0 Shares 150 Views

နာနိုအလွှာအုပ် Stylus ပါဝင်တဲ့ မျက်နှာပြင် ၅.၇ လက်မအရွယ် LG Stylus 2 ကို LG မိတ်ဆက်

Feb 17, 2016
0 150

ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) ကျင်းပဖို့ ရက်အနည်းငယ်သာလိုတော့ပေမယ့်၊ LG ကတော့ သူ့ရဲ့ ဖုန်းအသစ်တွေကို မိတ်ဆက်ပြသဖို့ မစောင့်နိုင်တော့တဲ့ ပုံပါပဲ။

လွန်ခဲ့တဲ့တစ်ရက်ကပဲ X စီးရီးစမတ်ဖုန်းအသစ်နှစ်မျိုးကို မိတ်ဆက်ခဲ့တဲ့ LG ဟာ အင်္ဂါနေ့မှာ G4 Stylus ကို အဆင့်မြှင့်တင်ထားတဲ့ Stylus 2 ဖုန်းအသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြန်ပါတယ်။ LG Stylus 2 ဖုန်းကို ဘာစီလိုနာမှာကျင်းပမယ့် MWC ပွဲမှာ X စီးရီးဖုန်းနှစ်မျိုး၊ LG G5 ဖုန်းတွေနဲ့အတူ စတင်ပြသသွားမှာ ဖြစ်ပေမယ့်၊ အခုလိုစောစောစီးစီး ကြိုတင်မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

တောင်ကိုရီးယားနည်းပညာကုမ္ပဏီဖြစ်တဲ့ LG ဟာ လက်ရှိအချိန်မှာတော့ Stylus 2 ရဲ့ ဈေးနှုန်းကို ထုတ်ပြန်ကြေငြာထားခြင်းမရှိဘဲ၊ မမျှော်လင့်တဲ့ဈေးနှုန်းနဲ့ ဖြစ်မယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ နောက်လထဲ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ အာရှ၊ ဥရောပနဲ့ အမေရိကန်ဈေးကွက်တွေကိုလည်း နောက်သိပ်မကြာခင်မှာ ၀င်ရောက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Stylus 2 စမတ်ဖုန်းအသစ်ရဲ့ pen ထိပ်ပိုင်းကို နာနိုအလွှာအုပ်ထားပြီး၊ LG G4 Stylus တုန်းက ရာဘာအုပ်ထားတဲ့ pen ထက် ပိုမိုတိကျကောင်းမွန်မှုရှိမှာဖြစ်တယ်လို့ LG က ပြောကြားထားပါတယ်။

LG Stylus 2 မှာ နောက်ထပ်ပါဝင်တာတွေကတော့ ၊ Pen ကို ဆွဲထုတ်လိုက်တာနဲ့ အလိုအလျောက်ပေါ်လာမယ့် Pen Pop menu ၊ pen ကို ဖုန်းထဲမထည့်ထားပါက သို့ အထက်အောက် မှားထည့်ထားမိပါက သတိပေးမယ့် Pen Keeper စွမ်းဆောင်ရည်တွေ ပါဝင်တယ်လို့ သိရပါတယ်။

တခြားအသေးစိတ်အချက်အလက်တွေကတော့ LG Stylus 2 ဟာ 720×1280 pixels ရှိတဲ့ ၅.၇ လက်မအရွယ် ကြီးမားတဲ့မျက်နှာပြင်၊ 1.2 GHz quad-core ပရိုဆက်ဆာ၊ 1.5 GB RAM နဲ့ ဖုန်းတွင်းသိုလှောင်နိုင်မှု 16 GB တို့ ပါရှိပြီး၊ microSD ကတ်ပါ ထပ်စိုက်နိုင်မှာဖြစ်ပါတယ်။ ကျောကင်မရာက 13 megapixel ရှိပြီး၊ ရှေ့ကင်မရာက 8-megapixel အထိ ရှိပါတယ်။

နောက်ဆုံးပေါ် Android 6.0 Marshmallow နဲ့ OS နဲ့ဖြစ်ကာ ဘက်ထရီပမာဏ 3000mAh အထိရှိပါတယ်။ 4G ချိတ်ဆက်နိုင်ပြီး၊ အညိုရောင်၊ တိုင်တန်ရောင်နဲ့ အဖြူရောင်ဆိုပြီး ကာလာသုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။

Ref: Gadgets 360

 

 

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Leave a Comment

Most from this category