0 Shares 67 Views

လာမယ့် ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက် (MWC 2016) မှာ ဘယ်မိုဘိုင်းလ်ပစ္စည်းတွေမိတ်ဆက်ဖို့ရှိလဲ

ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက် ဟာကမ္ဘာပေါ်မှာအကြီးမားဆုံး မိုဘိုင်းလ်ပစ္စည်းတွေပြသတဲ့ ပြပွဲဖြစ်ပါတယ်။ လာမယ့် အပတ် ၂၂ရက်နေ့ကစတင်ပြီး ၂၅ရက်နေ့အထိ သုံးရက်တိုင် စပိန်နိုင်ငံ ကတ်တလန်ဒေသက ဘာစီလိုနာမြို့မှာ ပြလုပ်မှာဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးမိုဘိုင်းလ်ပစ္စည်းဖြစ်တဲ့အားလျော်စွာ မိုဘိုင်းလ်နဲ့ စမတ်ဖုန်းကုမ္ပဏီတွေဟာ အဲ့ဒီပွဲမှာ သူတို့ရဲ့ပစ္စည်းတွေကို အပြိုင်အဆိုင် ပွဲထုတ်ဖို့ လျာထားကြပြီး ကုမ္ပဏီကြီးတွေဖြစ်တဲ့ Samsung, LG, HTC, Huawei, Sony, Microsoft စတဲ့ကုမ္ပဏီတွေဟာ အဲ့ဒီပွဲမှာ သုတို့ရဲ့ မိုဘိုင်းလ်ပစ္စည်းတွေ ကိုမိတ်ဆက်မယ်လို့ ကြွေးကြော်ထားကြပါတယ်။ Apple ကတော့ ဒီပွဲမှာ မပါနိုင်တော့ဘူးလို့ ကြေငြာခဲ့ပြီး ဘေးထွက်ခဲ့ပေမယ့် တခြားကုမ္ပဏီကြီးတွေရဲ့ ဈေးကွက်ရှာဖွေမှုကို ဒီပွဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ သူတို့ဘယ်လို မိုဘိုင်းလ်ပစ္စည်းတွေ မိတ်ဆက်ဖို့ရှိလဲဆိုတာကြည့်ကြည့်ရအောင်..။

Samsung

samsung galaxy s6 edge

နာမည်ကျော်တောင်ကိုးရီးယားနည်းပညာကုမ္ပဏီ Samsung ဟာ ယခုအခါမှာ သူတို့ရဲ့ Galaxy S ဖုန်းအသစ်တစ်မျိုးကို MWC 2016 မှာ မိတ်ဆက်မယ်လို့ သိရပါတယ်။ အဲ့ဒါကတော့ S7 နဲ့ S7 Edge (မျက်နှာပြင်ကွေး) ပဲဖြစ်မယ်လို့ မျှော်လင့်ရတာပါ။ သတင်းပေါက်ကြားချက်တွေအရ Samsung ဟာ သူတို့ရဲ့ ဖုန်းသစ်ကို Apple ရဲ့ သုံးဘက်မြင်ထိသိမျက်နှာပြင်ပုံစံမျိုး ဖိအားသိမျက်နှာပြင် နဲ့ပိုမိုမြန်ဆန်စွာအားသွင်းလို့ရတဲ့ USP Type-C အပေါက်တွေပါလာမယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ နောက်ဆုံးနှစ်ပိုင်းတွေမှာ မအောင်မြင်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တဲ့ microSD ကတ်အပေါက်ဖယ်ထုတ်လိုက်တာကို ပြန်လည်စဉ်းစားသုံးသပ်ဖွယ်ရှိနေပါတယ်။

အဲ့ဒီအပြင် ဒီပွဲဟာ ကုမ္ပဏီတွေရဲ့ VR Headset အမြောက်အများကို ယှဉ်ပြိုင်ပွဲထုတ်မယ့် ပွဲတစ်ပွဲဖြစ်လာဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။ Samsung အနေနဲ့လည်း သူတို့ရဲ့ Gear VR Headset တွေကိုဒီပွဲမှာ ပွဲထုတ်လာဖို့ရှိပြီး VR နဲ့ ပတ်သက်ပြီးတော့ သတင်းထွက်တာကိုတော့ မတွေ့ရသေးပါဘူး။

LG

lg g5 always on

ဒီတောင်ကိုရီးယားအခြေစိုက်နည်းပညာကုမ္ပဏီ ဟာလည်းပဲ လာမယ့် MWC မှာ Samsung ကိုတိုက်ခိုက်မယ့် နေရာတစ်နေရာကနေ သူတို့ရဲ့ နောက်ထပ်ထွက်လာမယ့် ဖုန်းအသစ်နဲ့ စောင့်ကြိုနေတာပါ။ LG G5 ကိုဒီပွဲမှာ မိတ်ဆက်ပြသနိုင်ဖို့အတွက် ရည်ရွယ်ထားပြီး ထိတွေ့ပြုလုပ်နိုင်တဲ့ဖုန်းကာဗာတစ်မျိုးပါဝင်လာမှာဖြစ်ပါတယ်။ ဒီကာဗာ (Case) ဟာ အသုံးပြုသူတွေကို ဖုန်းခေါ်တာ၊ အချိန်/နေ့ရက် နဲ့ Notification တွေကို ဖုန်းစခရင်ဖွင့်စရာမလိုပဲ ကြည့်နိုင်မှာဖြစ်တဲ့ Always On ဆိုတဲ့ မျက်နှာပြင်ဆင်ဆာ နည်းပညာတစ်မျိုးလည်း ပါဝင်လာမှာဖြစ်ပါတယ်။

