0 Shares 43 Views

လမ်းလျှောက်တာနဲ့ဖုန်းကိုအားသွင်းပေးမယ့် ရှုးဖိနပ်

လူတော်တော်များများက ဖုန်းအားကုန်တော့မယ်ဆိုရင်စိတ်ညစ်တတ်ပြီး Power Bank ကိုလည်း နေရာတကာ သယ်သွားဖို့ အဆင်မပြေတဲ့ ဒုက္ခရှိတတ်ပါတယ်။ အခုတော့အဲ့ဒီအတွက် သိပ်စိတ်ညစ်စရာ မလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ သင်လမ်းလျှောက်ရင်းပြေးရင်း ဖုန်းကိုအားသွင်းနိုင်တော့မှာမို့လို့ပါပဲ။

အမေရိကန်ပြည်ထောင်စု၊ Wisconsin-Madison တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ သင်လမ်းလျှောက်နေတဲ့အချိန်မှာ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးမယ့် InStep NanoPower ဆိုတဲ့ ထုတ်လုပ်ရောင်းချဖို့ အသင့်ဖြစ်နေတဲ့ နည်းပညာတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

charged shoe

ဒီနည်းပညာဟာ စကွဲမီတာတစ်မီတာလျှောက်တိုင်း ၁၀ဝပ်ပမာဏ ရှိတဲ့ လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်ပေးမှာဖြစ်ပြီး တစ်ရက်ကို ၁၀ ကီလိုဝပ်အထိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မယ်လို့ တီထွင်သူတွေက ယုံကြည်ထားတာပါ။

စမတ်ဖုန်းတစ်လုံးကိုအားသွင်းဖို့အတွက် လျှပ်စစ်ဓာတ်အား ၂ဝပ်ခန့်သာလိုအပ်ပြီး ဒီရှုးဖိနပ်က ၁၀ဝပ်အထိထုတ်လုပ်ပေးတာဖြစ်ပါတယ်။ InStep NanoPower အနေနဲ့ နောက်ပိုင်းမှာ စီးပွားဖြစ်ထုတ်လုပ်သွားဖို့ရှိပြီး ဈေးနှုန်းကိုတော့ အတိအကျမပြောသေးတာဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ အလွယ်တကူတပ်ဆင် သုံးစွဲလို့ရတာကြောင့် လူကြိုက်များရေပန်းစားဖို့လည်း မျှော်လင့်ထားကြတာဖြစ်ပါတယ်။

Ref: TechReader

You may be interested

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
0 shares0 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။
FEATURES, Pc & Laptops, Softwares & Application
119 shares30 views

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။

Ko Thuya - Feb 19, 2018

Smartphones,Tablets,Macs,Linux မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့ မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ ပဲဖြစ်ဖြစ် ၊၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်…

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ
Mobiles & Tablets, NEWS, Nokia
283 shares329 views

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ

Ko Thuya - Feb 19, 2018

[Zawgyi] လာမယ့် MWC 2018 ပွဲအတွက် HMD က အားလုံးအံ့အားသင့်သွားစေမယ့်အရာတစ်ခု မိတ်ဆက်မယ်လို့ ကြေညာခဲ့ပြီးသားပါ။ ဒီပွဲမှာ ဖုန်းပေါင်းများစွာပြသမှာဖြစ်ပြီး Nokia 4, Nokia 5 2018, Nokia 7 Plus နဲ့ Nokia 6…

Leave a Comment

Most from this category