Sex ကိစ္စအတွက် သီးသန့်ထုတ်ထားတဲ့ Dating App

Dating Apps များစွာရှိတဲ့အထဲမှာ Tinder ဟာ နာမည်ကြီးပြီး သင်ချစ်ခင်တဲ့ ဘဝကြင်ဖော်ကို ရှာဖွေနိုင်ပါတယ်။ အခုအသစ်ပေါ်လာတဲ့ CasualX အမည်ရ Dating App ကတော့ သင့်ရဲ့ ဘဝကြင်ဖော်ကို ရှာဖို့ မဟုတ်ဘဲ Sex ကိစ္စအတွက် ခဏတာ အဖော်ကို ရှာဖွေဖို့ ဖန်တီးပေးထားပါတယ်။

ကုမ္ပဏီ သူတို့ရဲ့ App ကို “ Tinder Minus Marriage-Minded Daters” လို့ ဖော်ညွှန်းပါတယ်။ CasualX ကို iOS အတွက် ဖြန့်ချီပေးလိုက်ပြီ ဖြစ်ပြီး Android အတွက် မကြာခင်မှာ ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Michelle Li က လိင်ဆက်ဆံဖို့ ခဏတာ အဖော် အလိုရှိနေတဲ့ သူမရဲ့ သူငယ်ချင်းများ အကြောင်းကို သိရှိပြီးနောက် ဒီဝန်ဆောင်မှုကို ပြုလုပ်ပေးဖို့ အိုင်ဒီယာ ရလာတာ ဖြစ်ပါတယ်။

Tinder မှာလိုပဲ CasualX မှာ စမတ်ဖုန်းတွင် ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲ၍ အဖော်ကို ရှာဖွေရမှာ ဖြစ်ပါတယ်။ CasualX က သင် နှစ်သက်မယ့် အဖော်များကို အကြံပြုပြသပေးနိုင်ပါတယ်။ အခြား Dating Apps များထက် သာလွန်တဲ့ ထူးခြားမှုက Users များဟာ ဓါတ်ပုံနဲ့ စာသားများကို ပို့စ်တင်နိုင်ပြီး အခြားလူများနဲ့ မျှဝေနိုင်တဲ့ လူမှုကွန်ရက်နဲ့ ဆင်တူတဲ့ Moments စွမ်းဆောင်ချက် ဖြစ်တယ်လို့ စီအီးအိုက ပြောပါတယ်။

ပရိုဖိုင် အတုများကို တားဆီးဖို့အတွက် ကုမ္ပဏီက ဝန်ထမ်းများဖြင့် သေချာစွာ စစ်ဆေးနေတယ်လို့ ပြောပါတယ်။ App မှာ Private Album လုံခြုံရေး စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားတဲ့အတွက် သင့်ဖုန်းမှ ဓါတ်ပုံများကို အခြားလူများ မြင်မှာ စိတ်ပူစရာ မလိုပါဘူး။ App ကို အခြားလူများ ဖွင့်လို့ မရအောင် Pattern Lock ဖြင့် ကာကွယ်နိုင်ပါတယ်။

ref : mashable

%d bloggers like this: