0 Shares 16 Views

3DS,PC နဲ့ X Box တို့အတွက် ဂိမ်းသစ်များ

Pokémon Super Mystery Dungeon (3DS)

pokemon super mystery dungeon

ဂျပန်ဂိမ်းကုမ္ပဏီ Nintendo ရဲ့ နောက်ဆုံးထွက် Pokémon Super Mystery Dungeon ဂိမ်းကို အံ့အားသင့်ဖွယ်ကောင်းတဲ့စွန့်စားခန်းတွေ၊ ကောင်းမွန်တဲ့ ရုပ်ထွက်တွေနဲ့ ကစားရမှာဖြစ်ပါတယ်။ ပထမဦးဆုံးသင့်အနေနဲ့ အဓိကဇာတ်ကောင် Pokemon ဟာ အနည်းငယ်ကန့်လန့်ဖြစ်နေပေမယ့် နောက်ပိုင်းတစ်ဖြည်းဖြည်းအသားကျသွားတာကို တွေ့ရမှာပါ။ ဒါပေမယ့် တကယ့်ကို အားပါးတရနဲ့ ဆွဲဆောင်မှုရှိတဲ့ ပျော်ရွှင်ဖွယ်ဇာတ်လမ်းတွေနဲ့ အတူကစားရမှာပါ။ ပြောရရင်တော့ တကယ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေဆော့နိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းကို လူကြီးလူငယ်မရွေးဆော့နိုင်ပြီး 3DS အတွက်ဈေးနှုန်းကိုတော့ ၄၄ ဒေါ်လာ လို့သတ်မှတ်ထားပါတယ်။

XCOM 2 (PC)

xcom 2

XCOM 2 ကတော့ အရင် XCOM လိုပဲ စိန်ခေါ်မှုအပြည့်နဲ့ ရင်ဆိုင်ကစားရမယ့် နည်းဗျူဟာဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ဂိမ်းရဲ့ထိမ်းချုပ်မှုအပိုင်းတွေကို ချုံ့သင့်တာချုံ့၊ ချဲ့သင့်တာချဲ့ပြီး ပိုမိုထိမ်းချုပ်ထားတာကြောင့် ကစားသမားတွေအနေနဲ့ စစ်မြေပြင်မှာ အချိန်ပိုရလာတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် စိမ်ခေါ်မှုတွေ လျော့နည်းသွားတယ်လို့ မထင်လိုက်ပါနဲ့။ အရင်စီးရီးကနေ မယုံကြည်နိုင်စရာ ကောင်းမွန်အောင်ဆက်ထားတဲ့ ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ PC ကွန်ပျူတာနဲ့ ဘယ်နေရာကနေမဆို ဝယ်ယူဆော့ကစားလို့ ရနိုင်ပါတယ်။ ဈေးနှုန်းကတော့ US ဒေါ်လာ ၅၀ ဖြစ်ပါတယ်။

Lovers in a Dangerous Spacetime (PS4/ Xbox One/PC)

lovers in the dangerous spacetime

ဒါကတော့ ရိုးရှင်းတဲ့ အာကာသစွန့်စားခန်းဂိမ်း တစ်မျိုးတော့မဟုတ်ပါဘူး။ အံ့သြဖွယ်ကောင်းတဲ့ စွန့်စားခန်းဂိမ်းတစ်မျိုးဖြစ်ပါတယ်။ လှုပ်ရှားမှုတိုင်းမှာ ပစ်ခတ်မှုတွေ၊ အရွေ့တွေ၊ မြေပုံတွေအသုံးပြုရတာ ဖြစ်ပါတယ်။ ကစားသူအနေနဲ့ သင့်ဇာတ်ကောင်ကို အာကာသယာဉ်တစ်စင်းကို လှည့်ပတ်လှုပ်ရှားရမှာဖြစ်ပါတယ်။ ဇာတ်ကောင်နှစ်ကောင်ပါဝင်မှာဖြစ်ပြီး သင်နဲ့ အဖော်က အဲ့ဒီဂိမ်းဇာတ်ကောင် နှစ်ကောင်နဲ့အတူ ယာဉ်ကိုတိုက်ခိုက်လာတဲ့ ရန်သူတွေကိုပြန်လည်တိုက်ခိုက်ထိန်းချုပ်ရမှာပါ။ တကယ်လို့သင့်အနေနဲ့ တခြားသူနဲ့ မကစားချင်ဘူးဆိုရင် သင်တစ်ယောက်ထဲ ဇာတ်ကောင်နှစ်ကောင်လုံးကိုင်ပြီး ကစားနိုင်ပါတယ်။ ခက်ခဲတဲ့နေရာတွေ၊ ကို့ရို့ကားယားနိုင်တဲ့ ထိန်းချုပ်မှုတွေနဲ့အတူ အဆင့်တွေတက်ရမှာပါ။ Playstation 4, PC နဲ့ Xbox One တွေမှာ ကစားနိုင်ပြီး ဈေးနှုန်းကတော့ ၁၈ ဒေါ်လာ ဖြစ်ပါတယ်။

Ref: Independent

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
208 shares24 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
256 shares70 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
348 shares562 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Leave a Comment

Most from this category