0 Shares 51 Views

ဘက်ထရီပမာဏ 5000mAh အထိရှိတဲ့ စွမ်းဆောင်ရည်မြင့် Lenovo Vibe P1 Turbo စမတ်ဖုန်း ထွက်ရှိ

Feb 15, 2016
0 51

Lenovo ဟာ Vibe P1 ဖုန်းရဲ့ နောက်ထပ်မော်ဒယ်တစ်မျိုးဖြစ်တဲ့ Vibe P1 Turbo စမတ်ဖုန်းကို အင်ဒိုနီးရှားနိုင်ငံမှာ စတင်ဖြန့်ချိလိုက်ပါတယ်။

Lenovo ကုမ္ပဏီရဲ့ တရားဝင်ဝက်ဆိုဒ်မှာဖော်ပြထားချက်အရ Vibe P1 Turbo စမတ်ဖုန်းဟာ 4G LTE ကွန်ရက်သုံးစွဲနိုင်တဲ့ SIM နှစ်ကတ်ထိုးဖုန်းဖြစ်တယ်လို့ သိရပါတယ်။ ဒီဖုန်းရဲ့ နောက်ထပ်ထူးခြားချက်ကတော့ ဘက်ထရီသက်တမ်းပဲဖြစ်ပါတယ်။ 5000 mAh အထိရှိတဲ့ ဘက်ထရီအကြီးစားပါဝင်လာပြီး၊ ကမ္ဘာပေါ်မှာ ဘက်ထရီပမာဏအများဆုံးဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။

Lenovo Vibe P1 Turbo စမတ်ဖုန်းဟာ Vibe P1 နဲ့ အသေးစိတ်အချက်အလက်တွေ တော်တော်များများ တူပါတယ်။ နောက်ကင်မရာက 13 megapixel autofocus ကင်မရာဖြစ်ပြီး၊ ရှေ့ကင်မရာက 5 megapixel ရှိပါတယ်။

1.5 GHz octa-core Snapdragon ပရိုဆက်ဆာ နဲ့ RAM ကလည်း 3GB ၊ ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှု ကလည်း 32 GB အထိ ရှိတာကြောင့် ဂိမ်းအမြင့်စားတွေကိုမှ ဆော့ချင်သူတွေ၊ စွမ်းဆောင်ရည်အမြင့်စား ဖုန်းကိုမှ ကိုင်ချင်သူတွေအတွက် အဆင်ပြေမယ့်ဖုန်းဖြစ်ပါတယ်။

မျက်နှာပြင်က ၅.၅ လက်မရှိပြီး full-HD (1080×1920 pixesl) မျက်နှာပြင်ဖြစ်တာကြောင့် ဗီဒီယိုကြည့်၊ ဂိမ်းဆော့ရာမှာ ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်ကို ကောင်းကောင်းခံစားနိုင်မှာပါ။

ခေတ်မီနည်းပညာတွေဖြစ်တဲ့ NFC ချိတ်ဆက်နိုင်မှု၊ USB OTG ချိတ်ဆက်နိုင်မှု စတဲ့နည်းပညာတွေ ပါဝင်တဲ့ Vibe P1 Turbo ဖုန်းကို ငွေရောင်၊ ဂရပ်ဖိုက်မီးခိုးရောင်နဲ့ ရွှေရောင်ဆိုပြီး ကာလာသုံးမျိုး ရွေးချယ်ဝယ်ယူနိုင်ကာ၊ ရူပီး ၂၀၀၀၀ ခန့် (မြန်မာငွေ သုံးသိန်းခြောက်သောင်းခန့်) ရှိပါတယ်။ လက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံကနေပဲ မှာယူရရှိနိုင်သေးပြီး၊ တခြားနိုင်ငံတွေမှာ ဘယ်တော့ဝယ်ယူရရှိနိုင် မလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: Gadgets 360

 

 

 

 

 

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Leave a Comment

Most from this category