MPT ၏ လိုတရ Web Portal တွင် “ဗုဒ္ဓတရားတော်များ” စာမျက်နှာသစ် လွှင့်တင်

ဖြစ်သည့် မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) သည် တရားဓမ္မမြတ်နိုးသူ မိဘပြည်သူများအတွက် “ဗုဒ္ဓတရားတော်များ” အမည်ရ စာမျက်နှာသစ်တစ်ခုကို လိုတရ Web Portal တွင် ထပ်မံလွှင့်တင်လိုက်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။

အသုံးပြုသူများအနေဖြင့် ခရီးဝေးသွားရသည့်အချိန်၊ အားလပ်သည့် အချိန်များနှင့် အိပ်ယာဝင်ခါနီးအချိန်များတွင် နာမည်ကျော်ဆရာတော်များ၏ ဆုံးမသြဝါဒတရားများကို ဖတ်ရှုနားဆင်ကာ ကုသိုလ်ပွားအကျိုးများနိုင်မည်ဖြစ်သည်။

အဆိုပါ “ဗုဒ္ဓ တရားတော်များ” စာမျက်နှာတွင် နာမည်ကြီးဆရာတော် ၁၅ ပါးဖြစ်သည့် မိုးကုတ်ဆရာတော် ဘုရားကြီး၊ အနောက်ဂန့်ဂေါ မုံလယ်ဆရာတော် ဘဒ္ဒန္တ သံဝရ၊ သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ၊ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏ၊ ကြာနီကန်ဆရာတော်၊ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ သီတဂူဆရာတော်ဘုရားကြီး ဦးဉာဏိဿရ၊ ပါမောက္ခချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ၊ ပိုင်းလော့ ဆရာတော် အရှင်ဇေယျပဏ္ဍိတ၊ ဒေါက်တာ အရှင်ဇယတိဿ (သစ္စာပါရမီ ဓမ္မရာဇာ တရားရိပ်သာ)၊ ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)၊ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၊ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၊ ဘဒ္ဒန္တသုစိတ္တာဘိဝံသ၊ ဆရာတော် ဒေါက်တာ ဓမ္မဿာမိတို့၏ ဓမ္မတရားတော်များ ပါဝင်မည်ဖြစ်သည်။

အဆိုပါ “ဗုဒ္ဓတရားတော်များ” စာမျက်နှာသည် ဆက်သွယ်ရေးအော်ပရေတာ အနေဖြင့် ပထမဦးဆုံး လွှင့်တင်သော တရားဓမ္မအွန်လိုင်း စာမျက်နှာဖြစ်သည်။ တရားအပုဒ် ရာကျော်ကို MP3 ၊ MP4 ၊ PDFs ဖိုင်များနှင့် ထောက်ပံ့ပေးထားသဖြင့် သုံးစွဲသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာကို အလွယ်တကူ အခမဲ့ download ရယူကာ နိဗ္ဗာန်ရောက်ကြောင်းတရားများကို ကြည့်ရှု့လေ့လာနာယူမှတ်သားအားထုတ်နိုင်မည် ဖြစ်သည်။

အဆိုပါစာမျက်နှာတွင် တရားတော်များကို Dhamma Download နှင့် Thitsarparami Society မှ ပံ့ပိုးပေးခြင်းဖြစ်ပြီး တရားတော် ၃၀၀ နီးပါး ပါဝင်ပြီး တရားတော်များအသစ်များကို ထပ်မံဖြည့်စွက်သွားမည် ဖြစ်သည်။

အဆိုပါစာမျက်နှာအသစ်လွှင့်တင်လိုက်ခြင်းနှင့်ပတ်သက်၍ MPT-KSGM Joint Operations မှ Deputy Chief Commercial Officer ဖြစ်သူ ဦးသိန်းဟုတ် က “မြန်မာနိုင်ငံဟာ အဓိကအားဖြင့် ဗုဒ္ဓဘာသာကို ကိုးကွယ်သူများတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေရဲ့ ယုံကြည်ကိုးကွယ်မှုကလည်း အရေးကြီးကြောင်း ကျွန်တော်တို့ နားလည်ထားပါတယ်။ ကျွန်တော်အနေနဲ့ တရားတော်တွေကို အခမဲ့ ရယူနိုင်အောင် ဆောင်ရွက်ပေးထားတာကြောင့် ပြည်သူတွေအနေနဲ့ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကို လွယ်ကူစွာဖြင့် နာယူ မှတ်သား နိုင်မှာဖြစ်ပါတယ်” ဟုပြောကြားခဲ့ကြောင်းသိရသည်။

“ဗုဒ္ဓတရားတော်များ” စာမျက်နှာကို လိုတရ Web Portal မှတစ်ဆင့် ဝင်ရောက်၍ဖြစ်စေ၊ တိုက်ရိုက်လင့်ခ် http://dhamma.foc.lotayamm.com/ မှတစ်ဆင့်ဖြစ်စေ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

%d bloggers like this: