4K ရိုက်ယူနိုင်ပြီး iPhone တွေနဲ့လည်း တွဲဖက်သုံးနိုင်မယ့် Samsung Gear 360 အသစ်

ကမ္ဘာကျော် ကိုရီးယား နည်းပညာကုမ္ပဏီ Samsung ရဲ့ accessory lineup ထဲမှာ Samsung Gear 360 ကလည်း စိတ်ဝင်စားစရာ ထုတ်ကုန်တစ်ခုအဖြစ်ပါဝင်ပါတယ်။

Samsung Gear 360 ဟာ 360-degree camera ဖြစ်ပြီး Samsung flagship စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ကာ ပတ်ဝန်းကျင်ကပုံရိပ်တွေကို ဓာတ်ပုံ နဲ့ ဗီဒီယို အဖြစ် အကောင်းဆုံးဖမ်းယူထားနိုင်မယ့် ကိရိယာတစ်ခုဖြစ်ပါတယ်။

အခုနှစ်မှာတော့ Samsung က Gear 360 ကို အဆင့်မြှင့်တင်လိုက်ပါပြီ။ မျိုးဆက်သစ် Gear 360 ဟာ 4K video တွေကို 24FPS နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ဓာတ်ပုံအရည်အသွေးအနေနဲ့လည်း 15MP ရုပ်ထွက်ကို ထုတ်လုပ်ပေးနိုင်မှာဖြစ်တဲ့အပြင် live streaming ထောက်ပံ့မှုနဲ့အတူ ဒီဇိုင်းပိုင်းကိုလည်း အဆင့်မြှင့်တင်ထားတာ တွေ့ရပါတယ်။

အထူးခြားဆုံး ကတော့ iPhone တွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်အောင် ပြုလုပ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ အခု မျိုးဆက်သစ် Gear 360 ဟာ Galaxy S8, S8 plus, S7 , S7 edge, Note 5, S6, S6 edge နဲ့ S6 edge plus တို့ အပြင် iOS 10 အသုံးပြုထားတဲ့ iPhone 7, 7 Plus, 6s, 6s Plus နဲ့ SE တို့ နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် Samsung fan တွေသာမက Apple fan တွေ အနေနဲ့လည်း ဝယ်ယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်း ဘယ်လောက်နဲ့ ထွက်ရှိလာမယ်ဆိုတာ တိတိကျကျမသိရသေးပေမယ့် ဒေါ်လာ(၃၅၀) ဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေရှိနေပါတယ်။

Ref: AndroidNme

%d bloggers like this: