0 Shares 236 Views

MWC ပွဲမတိုင်မီ X Cam နဲ့ X Screen ဖုန်းအသစ်နှစ်မျိုးကို LG စတင်မိတ်ဆက်

Feb 15, 2016
0 236

မကြာမီ ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ ဘာစီလိုနာမြို့မှာ ကျင်းပတော့မယ့်၊ ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) ပွဲမတိုင်မီမှာပဲ LG ဟာ ကုမ္ပဏီရဲ့ ဖုန်းအသစ်နှစ်မျိုးဖြစ်တဲ့ X Cam နဲ့ X Screen တို့ကို စတင်မိတ်ဆက်လိုက်ပါတယ်။

တောင်ကိုရီးယားအခြေစိုက်အီလက်ထရောနစ်ပစ္စည်းကုမ္ပဏီဖြစ်တဲ့ LG ဟာ ဒီဖုန်းအသစ်နှစ်မျိုးနဲ့ LG G5 ဖုန်း တို့ကို MWC ပွဲရောက်မှ တရားဝင်ပြသသွားမှာဖြစ်ပေမယ့်၊ LG ပရိတ်သတ်တွေအတွက် အခုလို စောစီးစွာ ထုတ်ပြန်ကြေငြာပေးခဲ့တာဖြစ်ပါတယ်။

LG ရဲ့ X Cam ဖုန်းဟာ ကင်မရာအသားပေးဖုန်းတစ်လုံးဖြစ်ပြီး၊ ကျောကင်မရာ နှစ်လုံးပူးတွဲပါရှိမှာဖြစ်ပါတယ်။ LG ရဲ့ အဆိုအရတော့ X Cam ဖုန်းဟာ ဈေးအလယ်အလတ်ဖုန်းတစ်လုံးကနေ အကောင်းဆုံးနဲ့ အထူးခြားဆုံးကင်မရာ အရည်အသွေးကို ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။

X Screen ဖုန်းမှာတော့ လက်ရှိခေတ်စားနေတဲ့ “အမြဲပွင့်နေတဲ့မျက်နှာပြင်” ပါရှိဖွယ်ရှိပြီး၊ ဖုန်းရဲ့ ၄.၉ လက်မအရွယ် ဖန်သားပြင်ပေါ်မှာမှ၊ နောက်ထပ် ၁.၇၆ လက်မအရွယ် ဖန်သားပြင်မျက်နှာပြင်နဲ့ မျက်နှာပြင်နှစ်ခု ပါရှိဖွယ်ရှိပါတယ်။

ဒီဖုန်းသစ်နှစ်မျိုးလုံးကို အာရှ၊ ဥရောပ နဲ့ လက်တင်အမေရိကဈေးကွက်တွေဆီ နောက်လထဲ ဦးတည်ဖြန့်ချိမှာ ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုကိုတော့ ဖြန့်ချိဖို့အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

ယခုဖုန်းနှစ်လုံးရဲ့ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ MWC ပွဲအပြီးမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

Ref: Cnet

 

 

You may be interested

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos
NEWS
0 shares0 views

ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၀ ဘီလီယမ် ကျော်သွားတဲ့ ကမ္ဘာ့အချမ်းသာဆုံး Jeff Bezos

Ko Thuya - Nov 25, 2017

Jeff Bezos ဟာ ဒေါ်လာ ၁၀၀ ဘီလီယမ်ကျော် ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ သူဟာ အမေဇုန် အွန်လိုင်းစတိုးဆိုင်ကို တည်ထောင်သူဖြစ်ပြီး စတော့ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ ၉၃.၆ ဘီလီယမ် တန်ကြေးရှိတဲ့ အမေဇုန်ရဲ့ စတော့ရှယ်ယာပေါင်း…

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်
NEWS, Science, Tech Update
92 shares15 views

Budweiser က အာကာသမှာ ဘီယာ ထုတ်လုပ်မည်

Ko Thuya - Nov 24, 2017

Budweiser ဘီယာကို ထုတ်လုပ်တဲ့ Anheuser-Busch Company က ယခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုလ်တွင် ပထမဆုံး ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒီစကားကို ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ အဲဒီစီမံကိန်းရဲ့ ပထမဆုံး အဆင့်ကို ကြေညာလိုက်ပါတယ်။ Budweiser…

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T
Android, HUBS, Mobiles & Tablets
397 shares65 views

လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ နည်းပညာမှာ ပြိုင်ဖက်များကို နောက်ကောက်ချနိုင်တဲ့ OnePlus 5T

Ko Thuya - Nov 24, 2017

OnePlus 5T ရဲ့ အကောင်းဆုံး စွမ်းရည်တစ်ခုမှာ Dash Charge လို့ခေါ်တဲ့ လျှင်မြန်စွာ ဖုန်းအားသွင်းတဲ့ စွမ်းရည် ဖြစ်ပါတယ်။ သူဟာ ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက် သာလွန်ကောင်းမွန်နေပါတယ်။ ကုမ္ပဏီက ကြော်ညာ ဗီဒီယိုတစ်ခုဖြင့် 5T ရဲ့ လျှင်မြန်စွာ…

Leave a Comment

Most from this category