0 Shares 12 Views

Samsung Galaxy S6 နဲ့ S6 Edge တို့မှာ Android Marshmallow update စတင်ရရှိ

Feb 16, 2016
0 12

ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ တနင်္လာနေ့ကနေ စတင်ကာ Samsung Galaxy S6 နဲ့ Galaxy S6 Edge တို့မှာ နောက်ဆုံးပေါ် Android 6.0 Marshmallow ဆော့ဖ်ဝဲ update ရရှိပြီဖြစ်ကြောင်း Samsung က တရားဝင်ကြေငြာလိုက်ပါတယ်။

ဒါပေမယ့် နိုင်ငံအသီးသီးက ဖုန်းဈေးကွက်အခြေအနေနဲ့ တယ်လီကွန်းကုမ္ပဏီတွေရဲ့လိုအပ်ချက်တွေအပေါ် မူတည်ပြီး Marshmallow update ထုတ်ပေးတဲ့အချိန်တော့ ကွာသွားမှာဖြစ်တာကြောင့်၊ ဖုန်းဈေးကွက်တစ်ခုချင်းစီအလိုက် update ရမယ့်အချိန်စာရင်းကို သီးခြားကြေငြာသွားမှာ ဖြစ်တယ်လို့လည်း Samsung က ပြောကြားခဲ့ပါတယ်။

ဒီအတွက်ကြောင့် လက်ရှိမှာ Marshmallow update မရသေးတဲ့လူတွေအနေနဲ့၊ နည်းနည်းသည်းခံပြီး ဆက်စောင့်ပေးဖို့လိုပါလိမ့်မယ်။

Galaxy S6 နဲ့ S6 Edge တွေအပြင်၊ Galaxy Note 5 နဲ့ S6 Edge+ ဖုန်းတွေအတွက်လည်း Marshmallow update ထုတ်ပေးသွားဖို့ရှိတယ်လို့ ဆိုပြီး၊ အချိန်အတိအကျကိုတော့ မပြောကြားခဲ့ပါဘူး။

Galaxy S6 Edge ဖုန်းအတွက် Android 6.0 Marshmallow update အပြင်၊ S6 Edge ရဲ့ ဘေးစွန်းမျက်နှာပြင်ကို ပေတံသဖွယ် အသုံးပြုနိုင်မှု၊ သံလိုက်အိမ်မြှောင်အဖြစ်အသုံးပြုနိုင်မှု၊ S Planner အဖြစ် ပွဲအချိန်ဇယားတွေကြိုပေးထားနိုင်မှု စတဲ့လုပ်ဆောင်ချက်တွေကိုလည်း ဆော့ဖ်ဝဲ update နဲ့အတူ ထည့်ပေးခဲ့တယ်လို့ သိရပါတယ်။

 

Ref: Tech Radar

 

 

You may be interested

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares0 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
92 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T
Android, HUBS, Mobiles & Tablets
397 shares65 views

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T

Ko Thuya - Nov 24, 2017

OnePlus 5T ရဲ့ အကောင်းဆုံး စွမ်းရည်တစ်ခုမှာ Dash Charge လို့ခေါ်တဲ့ လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ စွမ်းရည် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက် သာလွန်ကောင်းမွန်နေပါတယ်။ ကုမ္ပဏီက ကြော်ညာ ဗီဒီယိုတစ်ခုဖြင့် 5T ရဲ့ လျှင်မြန်စွာ…

Leave a Comment

Most from this category