OPPO က Dual Camera နည်းပညာသုံး F3 Plus ကို မိတ်ဆက်ထုတ်လုပ်ပေးသွားမည်

OPPO က ၂၀၁၇ အတွက် F Series စမတ်ဖုန်းထုတ်ကုန်သစ်များကို မိတ်ဆက်ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး အဆိုပါ Series ထဲမှ အဆင့်မြင့်စမတ်ဖုန်းဖြစ်သော Dual Selfie Camera နည်းပညာအသုံးပြုထားမည့် F3 Plus ကို အစောဆုံးအဖြစ် စတင်မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ OPPO F3 Plus မှာအဆင့်မြင့် high-end ဖုန်းတစ်လုံးဖြစ်သည်နှင့်အညီ OPPO ၏အဓိက အားသာချက်ဖြစ်သော ကင်မရာနည်း ပညာသစ်များကိုပါထည့် သွင်းပေးထားမည်ဖြစ်ပြီး ဈေးကွက်စစ်တမ်းများအရ သုံးစွဲသူများပိုမိုတောင်းဆိုမှုပြုလာကြသည့် Dual Selfie Camera နည်းပညာကိုပါ ယခု F3 Plus ဖုန်းတွင်ပထမဆုံးအကြိမ်အဖြစ်အသုံးပြုသွားမည်ဖြစ်သည်။ လက်ရှိ တွင် OPPO ကအသစ်မိတ်ဆက်ပေးမည့် F3 Plus ၏ LED Board ပုံရိပ်များကို Myanmar Plaza အဆောက်အဦး မျက်နှာစာတွင် ဖော်ပြပေးထားသည်။

OPPO ၏ကနဦးပြောဆိုချက်များ အရ F3 Plus တွင် အသုံးပြုလာမည့် Dual Selfie Camera နည်းပညာတွင် ပိုမိုထူးခြား ဆန်းသစ်သည့် feature များကိုပါထည့်သွင်းပေးထားမည်ဖြစ်သည်။ OPPO အနေဖြင့် ပြီးခဲ့သည့် ၂၀၁၆ တွင် Selfie ဘုရင်ဟုတင်စား ခေါ်ဝေါ်ခဲ့သော F1 ကိုစတင်မိတ်ဆက်ပေးခြင်းဖြင့် ၎င်းတို့၏ F Series ထုတ်ကုန်သစ်များကိုစ တင်ထုတ်လုပ်ပေးခဲ့ သည်။ ထို့အပြင် ကမ္ဘာ့ပထမဆုံး 16MP Selfie Camera ပါဝင်သော ဒုတိယမြောက် F Series ထုတ်ကုန်ဖြစ်သည့် F1 Plus ကိုထုတ်လုပ်ပေးပြီး ၃လအတွင်း အလုံးရေ၇သန်းအထိရောင်းချခဲ့ရကာ ပျမ်းမျှ ၁ဒဿမ၁စက္ကန့်တွင် ဖုန်းတစ်လုံးရောင်းချခဲ့ရသည့်စံချိန်ကိုပါ ရယူနိုင်ခဲ့သည်။ Selfie ဘုရင် F1 စမတ်ဖုန်း၏ဒုတိယ မျိုးဆက်ဖြစ်သော F1s စမတ်ဖုန်းကိုလည်း Fingerprint နည်းပညာအပါအဝင် Selfie တစ်ခေတ် ကိုပြောင်းလဲ ဆန်းသစ်သွားစေမည့် feature များကိုပါထည့်သွင်းထုတ်လုပ်ပေးခဲ့သည်။

OPPO မှာ ၎င်းတို့၏ ရိုးရှင်းပြီးအာရုံစူးစိုက်သော မဟာဗျူဟာကိုအခြေခံကာ ဈေးကွက်ဖော်ဆောင်မှုများကိုလုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် အဆင့်-၄နေရာသို့တက်လှမ်းရပ်တည်လျက်ရှိသည်။ Selfie သမိုင်းတစ်ခေတ်ကို ၂၀၁၁ မှစတင်ကာစိုက်ထူလာခဲ့ပြီး ကင်မရာပိုင်းဆိုင်ရာတီထွင်ဆန်း သစ်မှုများကို ယနေ့ချိန်အထိဖန်တီးပေးလျက်ရှိသည်။ ပြီးခဲ့သည့် MWC 2017 နည်းပညာပြပွဲတွင်လည်း OPPO အနေဖြင့် စမတ်ဖုန်းကင်မရာနည်းပညာသစ်တစ်ရပ်ဖြစ်သော 5x Dual Camera Zoom ကိုမိတ်ဆက်ပေးခဲ့သည်။

Ref : OPPO

%d bloggers like this: