0 Shares 264 Views

Facebook မှာ ဗီဒီယိုတွေ အလိုအလျောက်ပြသနေတာကို ဘယ်လိုပိတ်မလဲ

Feb 16, 2016
0 264

Facebook မှာ ကိုယ်ကဘာမှမနှိပ်ရပါဘဲနဲ့၊ ဗီဒီယိုတွေ အလိုအလျောက်ပြသနေလို့ ဖုန်းဘေကုန်ပြီး စိတ်ညစ်နေရပါသလား။

ကိုယ်က Play ခလုတ်တောင်မနှိပ်ပေမယ့်လည်း Facebook ကနေ ဗီဒီယိုတွေအလိုလိုပြနေတာကြောင့် အကြောင်းမဲ့အင်တာနက်ဖိုးကုန်သလို၊ ကိုယ်မကြည့်ချင်တဲ့ကြော်ငြာတွေ၊ ဗီဒီယိုတွေကိုလည်း အလိုလိုက်ြည့နေရတဲ့ ဒုက္ခက မသေးပါဘူး။

ဒါပေမယ့် မပူပါနဲ့။ ဒီလို ဗီဒီယိုတွေ autoplay ဖြစ်နေတာကို ပိတ်ရတာက အရမ်းလွယ်ပါတယ်။ Android ကနေပဲ ဖြစ်ဖြစ်၊ iOS ကနေပဲဖြစ်ဖြစ်၊ ကွန်ပြူုတာ ကနေပဲဖြစ်ဖြစ်၊ ဒီ auto-play ဖန်ရှင်ကို အောက်ပါနည်းအတိုင်း အလွယ်တကူသွားပိတ်လို့ရပါတယ်။

ကွန်ပြူတာ browser ကနေ Facebook သုံးနေသူဆိုရင်

(၁) Facebook ရဲ့ Settings ထဲဝင်ပြီး၊ အောက်ဆုံးမှာရှိတဲ့ Videos ဆိုတဲ့နေရာကို ကလစ်နှိပ်လိုက်ပါ။

(၂) Auto-play Videos ဆိုတဲ့ ခလုတ်ဘားကိုနှိပ်လိုက်ပြီး၊ Default ကနေ Off ဆိုတာကို ပြောင်းပေးလိုက်ပါ။

3c161b6883816947e5cbf82fe90e5465

 

 

Android ဖုန်း၊တက်ဘလက် ရဲ့ Facebook အက်ပလီကေးရှင်းကနေ သုံးနေတာဆိုရင်တော့

(၁) အလျားလိုက်မျဉ်းသုံးကြောင်းပြထားတဲ့ ‘More’ နေရာကို နှိပ်လိုက်ပါ။

(၂) ဟိုးအောက်နားမှာရှိတဲ့ App Settings ဆိုတာကို ရှာပြီး နှိပ်ပေးပါ။

(၃) Video Auto-Play ဆိုတာကို ထပ်နှိပ်ပါ။

(၄) ဒီနေရာမှ မိမိစိတ်ကြိုက်ရွေးနိုင်ပါတယ်။ ‘On Wi-Fi Connections Only’ ဆိုတာကို အမှန်ခြစ်ထားပေးမယ် ဆိုရင် ဖုန်းက Wi-Fi နဲ့ ချိတ်မိတဲ့အခါမှ Facebook ဗီဒီယိုတွေ အလိုအလျောက်ပြသမှာဖြစ်ပြီး၊ Never Autoplay ဆိုတာကို ရွေးထားရင်တော့ ကိုယ်က play လုပ်မှ ဗီဒီယိုပြသမှာဖြစ်ပြီး၊ အလိုအလျောက်ပြနေမှာ မဟုတ်တော့ပါဘူး။

d68c0fa8a6d4c5646f91585a6eac4643

 

iOS မှာ ဆိုရင်

(၁) iPhone ရဲ့ Facebook app အောက်နားက အလျားလိုက်မျဉ်းသုံးကြောင်းပုံပြထားတဲ့ ‘More’ ထဲ ၀င်ပါ။

(၂) အောက်ဆွဲချပြီး၊ ‘Account Settings’ ထဲ ၀င်ပါ။

(၃) Videos and Photos ဆိုတာကို ရွေးပေးပါ။

(၄) ‘Auto-play’ နေရာကို ထပ်နှိပ်လိုက်ပါ။

(၅) Never Auto-play Videos ဆိုတာကို ရွေးပေးလိုက်ရင် ဗီဒီယိုအလိုအလျောက်ပြသတော့မှာမဟုတ်ပါဘူး။

 

Facebook-app-Autoplay-videos-iPhone-screenshot-002

ဒီနည်းလမ်းဟာ စာဖတ်သူ Facebook ကြည့်စဉ်မှာ ဗီဒီယိုတွေအလိုလိုပြနေခြင်းကို ရပ်တန့်နိုင်ပြီး၊ မလိုအပ်ဘဲ အင်တာနက်ဒေတာကုန်၊ဖုန်းဘေကုန်တဲ့အဖြစ်ကနေ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။

Ref: Gadgets 360

 

 

 

 

 

 

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Leave a Comment

Most from this category