Sony က mid-range စမတ်ဖုန်းအသစ် Xperia L1 ကို မိတ်ဆက်

Sony က Xperia L1 လို့ အမည်ပေးထားတဲ့  တန်ဖိုးနည်းစမတ်ဖုန်းအသစ် တစ်ခုကို ဒီကနေ့မှာ မိတ်ဆက်လိုက်ပါတယ်။

ဒီစမတ်ရဲ့ နာမည် L1 ဆိုတာ (၂၀၁၃) ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Xperia L ရဲ့ နာမည်ကို မှီငြမ်းထားတာဖြစ်ပြီး (၄) နှစ်ကြာပြီဖြစ်တဲ့အတွက် Xeperia L ထက် များစွာ ပိုမိုသာလွန်တယ်ဆိုတာကတော့ ထွေထွေထူးထူး ပြောဖို့ လိုမယ်မထင်ပါဘူး။

Xperia L1 ဟာ Dual SIM အမျိုးအစားဖြစ်ပြီး 4G LTE ထောက်ပံ့ပါတယ်။ Sony ရဲ့ ပုံမှန် ဒီဇိုင်းကိုပဲ အသုံးပြုထားပြီး 720p ထောက်ပံ့တဲ့ (၅.၅)လက်မ display ကိုအသုံးပြုထားပါတယ်။

ကင်မရာပိုင်းမှာတော့ Autofocus နဲ့ LED flash ပါဝင်တဲ့ 13MP အနောက်ကင်မရာနဲ့ 5MP selfie ကင်မရာတို့ကိုသုံးထားပါတယ်။

Mid-range ဖုန်းတစ်လုံးဖြစ်တာနဲ့အညီ စွမ်းဆောင်ရည်ပိုင်းအတွက် MediaTek 64-bit quad-core (1.45GHz) CPU ကိုသုံးထားပြီး 2GB RAM, 16GB internal storage နဲ့ 2620mAh battery တို့ကို အသုံးပြုထားပါတယ်။

Android Nougat ကိုအသုံးပြုထားတာကတော့ စိတ်ဝင်စားစရာ အချက်တစ်ခုဖြစ်ပြီး ဧပြီလကုန်ပိုင်းလောက်မှာ ဥရောပ အပါအဝင်၊ မြောက်အမေရိက၊ Latin Ameraica၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှ ဈေးကွက်တွေမှာ ဖြန့်ချိရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဈေးနှုန်းနဲ့ပတ်သတ်ပြီး သတင်းမထုတ်ပြန်သေးပေမယ့် သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းဖြစ်စေရမယ်လို့ Sony က အာမခံထားပါတယ်။

%d bloggers like this: