Jacuzzi နဲ့ မီးလင်းဖိုပါဝင်တဲ့ Bugatti ရဲ့ ဒေါ်လာ (၂.၂)သန်းတန် ရွက်လှေ

ပြင်သစ်အခြေစိုက် ဇိမ်ခံ စူပါ ကားတွေ ထုတ်လုပ်အောင်မြင်နေတဲ့ Bugatti ကုမ္ပဏီက စိတ်ကူးဆန်တာထက် ကျော်လွန်တဲ့ အလန်းစား ရွက်လှေကို ပြုလုပ်နေပြီဖြစ်ပါတယ်။

Bugatti ဆိုတာ နာမည်ပျက်တစ်ခုမှ မရှိတဲ့ ကမ္ဘာကျော် ကားကုမ္ပဏီတစ်ခုဖြစ်သလို ၎င်းရဲ့ ဒေါ်လာ(၂)သန်းကျော်တန် Veyron နဲ့ Chiron ပြိုင်ကားတွေဟာလည်း လူကြိုက်များလျက်ရှိပါတယ်။

Niniette လို့ နာမည်ပေးထားတဲ့ ဒီ လှေကို အရွက်အစားမတူတဲ့ lineup (၃) ခုပြုလုပ်မှာဖြစ်ပြီး လှေရဲ့ အလျားဟာ model ပေါ်မူတည်ပြီး ပေ(၅၀) ကနေ ပေ(၅၀) အထိရှိမယ်လို့ သိရပါတယ်။ ဒီ လှေတွေကို ဖန်တီးဖို့ yacht maker ဖြစ်တဲ့ Palmer Johnson နဲ့ လက်တွဲပြီး ဒီဇိုင်းဆင်ထားတာဖြစ်ပါတယ်။

Bugatti ရဲ့ ထုတ်ကုန်ဖြစ်တာနဲ့အညီ နည်းပညာ အမြင့်မားဆုံးနဲ့ ဈေးအကြီးဆုံး ဖြစ်လာမယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ Carbon fiber နဲ့ အရည်အသွေးမြင့် leather တို့ကို အသုံးပြုမယ့်အပြင် အလွန်ရှားပါးပြီး ဈေးကြီးတဲ့ နှစ်ပေါင်း ထောင်ချီဆွေးမြေ့ခြင်းမရှိတဲ့ blue morta oak (bog-wood လို့ လူသိများ) နဲ့ တည်ဆောက်မှာဖြစ်ပါတယ်။ တစ်နာရီ (၅၀) မိုင်နှုန်းအထိလည်းမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

 

အမှန်တကယ်ပိုက်ဆံချမ်းသာတဲ့သူတစ်ယောက်အတွက် ပေးရတဲ့ဈေးနဲ့တန်အောင် ဇိမ်ခံနိုင်ဖို့ Bar , ရေပူ Jacuzzi (Bath Tub) နဲ့ ညဘက်တွေမှာ မီးလှုံနိုင်ဖို့ မီးလင်းဖို ပါ ပါဝင်ပါတယ်။

%d bloggers like this: