။

အားကစားခန်းမ လေ့ကျင့်မှုတွေအတွက် ထုတ်လုပ်ထားတဲ့ စမတ်ရှုးဖိနပ်ဟာ ထိခိုက်မှု တွေကာကွယ်ဖို့ ၊ အားကစားလုပ်နိုင်စွမ်းနဲ့ လေ့ကျင့်ခန်းပုံစံတွေကို ပိုမိုကောင်းမွန်လာစေရန် ကူညီပေးနိုင်တယ်လို့ သိရပါတယ်။ ထို စမတ်ရှုးက မှတ်တမ်းတင်ထားတဲ့ ရလဒ်တွေကို သိရှိဖို့ အတွက်တော့ Android အက်ပလီကေးရှင်းတစ်ခုနဲ့ ချိတ်ဆက်ထားရမှာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့ကတော့ လေ့ကျင့်ခန်းလုပ်တဲ့ စမတ်ရှုးဖိနပ်ဟာ ဒေါ်လာ ၂၀၀ ခန့်ရှိနိုင်ပြီး ဂေါ့ဖ် စမတ်ရှုးကတော့ ဒေါ်လာ ၂၆၀ ခန့် ရှိနိုင်တယ်လို့ The Verge သတင်းဌာန က ဖော်ပြထားပါတယ်။

မနှစ်ကလည်း Xiaomi ကုမ္မဏီဟာ အားကစား ပစ္စည်းအမှတ်တံဆိပ် Li Ning နဲ့ ပူးပေါင်းပြီး စမတ်ရှုးဖိနပ်တွေကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ ထို ဖိနပ်တွေကတော့ Bluetooth ကတဆင့် စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး ခြေလှမ်းအရေအတွက် နဲ့ ကယ်လိုရီ သယ်ဆောင်ထားမှု ပမာဏ တွေကိုသာ တွက်ချက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

iofit_samsung_smart_shoe_app_website

Ref: Gadgets 360

You may be interested

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus
Camera, Mobiles & Tablets, NEWS
0 shares0 views

အကောင်းဆုံး စမတ်ဖုန်း ကင်မရာများအဖြစ် ရွေးချယ်ခံရတဲ့ iPhone 8 နဲ့ iPhone 8 Plus

Ko Thuya - Sep 23, 2017

iPhone 8 နဲ့ iPhone 8 Plus တို့ကို ၂၂ ရက်နေ့မှာ စတင်ရောင်းချပေးလိုက်ပါတယ်။ စမတ်ဖုန်း ကင်မရာများကို အကဲဖြတ်စမ်းသပ်တဲ့ DxOMark က iPhone 8 ၂ လုံးရဲ့ ကင်မရာများကို စမ်းသပ်ခဲ့ပြီးနောက်မှာ အကောင်းဆုံး စမတ်ဖုန်း…

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
110 shares15 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
83 shares10 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Leave a Comment

Most from this category