တယ်လီနောသုံးစွဲသူများ အမြန်ဆုံး ဆင်းကတ် မှတ်ပုံတင် ထားကြပါရန် ထပ်မံ တိုက်တွန်း

ဆင်းကတ်မှတ်ပုံတင်ရန် သီတင်းပတ် ၂ ပတ်သာ ကျန်ရှိတော့သည့်အတွက် မိမိ တို့၏ ဆင်းကတ်များကို မှတ်ပုံတင်ထားရှိကြပါရန် သုံးစွဲသူများကို တယ်လီနောက ထပ်မံတိုက်တွန်းလိုက်ကြောင်းသိရသည်။

လက်ရှိ တွင် တယ်လီနော သုံးစွဲသူ စုစုပေါင်း၏ ၈၀% ကျော်မှာ ဆင်းကတ်မှတ်ပုံတင်ပြီးစီးပြီး ဖြစ်သော်လည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများအားလုံးကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက် နေ့ မတိုင်မီ သုံးစွဲသူများ၏ ဆင်းကတ်များအားလုံး မှတ်ပုံတင်ထားရန် ညွှန်ကြားထားသည့်အတွက် ကျန်ရှိနေသော (၂၀) ရာခိုင်နှုန်းကိုပါ အချိန်မီမှတ်ပုံတင်နိုင်ရန် တိုက်တွန်းပြောကြားလိုက် ခြင်းဖြစ်သည်။

“အခုကျန်ရှိတဲ့ သီတင်း ၂ ပတ်အတွင်းမှာ မှတ်ပုံမတင်ရသေးတဲ့ သုံးစွဲသူတွေ အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန် ဆင်းကတ် မှတ်ပုံတင်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွခ်နဲ့ဗိုက်ဘာကို လာအများစုက အသုံး ပြုကြတာမို့ ဖေ့စ်ဘွခ်ချက်ဘောက်စ်နဲ့ ဗိုက်ဘာဖုန်းနံပါတ် ၃၅ ခုကနေလည်း အခုလဆန်းကစပြီး ဆင်းကတ်မှတ်ပုံတင်လို့ ရအောင် ဆောင်ရွက်ထားပေးပါတယ်။ အွန်လိုင်းကို အသုံးပြုဖို့ မနီးစပ်သူတွေအနေနဲ့လည်း နိုင်ငံတစ်ဝှမ်းက နီးစပ်ရာ နေရာတွေမှာ ဆင်းကတ်မှတ်ပုံတင်နိုင်ပါတယ်။ မှတ်ပုံမတင်ရသေးတဲ့ သုံးစွဲသူတွေအနေနဲ့ အမြန်ဆုံး ဆင်းကတ်မှတ်ပုံ တင် ထားကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်” ဟု တယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားခဲ့သည်။

တယ်လီနောသည် လက်ရှိတွင် သုံးစွဲသူများအတွက် ဆင်းကတ်မှတ်ပုံတင်ရန် အွန်လိုင်းနှင့် ကိုယ်တိုင်သွားရောက် မှတ်ပုံတင် ရသည့် နည်းလမ်း ၉ သွယ်ကို ဆောင်ရွက်ပေးထားပြီး ဖြစ်ပြီး အွန်လိုင်းမှပြုလုပ်လိုုပါက ဝက်ဘ်ဆိုက် (http://ecaf.telenor.com.mm)၊ My Telenor app (http://bit.ly/mytelenor24)၊ Facebook (https://www.facebook.com/TelenorMyanmar/)၊ Viber (၀၉၇၉၀၁၁၃၂၅၂ မှ ၃၂၆၁ အထိ၊ ၀၉၇၉၀၂၈၅၄၆၆ မှ ၅၄၉၀ အထိ၊ ၀၉၇၉၀၁၃၄၇၃၈) နှင့် အီးမေးလ် (reg@telenor.com.mm) တို့တွင် ကိုယ်တိုင်လွယ်ကူစွာ ၂၄ နာရီပတ်လုံး မှတ်ပုံတင်ရန် စာရင်းသွင်းနိုင်သည်။

သွားရောက်မှတ်ပုံတင်နိုင်သည့် နိုင်ငံတစ်ဝှမ်းရှိ နေရာများမှာ ကမ္ဘောဇ ဘဏ်ခွဲပေါင်း ၈၆ ဘဏ်၊ ဆင်းကတ် လက်လီ အရောင်း ဆိုင်ပေါင်း ၄၂,၀၀၀ ကျော်၊ တယ်လီနောshowroom ၉၀ ခန့်၊ တယ်လီနော အလင်းအိမ်စင်တာများ၏ ဆင်းကတ် မှတ်ပုံတင် သင်တန်း များနှင့် ‘ဆင်းကတ် မှတ်ပုံတင်နေ့များ’ တို့ဖြစ်ကြောင်းသိရသည်။

%d bloggers like this: