0 Shares 55 Views

လက်ကဆွဲစရာမလိုဘဲ ပိုင်ရှင်နောက်ကို အလိုအလျောက်လိုက်လာမယ့် ခရီးဆောင်သေတ္တာ

Feb 15, 2016
0 55

နည်းပညာထွန်းကားလာတဲ့ခေတ်ကြီးမှာ ကိုယ့်ရဲ့ခရီးဆောင်သေတ္တာကို ဘယ်သွားသွား အလုပ်ရှုပ်ခံဆွဲသွားစရာ မလိုတော့ပါဘူး။

အစ္စရေးနိုင်ငံအခြေစိုက် NUA Robotics ကုမ္ပဏီဟာ လူကိုယ်တိုင် လက်နဲ့ဆွဲစရာမလိုဘဲ၊ နောက်ကနေ အလိုအလျောက်လိုက်နေနိုင်မယ့် စမတ်ခရီးဆောင်သေတ္တာတစ်မျိုးကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်။

NUA Robotics ခရီးဆောင်သေတ္တာဟာ ပိုင်ရှင်ရဲ့ စမတ်ဖုန်း app နဲ့ bluetooth ကနေ တဆင့်ချိတ်ဆက်ကာ သေတ္တာအတွင်းမှာပါရှိတဲ့ အာရုံခံကင်မရာကနေ ပိုင်ရှင်နောက်ကို တောက်လျှောက်လိုက်နေမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ လေဆိပ်တွင်းလို ညီညာတဲ့မျက်နှာပြင်တွေမှာပဲ ခရီးဆောင်သေတ္တာက လိုက်နေနိုင်မှာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ လှေကားအတက်အဆင်းလိုမျိုးတွေအထိ လိုက်လာနိုင်ဖွယ်ရှိနေပါတယ်။

စမတ်ခရီးဆောင်သေတ္တာမှာ လျှပ်စစ်ပစ္စည်းတွေ အားသွင်းဖို့အတွက်အားသွင်းပေါက်အပြင်၊ သူခိုးခိုးယူခံရမှုကနေ ကာကွယ်ပေးမယ့်သတိပေးစနစ်တို့လည်း ပါဝင်ပါတယ်။

ကုမ္ပဏီအနေနဲ့ ဒီနည်းပညာကို စမတ်ခရီးဆောင်သေတ္တာတစ်ခုထဲမှာပဲ အသုံးချသွားမှာမဟုတ်ဘဲ၊ bluetooth ချိတ်ဆက်နိုင်မှုနဲ့ အာရုံခံကင်မရာတပ်နိုင်တဲ့ ဘီးပါအရာဝတ္တုတိုင်းကို အလိုအလျောက်စနစ်ပြောင်းလဲပစ်ဖို့ ရှိတယ်လို့ သိရပါတယ်။ ဥပမာအားဖြင့်၊ ဈေးဝယ်စင်တာမှာ ဈေးဝယ်တဲ့အခါ၊ စာဖတ်သူအနေနဲ့ ဈေးဝယ်ခြင်းကို တွန်းစရာလိုတော့မှာမဟုတ်ဘဲ၊ ဈေးဝယ်ခြင်းက အလိုအလျောက်လိုက်ပါလာမှာဖြစ်ပါတယ်။

“ အရာဝတ္တုပစ္စည်းတိုင်းဟာ စက်ရုပ်ဖြစ်နိုင်ပြီး၊ ကုမ္ပဏီအနေနဲ့ လူသားတွေရဲ့ နေ့စဉ်ဘ၀ထဲ စက်ရုပ်တွေကို ယူဆောင်လာပေးချင်ပါတယ်” လို့ NUA Robotics တည်ထောင်သူနဲ့ CEO ဖြစ်သူ Alex Libman က ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ NUA ခရီးဆောင်သေတ္တာကို ဈေးကွက်မသွင်းရသေးဘဲ၊ မကြာမီတစ်နှစ်၊နှစ်နှစ်အတွင်း လူအများဝယ်ယူရရှိနိုင်ဖို့ ခန့်မှန်းထားကြောင်း Libman က ပြောကြားခဲ့ပါတယ်။

 

 

You may be interested

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
125 shares433 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။
FEATURES, Pc & Laptops, Softwares & Application
124 shares37 views

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။

Ko Thuya - Feb 19, 2018

Smartphones,Tablets,Macs,Linux မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့ မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ ပဲဖြစ်ဖြစ် ၊၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်…

Leave a Comment

Most from this category