0 Shares 200 Views

Windows 10 မိုဘိုင်းလ် စနစ်ကို ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ တရားဝင်ထုတ်လုပ်ဖွယ်ရှိ

 

1451917845_windows-10-mobile-release-date-official-update-coming-soon-microsoft-promises

 

Microsoft ရဲ့ Windows ဖုန်းတွေဖြစ်တဲ့ Lumia ဟန်းဆက်ပိုင်ရှင်တွေဟာ Windows 8.1 စနစ်နဲ့ သူတို့ ဖုန်းတွေမှာ တိုင်ပတ်နေတာ ကြာခဲ့ပါပြီ။ အဲဒါကြောင့် Microsoft ဟာ Windows ဖုန်းတွေအတွက် Windows 10 ကို ခရစ္စမတ် အားလပ်ရက်မှာ ထုတ်လုပ်ပေး မယ်လို့ ကြေညာထားခဲ့ရာကနေ အခု ထုတ်လုပ်မယ့်ရက်ကို ၂၀၁၆ ခုနှစ် အစောပိုင်းကာလ ဆီရွှေ့ဆိုင်း ထားလိုက်တယ်လို့ သိရပါတယ်။

ဒီ သတင်းနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်စာတွေ မထွက်ရှိခဲ့ပေမယ့် @LumiaHelp ဆိုတဲ့ တွစ်တာ အကောင့်ကနေ ကတိပေး ရေးသား လာတာကတော့ Windows 10 ဟာ မကြာခင်မှာပဲ မိုဘိုင်းလ်ဖုန်း တွေဆီ ရောက်လာမယ်ဆိုတာပါပဲ။ “မကြာခင်” ဆိုတဲ့ အတိအကျ မသိရတဲ့ အချိန်ကာလကို အမည်မဖော်လိုသူ အတွင်းလူတစ်ဦးက ပြောပြခဲ့တာကတော့ ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ မိုဘိုင်းလ်ဖုန်းတွေအတွက် Windows 10 စနစ် ထွက်ရှိလာလိမ့်မယ်ဆိုတာပါပဲ။

NokiaPowerUser ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတာကတော့ Microsoft ဟာ ဇန်န၀ါရီ ၁၂ ရက်နေ့မှာ မိုဘိုင်းလ်နဲ့ ပတ်သက်တဲ့သတင်းတွေ ထုတ်ဖော်ကြေညာဖို့စီစဉ်ထားသလို ဈေးနှုန်းအသင့်အတင့်ရှိပြီး အရည်အသွေးမြင့်တဲ့ Lumia 850 အမည်ရှိ Windows ဖုန်းတစ်လုံး ကို ထုတ်လုပ်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ Windows 10 မိုဘိုင်းလ်စနစ်ကို Microsoft ရဲ့နောက်ဆုံး ထုတ်ကုန်တွေ ဖြစ်တဲ့ Lumia 950 နဲ့ Lumia 950XL တို့မှာတော့ ထည့်သွင်းပေးထားပြီးသား ဖြစ်ပါတယ်။ ကျန်တဲ့ Lumia ဖုန်းတွေမှာတော့ ဆော့ဖ်ဝဲ ပြဿနာ အနည်းငယ်ရှိနေသေး တာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူ တွေကလည်း ခန့်မှန်းပြောဆိုနေကြပါတယ်။

Windows 10 မိုဘိုင်းလ်စနစ်ကို ထည့်သွင်းဖို့အတွက်တော့ အနည်းဆုံး လွတ်လပ်နေတဲ့ သိုလှောင်ပမာဏ 8GB အထိ လိုအပ်ပြီး အနည်းဆုံး မိုဘိုင်းလ်စနစ် Windows 8.10.14219.341 ဗားရှင်းတော့ ရှိဖို့လိုမှာဖြစ်ပါတယ်။ ဒါ့အပြင် Windows 10 ရဲ့ အခြားလုပ်ဆောင်ချက် တွေဖြစ်တဲ့ Continuum နဲ့ USB OTG တို့ကို အသုံးပြုဖို့အတွက်တော့ GPU အစိတ်အပိုင်းဖွဲ့စည်းပုံနဲ့ အဆင့်မြင့် ဟာ့ဒ်ဝဲ တွေလိုအပ်မှာဖြစ်တဲ့အတွက် ဖုန်းတိုင်းမှာတော့ ထို လုပ်ဆောင်ချက် တွေကို အသုံးပြုလို့မရနိုင်ဘူးလို့ Microsoft က Support Document ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

Ref : IBTimes

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category