HTC

htc vr

HTC ကတော့ လာမယ့်ပွဲမှာ ဘယ်ဖုန်းထုတ်မယ်ဆိုပြီး ဘာသံမှမထွက်သေးတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့လက HTC ရဲ့ CEO Char Wang ဟာ လောလောဆယ်မှာ VR တွေကိုထုတ်ဖို့ ပိုမိုအားသန်ပြီး ဖုန်းတွေထက် ပိုအရေးကြီးတယ်လို့ ပြောထားတာပါ။ ဒါကြောင့် HTC အနေနဲ့ ဒီပွဲမှာ သူတို့ရဲ့ Vive VR Headset ကို ထုတ်လုပ်ဖို့ ပိုမိုအာရုံထားနေတာကို တွေ့ရပါတယ်။

Huawei

huawei p8

တရုတ်ရဲ့ Huawei ဟာ Samsung လိုမျိုး ဘယ်ဖုန်းအမျိုးအစားထုတ်လုပ်မယ်လို့ တရားဝင်ပြောကြားထားခြင်းမရှိပေမယ့် Huawei P9 စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ P8 နဲ့ မနှစ်က အောင်ပွဲခံပြီးနောက်ပိုင်းမှာ ကုမ္ပဏီအနေနဲ့ နောက်ထပ်အဆင့်မြှင့်ဖုန်းတစ်မျိုးကို ထုတ်လုပ်လိုနေတာဖြစ်ပါတယ်။

Xiaomi

xiaomi mi 51

နောက်ထပ်တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာလည်း သူတို့ရဲ့ Mi5 ကို MWC မှာထုတ်ပြန်မယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တရားဝင်ကြေငြာခဲ့ပါတယ်။ Mi 5 အတွက် ကောလာဟလတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားခဲ့ပြီး Xiaomi ရဲ့ ဒုတိယဥက္ကဋ္ဌ Hugo Barra က Mi 5 မှာ Qualcomm Snapdragon 820 processor ကိုအသုံးပြုမယ်လို့ သူ့ရဲ့ Twitter ကနေတစ်ဆင့် ပြီးခဲ့တဲ့လကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ Mi 5 ရဲ့ ကင်မရာစမ်းသပ်တဲ့ ဓာတ်ပုံတွေလည်း ထုတ်ပြန်ပေးခဲ့ပြီး 13MP ရှိတဲ့ ကျောဘက်ကင်မရာပါဝင်မှာဖြစ်ပါတယ်။

Sony

mwc-2016_sony-press-conference-invitation-1

Sony ကလည်းသူတို့ရဲ့ စမတ်ဖုန်းလောကကို ပြန်လည်ချဲ့ထွင်ဖို့ ပြုလုပ်နေပြီး လာမယ့် MWC မှာ ဘလူးတုသ်ကီးဘုတ်နဲ့ တွဲလျက် တက်ဘလက်တစ်မျိုးထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ MWC 2016အတွက် Sony ဟာ Xperia တက်ဘလက်တစ်မျိုးကိုထုတ်လုပ်မှာ ဖြစ်ပါတယ်။

Microsoft

လတ်တလောတင် Lumia 650 ကို ဖြန့်ချိသွားခဲတဲ့ Microsoft ကတော့ ဘယ်လိုမျိုး အသစ်အဆန်းတွေ ထုတ်လုပ်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့် ဒီပွဲမှာ အဓိက မိုဘိုင်းလ်ထုတ်ကုန်တွေ ထုတ်လုပ်ဖို့မမျှော်လင့်ထားပါဘူးလို့ CEO ဖြစ်သူ Satya Nadella ကိုယ်တိုင်ပြောကြားသွားခဲ့လို့ Microsoft ရဲ့ခြေလှမ်းတွေကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီတစ်ခေါက် MWC 2016 ပွဲကတော့ ဖုန်းကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှုတွေနဲ့အတူ မိုဘိုင်းလ်ပစ္စည်း အမိုက်စားတွေကိုထပ်မံတွေ့ရဦးမှာပါ။ Nokia, BlackBarry စတဲ့ကုမ္ပဏီတွေရဲ့ သတင်းတွေထွက်မလာသေးပေမယ့် ပွဲမှာဘယ်လိုမျိုးလုပ်ပြဦးမလဲဆိုတာ ကြည့်ကြရမှာပါ။

Ref: TechCrunch

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
211 shares26 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
258 shares78 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
352 shares576 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Leave a Comment

Most from this category