Power Rangers ဂိမ်း Play Store နဲ့ App Store ပေါ်ရောက်ပြီ

 

ဇန်နဝါရီလကုန်ပိုင်းလောက်က ထွက်ပေါ်လာခဲ့တဲ့ မတ်လအတွင်းမှာ Power Rangers mobile ဂိမ်းရှိလာ မယ်ဆိုတဲ့သတင်းဟာ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။

Power Rangers : Legacy Wars လို့ အမည်ပေးထားတဲ့ ဒီဂိမ်းကိုရော Android ပရိတ်သတ်တွေရော iOS User တွေပါ သက်ဆိုင်ရာ Store တွေပေါ်ကနေ အခမဲ့ Download ရယူနိုင်ပြီဖြစ်ပါတယ်။

ရုပ်ထွက်နဲ့ အသံပိုင်းက အတော်လေးကို စွဲဆောင်မှုရှိပြီး ငယ်ငယ် က Power Rangers ဇာတ်လမ်းတွေကြည့်ရှုခဲ့စဉ်က ခံစားချက်မျိုး ပြန်လည်ရှိအောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ အရင် Power Ranger ဇာတ်ကောင်တွေအပြင် အသစ်ထွက်ရှိမယ့် Power Ranger ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလည်း ပါဝင်လာပါတယ်။

Battle Fighting ဂိမ်းအမျိုးအစားဖြစ်ပြီး Real-Time Online ဂိမ်းဖြစ်တဲ့အတွက် ဘော်ဒါတွေနဲ့ ချိတ်ဆက်ကာ ကစားနိုင်မှာပါ။ အကောင်းဆုံး Team ကိုဖွဲ့စည်း ၊ တိုက်ပွဲတိုင်းမှာ အောင်ပွဲခံနိုင်ဖို့ Player တွေရဲ့ skill တွေကို upgrade မြှင့်တင် ၊ ရန်သူတွေကို ဖြိုခွင်း စတဲ့ လုပ်ဆောင်ချက်တွေနဲ့ စိတ်လှုပ်ရှားစွာဆော့ကစားနိုင်မှာဖြစ်ပါတယ်။

အမြည်းအနေနဲ့ ခံစားနိုင်ဖို့အတွက် Launch Trailer video လေးကိုဖော်ပြပေးလိုက်ပါတယ်။

Android အတွက် Play Store Link

Ref: AndroidPolice

%d bloggers like this: