0 Shares 95 Views

မျက်နှာပြင်အကျယ် ၅လက်မ ရှိသော Microsoft Lumia 650 ကိုဖြန့်ချိ

အမေရိကန်နည်းပညာကုမ္ပဏီ Microsoft ကသူတို့ရဲ့ နောက်ဆုံးထွက် Window 10 စနစ်သုံး စမတ်ဖုန်း Lumia 650 ကို တနင်္လာနေ့(ယနေ့) မှာစတင်ဖြန့်ချိခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ အမေရိကန်ဒေါ်လာ ၂၀၀ ရှိမှာဖြစ်တဲ့ဒီဖုန်းကို အမေရိကန်ပြည်တွင်းမှာ တက်ခ်ဆက်စ်ပြည်နယ်နဲ့ ဥရောပဈေးကွက်ကိုတော့ ကြာသပတေးနေ့မှာ စတင်ဖြန့်ချိသွားမှာဖြစ်တယ်လို့သိရပါတယ်။

တခြား Window 10 ပစ္စည်းတွေလိုပဲ Lumia 650 ဟာ Office App တွေအပါအဝင် တခြား Microsoft App တွေပါဝင်မှာဖြစ်ပါတယ်။ Microsoft က “Lumia 650 ဟာ ပြည့်စုံကောင်းမွန်တဲ့ Microsoft လုပ်ငန်းသုံး App တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဖုန်းကောင်းတစ်လုံးပါ” လို့ဆိုခဲ့ပါတယ်။

Microsoft Lumia 650 မှာပါဝင်မယ့် အချက်အလက်တွေကတော့ ၅လက်မ HD (720×1280 Pixels) Resolution ရှိမယ့် AMOLED ClearBlack မျက်နှာပြင်၊ quad-core Qualcomm Snapdragon 212 ပရိုဆက်ဆာ၊ 1GB ပမာဏရှိတဲ့ Internal RAM၊ 16GB ရှိတဲ့ Internal Storage နဲ့ MicroSD ကတ်ကို 200GB အထိထပ်မံထောက်ပံ့နိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ 2000mAh နဲ့ Nano-SIM ထည့်ရမှာဖြစ်ပါတယ်။ Dual SIM ကတ်ရတဲ့ဖုန်းလည်း ထုတ်မှာဖြစ်ပြီး တစ်ကတ်ထိုးဖုန်းနဲ့ ကွဲပြားမှုမရှိဘူးလို့ဆိုပါတယ်။

ကျောဘက်ကင်မရာ 8-Megapixel နဲ့ LED Flash မီးပါဝင်မှာဖြစ်ပြီး၊ ရှေ့မျက်နှာကင်မရာကတော့ 5-Megapixel အသီးသီးရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Gadgets360

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
208 shares24 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
256 shares70 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
348 shares562 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Leave a Comment

Most from this category