Group Selfie ကို တစ်ခေတ်ဆန်းစေမည့် OPPO ၏ F3 Plus ကို မိတ်ဆက်ခဲ့

လျပ်စစ်နှင့်နည်းပညာပစ္စည်းတွေ ဖြန့်ဖြူးနေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ OPPO သည် ၎င်း၏နောက်ဆုံးပေါ် ထုတ်ကုန်သစ်ဖြစ်တဲ့ Selfie ဘုရင်မျိုးဆက် F3 Plus စမတ်ဖုန်း ကို မတ်လ ၂၃ ရက် ညနေ ၅ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင်း မိတ်ဆက်လိုက်သည်။

OPPO မှ ပထမဦးဆုံးသော Selfie ကင်မရာနှစ်ခုပါဝင်ကာ “group selfie” အတွက်ယခင်ထွက်ရှိဖူးသည့် ဖုန်းများတွင် မပါရှိသေးသော ၁၂၀ ဒီဂရီ wide – angle ကင်မရာပါဝင်တဲ့ F3 Plus စမတ်ဖုန်းကို ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင် နှင့် မြန်မာနိုင်ငံတို့မှာ ဧပြီလ ၁ ရက်နေ့တွင် တစ်ပြိုင်နက်တည်း ရောင်းချသွားမည် ဖြစ်သည်။

OPPO ၏ F3 plus တွင် အကောင်းမွန်ဆုံးသော Selfie ပုံများကို ရိုက်ကူးနိုင်မည့် 16 Megpixel အရည်အသွေး ရှိသော အရှေ့ကင်မရာ ပါဝင်လာမည့်အပြင် Group Selfie ရိုက်ကူးမှုများအတွက် ပိုမိုအဆင်ပြေစေမည့် ၁၂၀ ဒီဂရီ Wide Angel Lens တပ်ဆင်ထားသည့် ကင်မရာကိုပါ ထည့်သွင်းထားသည်။ F3 Plus ၏ အနောက်ကင်မရာသည် Sony နှင့် ပူးပေါင်းထုတ်လုပ်ထားသည့် IMX398 sensor တပ်ဆင်ထားခြင်းကြောင့် လုပ်ငန်းသုံးကင်မရာများကဲ့သို့ အရည်အသွေးမြင့်မားသော ဓါတ်ပုံများကို ရိုက်ကူးနိုင်မည် ဖြစ်သည်။ ယခု OPPO ၏ F3PLus သည် နည်းပညာကို ဦးစားပေးလာသည့် ယနေ့ခတ်ကမ္ဘာကြီးအတွက် အမှန်တကယ်လိုအပ်နေသော စွမ်းဆောင်ရည် ကောင်းမွန်ပြီး တာရှည်ခံစိတ်ချရသည့် လှပဆန်းသစ်သော နည်းပညာမြင့် ဖုန်းတစ်လုံး ဖြစ်သည်။

“အခုမိတ်ဆက်လိုက်တဲ့ F3 ကြောင့်လည်း (group selfie) တွေကို ပိုမိုရိုက်ယူလာနိုင်မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ Selfie ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ထပ်လောင်းမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။” လို့ OPPO အပြည်ပြည်ဆိုင်ရာ မိုဘိုင်းလ်စီးပွားရေးလုပ်ငန်းစုမန်နေဂျင်း ဒါရိုက်တာ နှင့် ဒု-ဥက္ကဌ ဖြစ်သူ Sky Li မှ ပြောကြားခဲ့ပါတယ်။

” OPPO F3 Plus ကို ခေတ်ရေစီးကြောင်းနဲ့အတူ လိုက်ပါနေသူတွေ selfie ပုံရိုက်ရတာကို ဝါသနာပါသူတွေနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို မှတ်တမ်းတင်သူတွေအတွက် အရည်အသွေးကောင်းမွန်တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်အောင်အပြင် လှပတဲ့ selfie ပုံတွေကိုရိုက်နိုင်အောင်ရည်ရွယ်ပြီး အရှေ့ကင်မရာနှစ်လုံးပါဝင်တဲ့ စမတ်ဖုန်းတစ်လုံး အဖြစ်ဖန်တီးခဲ့ခြင်းဖြစ် တယ်” ဟု Sky Li မှ ထပ်လောင်းပြောသည်။

F3 Plus ကို ရွှေရောင်ဖြင့် ရရှိနိုင်မည် ဖြစ်ပြီး ၆ လက်မ မျက်နှာပြင် ရှိ OPPO F3 Plus ရဲ့ ဈေးနှုန်း မှာ ၅၉၉၀၀၀ ဖြင့် စတင် ရောင်းချပေးမှာ ဖြစ်ကြောင်း သိရသည်။

 

Ref : OPPO

%d bloggers like this: