0 Shares 41 Views

Galaxy S7 မှာ ကြိုးမဲ့အားသွင်းစနစ်နဲ့ ရေစိုခံနိုင်ရည်တို့ ပါဝင်လာမှာဖြစ်ကြောင်း Samsung ရုံးခွဲကတဆင့် ပေါက်ကြား

Feb 16, 2016
0 41

Samsung အင်ဒိုနီးရှားရုံးခွဲဟာ တရားဝင်မိတ်ဆက်ခြင်းမပြုရသေးတဲ့ Galaxy S7 ရဲ့ ကြော်ငြာဗီဒီယိုကို ရုံးခွဲရဲ့ Youtube ချန်နယ်မှာ မတော်တဆဖော်ပြထားတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံက Samsung ရုံးခွဲရဲ့ တရားဝင် Youtube ချန်နယ်ထဲမှာ Get Ready for the Next Galaxy ဆိုတဲ့ ကြော်ငြာဗီဒီယိုတစ်ခုကို တင်ခဲ့ပြီး၊ ဗီဒီယိုထဲမှာ အင်ဒိုနီးရှားမြှားပစ်မယ် Dellie Threesyadinda ဟာ Galaxy S7 ဖုန်းနဲ့အတူ လေ့ကျင့်မှုပြုလုပ်နေတာကို တွေ့မြင်ရပါတယ်။

အဆိုပါ ကြော်ငြာဗီဒီယိုဟာ List မလုပ်ရသေးတာကြောင့်၊ ဗီဒီယိုလင့်ခ်မရှိတဲ့လူတွေ Youtube မှာရှာရင်တောင် မမြင်ရနိုင်တဲ့ဗီဒီယိုဖြစ်ပါတယ်။

ဗီဒီယိုမှာ တွေ့မြင်ရသလောက် Galaxy S7 ရဲ့ ဒီဇိုင်းပိုင်းဟာ မနှစ်ကထွက်ထားတဲ့ Galaxy S6 နဲ့ S6 Edge တို့နဲ့ သိပ်မကွာတာကို တွေ့ရပါတယ်။

အင်ဒိုနီးရှားမြှားပစ်မယ် Threesyadinda ဟာ မော်ဒယ်အတိအကျ မဖော်ပြထားတဲ့ဖုန်းအသစ်ကို ကြိုးမဲ့အားသွင်းစက်ပေါ်မှာတင်ကာ အားသွင်းထားတာကို တွေ့ရှိရတာကြောင့်၊ Galaxy S7 မှာ ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာမယ့်သတင်းက သေချာသွားသလို၊  မိုးရေထဲ Samsung Galaxy ဖုန်းအသစ်ကို သုံးနေပုံလည်းပါဝင်တာကြောင့် Galaxy S7 ဟာ ကောလဟာလတွေထွက်နေတဲ့အတိုင်း ရေစိုခံဖုန်းတစ်လုံးဖြစ်ဖို့ သေချာသွားပါပြီ။

Samsung Indonesia ၀က်ဆိုဒ်မှာလည်း ဒီသတင်းကို အတည်ပြုထားပြီး၊ Galaxy S7 ရဲ့ နောက်ထပ် အချက်အလက်တွေအဖြစ်၊ လုံခြုံရေးပိုမိုကောင်းမွန်လာမှု၊ အလင်းရောင်နည်းတဲ့ညဘက်အချိန်မှာ ပုံကောင်းကောင်းရိုက်နိုင်တဲ့ကင်မရာ စတာတွေ ကြော်ငြာစာသားနဲ့ ယှဉ်တွဲဖော်ပြထားတာကို တွေ့ရပါတယ်။

Samsung အနေနဲ့ Galaxy S7 ဖုန်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ ဘာစီလိုနာမြို့မှာကျင်းပမယ့်၊ ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) မှာ တရားဝင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

bandicam_2016-02-15_23-41-33-809.0

Ref: The Verge

 

 

 

You may be interested

Samsung Galaxy S9 ရဲ့တကယ့်အပြင်ပုံစံပေါက်ကြားလာ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy S9 ရဲ့တကယ့်အပြင်ပုံစံပေါက်ကြားလာ

