Gmail ကနေ ငွေလွှဲနိုင်ပြီ

Android Devices များမှာ Gmail ကနေ ငွေလွှဲနိုင်တဲ့ စွမ်းဆောင်ချက်ကို Google က ထည့်သွင်းပေးလိုက်ပါတယ်။ အရင်တုန်းကတော့ Gmail ဝက်ဆိုက်ကနေသာ ငွေလွှဲနိုင်တာ ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ထံ ငွေလွှဲဖို့အတွက် Google Wallet ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Compose Window မှာ Send Money Icon ကို နှိပ်ရင် Google Wallet ပေါ်လာမှာ ဖြစ်ပြီး ပေးပို့မယ့် ငွေပမာဏကို သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ငွေပေးပို့မယ့် သူငယ်ချင်းရဲ့ အီးမေးလိပ်စာကိုလည်း ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ငွေလွှဲတဲ့ အခါမှာ Attachment အနေဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။

အခြား Google ရဲ့ ဝန်ဆောင်မှုများလိုပဲ ဒီဝန်ဆောင်မှုကလည်း နိုင်ငံကန့်သတ်ချက်ရှိနေပါတယ်။ လက်ရှိမှာတော့ အမေရိကန်နဲ့ ဗြိတိန်မှာသာ ဒီဝန်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။ အခြားနိုင်ငံများအတွက် ဝန်ဆောင်မှုပေးမယ့် အချိန်ကို Google က ကြေညာခြင်း မရှိသေးပါဘူး။ အမေရိကန်မှာတော့ ဘဏ်အကောင့်များ၊ Debit Card ၊ Credit Card များဖြင့် Google Wallet ကို ချိတ်ဆက်ထားရမှာ ဖြစ်ပါတယ်။

စားသောက်ဆိုင်များမှာ သူငယ်ချင်းများ အတူတကွ စားသောက်ပြီးနောက် ကျသင့်ငွေကို မျှဝေပေးဆောင်ဖို့အတွက်လည်း ဒီဝန်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ ဘဏ်အကောင့်ထဲသို့ ငွေထည့်သွင်းချင်ရင်လည်း အဆင်ပြေပါတယ်။

ref : gsm arena , engadget

%d bloggers like this: