0 Shares 129 Views

ငလျင်လှုပ်ခတ်မှုကို သိရှိကာ သတိပေးနိုင်မယ့် Android App

Feb 15, 2016
0 129

တစ်ကမ္ဘာလုံးမှာ အရေအတွက် တစ်ဘီလီယံခန့်ရှိတဲ့ Android စမတ်ဖုန်းတွေကို တစ်ကမ္ဘာလုံးဆိုင်ရာငလျင်တိုင်းတာမှုကွန်ရက်အဖြစ်ပြောင်းလဲပေးနိုင်မယ့် app တစ်ခုကို သိပ္ပံပညာရှင်တွေ အောင်မြင်စွာရေးဆွဲနိုင်ခဲ့ပါတယ်။

ဒီစမတ်ဖုန်း app ဟာ မိမိနေထိုင်ရာအနီးနားတ၀ိုက်မှာ ငလျင်လှုပ်ခတ်မှုကို တိုင်းတာသိရှိနိုင်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့အတွက် သတိပေးနိုင်မှာဖြစ်ပါတယ်။

MyShake လို့အမည်ရတဲ့ ဒီ app ဟာ စမတ်ဖုန်းတွေမှာ တပါတည်းပါရှိတဲ့ accelerometer ခေါ် လှုပ်ရှားမှုတိုင်းအာရုံခံကိရိယာရဲ့ အကူအညီနဲ့၊ ငလျင်လှုပ်ခတ်မှုကြောင့် မြေပြင်တုန်ခါမှုကို သိရှိနိုင်တာ ဖြစ်ပါတယ်။

MyShake app ဟာ accelerometer ကနေ ဖမ်းမိတဲ့ သတင်းအချက်အလက်တွေကို ရယူကာ၊ ခွဲခြမ်းစိတ်ဖြာပြီး၊ အကယ်၍ sensor က ဖမ်းမိတဲ့လှုပ်ခတ်မှုဟာ ငလျင်လှုပ်ခတ်မှုအချက်အလက်တွေ နဲ့ ညီပါက၊ ဖုန်းအသုံးပြုသူကို ငလျင်အန္တရာယ်သတိပေးသွားမှာဖြစ်ပါတယ်။ ဒီ့အပြင် ဖုန်းရဲ့ GPS ကို အသုံးပြုပြီး ဖမ်းမိတဲ့ငလျင်လှုပ်ခတ်မှုတိုင်းကို ကယ်လီဖိုးနီးယားတက္ကသိုလ်က Berkeley ငလျင်သုတေသနဌာနဆီ ပြန်လည်ပေးပို့သွားမှာဖြစ်တဲ့အတွက်ကြောင့် တစ်ကမ္ဘာလုံးကလူတွေအနေနဲ့ ဘယ်နေရာမှာ ငလျင်လှုပ်နေလဲဆိုတာကိုပါ သိရှိနိုင်မှာဖြစ်ပါတယ်။

ဒီ app ကို Google Play ကနေ အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပြီး၊ ဖုန်းရဲ့ background မှာ ပါဝါသိပ်မစားဘဲ လည်ပတ်နေတာကြောင့်၊ နေ့ကောညပါ ငလျင်လှုပ်ခတ်မှုတွေကို အလိုအလျောက် ဖမ်းယူတိုင်းတာပေးနေမှာဖြစ်ပါတယ်။

အကယ်၍ ဒီ app ကိုသာ တစ်ကမ္ဘာလုံးက လူအများအပြား သုံးစွဲလာကြပါက၊ ငလျင်လေ့လာရေးပညာရှင် တွေအနေနဲ့ ဒီ app ကနေ ရရှိတဲ့ ငလျင်လှုပ်ခတ်မှုဆိုင်ရာသတင်းအချက်အလက်တွေကို လေ့လာကာ၊ မိုင်ပေါင်းများစွာအကွာကလူတွေကို ငလျင်ဆိုင်ရာသတိပေးချက်တွေ ထုတ်ပေးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

စမတ်ဖုန်းအများစုမှာ လှုပ်ရှားမှုတိုင်း accelerometer သုံးခု တပါတည်းပါရှိပြီး၊ ငလျင်ပြင်းအား ၅ အဆင့် ကျော်တဲ့ အန္တရာယ်ရှိငလျင်တွေရဲ့ လှုပ်ခတ်မှုကို တိုင်းတာနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ဒီ့အပြင် သာမန်ဖြစ်နေကြ တစ်ခုခုနဲ့တိုက်မိလို့ လှုပ်ရှားမှုဖြစ်တာမျိုး၊ လမ်းလျှောက်လို့ လှုပ်ရှားမှုဖြစ်တာမျိုးတွေနဲ့ ငလျင်လှုပ်ခတ်မှုကို ခွဲခြားသိရှိနိုင်အောင်အတွက် အလိုဂရစ်သမ်တစ်ခုကိုလည်း ဒီ app ထဲမှာ ရေးဆွဲထည့်သွင်းပေးထားပါတယ်။

သုတေနသနပညာရှင်တွေဟာ စမ်းသပ်မှုပြုလုပ်ခဲ့ရာမှာ MyShake app ဟာ ၉၃ ရာခိုင်နှုန်းအတိ ငလျင်လှုပ်ခတ်မှုကို မှန်ကန်စွာခွဲခြားသိရှိနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

Ref: Gadgets 360

 

 

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Leave a Comment

Most from this category