Nwe Oo Thant - Feb 22, 2018

[Zawgyi] အခုဆိုရင် Mobile World Congress 2018 ပွဲကျင်းပဖို့ Samsung Galaxy S9 နဲ့ S9 Plus တွေတရားဝင်မိတ်ဆက်ဖို့ ရက်ပိုင်းလေးလောက်ပဲလိုပါတော့တယ်။ တကယ်ဖုန်းလေးရဲ့ ပုံစံကိုအပြင်မှာ မြင်ချင်နေကြတဲ့သူတွေရှိမှာပါ။ အခုဒီဖုန်းလေးတွေက ဘာစီလိုနာမှာကျင်းပမယ့်ပွဲအတွက် ဘာစီလိုနာဆီရောက်လာခဲ့ပါပြီ။ အခုအောက်မှာဖော်ပြလိုက်တဲ့ပုံကတော့ တစ်စုံတစ်ယောက်…

Motherboard တစ်ခုဘယ်လိုအလုပ်လုပ်သလဲ?
Chipset, FEATURES
86 shares93 views

Motherboard တစ်ခုဘယ်လိုအလုပ်လုပ်သလဲ?

Nwe Oo Thant - Feb 22, 2018

[Zawgyi] Motherboard ဆိုတဲ့စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။ ဒါပေမယ့် motherboard တစ်လုံးဘယ်လိုအလုပ်လုပ်သလဲဆိုတာက?? Motherboard ကို ကုမ္ပဏီကြီးတစ်ခုရဲ့ရုံးချုပ်အနေနဲ့စဉ်းစားကြည့်လိုက်ရအောင်။  ရုံးချုပ်ဆိုတာမျိုးမရှိရင် အလုပ်သမားတွေကိုတာဝန်တွေဘယ်သူက ခွဲဝေပေးမလဲ? ဒီလိုပါပဲ ကွန်ပျူတာတစ်လုံးရဲ့အချက်အခြာကလည်း motherboard ဖြစ်ပြီး ကွန်ပျူတာတစ်လုံးမှာရှိသမျှအရာတွေကို ချိတ်ဆက်ပေးထားပါတယ်။ ဒါဆို motherboard ဆိုတာဘာလဲ? Motherboard…

အိတ်ထောင်ထဲထည့်လိုက်ရုံနဲ့ကြိုးမဲ့အားသွင်းပေးမယ့် Snow-C စမတ်ဂျက်ကက်
Life Style, Tech Update
74 shares68 views

အိတ်ထောင်ထဲထည့်လိုက်ရုံနဲ့ကြိုးမဲ့အားသွင်းပေးမယ့် Snow-C စမတ်ဂျက်ကက်

Nwe Oo Thant - Feb 22, 2018

[Zawgyi] နောက်ဆုံးမှာတော့ တစ်နေ့တစ်ခြားအလုပ်တွေနဲ့မအားလပ်လာတဲ့လူတွေအတွက် ၂၁ရာစု ဂျက်ကတ် တွေကအသင့်ဖြစ်နေပါပြီ။ တစ်နေ့တစ်နေ့အားသွင်းကြိုးတွေနဲ့ရှုပ်ယှက်ခတ်နေစရာမလိုတော့အောင် SNOW-C စမတ်ဂျတ်ကတ်လေးရောက်လာပါပြီ။ ကိုယ့်ရဲ့အိတ်ကပ်ထဲမှာကြိုးမဲ့အားသွင်းတဲ့ charger လိုမျိုးလုပ်ပေးမှာဖြစ်ပေမယ့် ဘက်ထရီထည့်ထားတယ်လို့တော့ ခံစားရစေမှာမဟုတ်ပါဘူး။ တစ်နေ့တာအတွက်တော့ ဘက်ထရီကုန်မှာပူစရာမလိုတော့ဘူးပေါ့။ Wireless Charging Pockets ကြိုးမဲ့အားသွင်းနိုင်ဖို့အတွက် wireless charger တွေကို…

Leave a Comment

Most from this category