0 Shares 46 Views

အိမ်တွင်းသုံးရန် ဥာဏ်ရည်တု စက်ရုပ်တစ်မျိုးတည်ဆောက်မယ့် Zuckerberg

Mark Zuckerberg

 

Facebook တည်ထောင်သူ Mark Zuckerberg က သူ့အိမ်တွင်းကအလုပ်တွေခိုင်းစေဖို့ Artificial Intelligence (AI) လို့ခေါ်တဲ့ ဥာဏ်ရည်တု စက်ရုပ်တစ်မျိုးကို တည်ဆောက်မယ်လို့ဆိုပါတယ်၊ သူ့ရဲ့လူမှုကွန်ယက်မှာ တင်ခဲ့တဲ့ Post တစ်ခုအရ သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုဖြေရှင်းဖို့အတွက် Iron Man ထဲက Jarvis လိုမျိုး ရိုးရှင်းတဲ့ AI တစ်မျိုးကို ဒီနှစ်ထဲမှာ တည်ဆောက်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လက သူ့သမီးလေးမွေးတဲ့နေ့မှာ သူတို့ရဲ့ လူမှုပရဟိတလုပ်ငန်းတွေအတွက် Facebook ရဲ့ Share ၉၉ရာခိုင်နှုန်းကိုလှူဒါန်းဖို့ ကြေငြာခဲ့ပြီး နောက်မှာအခုလို သတင်းတွေတက်လာတာလည်းဖြစ်ပါတယ်၊

artificial intelligence robot

‘အရာရာကိုထိန်းချုပ်မယ်’

ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ  Zuckerberg က အရင်ထွက်ပေါ်ခဲ့ဖူးတဲ့ နည်းပညာပိုင်းတွေနဲ့ ပဲ အသံနဲ့ စေခိုင်းလိုက်တာနဲ့ သီချင်းဖွင့်တာအစ လိုက်ကာတွေဖွင့်ပိတ်တာ၊ ရေနွေးအိုးတည်တာအဆုံး အကုန်နားလည်လုပ်ကိုင်နိုင်မယ့် AI စက်ရုပ်တစ်မျိုးတည်ဆောက်မှာဖြစ်တယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။

“တကယ်လို့ ကျွန်တော် Max (သူ့သမီး) နဲ့ရှိမနေတဲ့အချိန်တွေမှာ သူ့အခန်းထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိနိုင်အောင် ပြုလုပ်မှာဖြစ်ပါတယ်၊ ကလေးအနှီးလဲတာတွေ၊ ဧည့်သည်တွေကို လက်ဖက်ရည်ဖျော်ပေးတာတွေ၊ စတဲ့အသေးအဖွဲကိစ္စတွေကအစ လုပ်ဆောင်နိုင်ဖို့အတွက် ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တဲ့ လက်ထောက်စက်ရုပ်တစ်ရုပ်ဖြစ်လာမှာပါ ” လို့ Zuckerberg က ဆိုပါတယ်။

 

Ref: BBC

You may be interested

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်
Android, ASUS, HUBS
0 shares0 views

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်

Ko Thuya - Aug 22, 2018

Asus ROG Phone မှာ စွမ်းရည်မြင့် Snapdragon 845 Chipset နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ အခုတော့ RAM ပမာဏ လျှော့ထည့်ထားတဲ့ တန်ဖိုးနည်း မော်ဒယ်များကို ထုတ်လုပ်ရောင်းချမယ့် သတင်းထွက်လာပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှ…

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
464 shares63 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1274 shares179 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

Leave a Comment

Most from this category