MPT မှ ဈေးနှုန်းချိုသာသော 4G စမတ်ဖုန်း သစ်ကို စတင်မိတ်ဆက်

MPT မှ 4G စနစ်ပါ စမတ်ဖုန်း မော်ဒယ် အသစ်တစ်ခုကို ချိုသာသောဈေးနှုန်းနဲ့ စတင်မိတ်ဆက်ပေးလိုက် ကြောင်း သိရပါတယ်။

ဒီစမတ်ဖုန်းမော်ဒယ် နာမည်မှာ M50A ဖြစ်ပြီး MPT အမှတ်တံဆိပ် စမတ်ဖုန်းစီးရီးတွေထဲက နောက်ဆုံး ထွက်စမတ်ဖုန်းတစ်ခု လည်းဖြစ်ပါတယ်။

ဒီစမတ်ဖုန်းကို ပရိုမိုးရှင်း ကာလအတွင်းမှာ (၈၉,၀၀၀)ကျပ် ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ဝယ်ယူတဲ့ နေ့မှ (၆)လ တိုင်တိုင် အသုံးပြုနိုင်မယ့် လစဉ်သုံး ဒေတာ အပိုဆု 2.5GB ပါဝင်တဲ့ MPT SIM card ကို လက်ဆောင် ရရှိမှာဖြစ်ပါတယ်။ အဆိုပါ ဒေတာအပိုဆုကို လစဉ် (၃၀၀၀) ကျပ်ငွေဖြည့်သွင်းရုံနဲ့ ရရှိမှာဖြစ်ပြီး ဒီစမတ်ဖုန်းကို MPT အမှတ်တံဆိပ် အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။

M50A ရဲ့ Specs တွေကတော့

  • Quad Core 1.2 GHz
  • RAM 1 GB
  • Internal Storage 8GB MicroSD up to 32 GB
  • Android 6.0
  • Dual SIM
  • 5” HD , IPS , 2.5D display
  • 8 MP back camera with Autofocus
  • 5MP selfie camera
  • White, Black and Gold colour

%d bloggers like this: