၂၀၁၇ အတွက် အကောင်းဆုံး တန်ဖိုးနည်း စမတ်ဖုန်းများ

အရင်ကတော့ တန်ဖိုးနည်း စမတ်ဖုန်းများဟာ ကိုယ်ထည်တည်ဆောက်မှု ၊ စွမ်းဆောင်ရည်၊ မျက်နှာပြင်နဲ့ ကင်မရာ အစိတ်အပိုင်းများဟာ အလွန် ညံ့ဖျင်းကြပါတယ်။ အခုတော့ တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်ဟာ ပြောင်းလဲတိုုးတက်လာပါပြီ။ တန်ဖိုးကြီး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများမှ ထူးခြားဆန်းသစ်တဲ့ စွမ်းဆောင်ချက်များကို ဒီနေ့ခေတ် တန်ဖိုးနည်း စမတ်ဖုန်းများမှာတောင် အသုံးပြုနိုင်ကြပါပြီ။ ဒါ့ကြောင့် ၂၀၁၇ ခုနှစ်အတွက် စတာလင်ပေါင် ၂၀၀ အောက် အကောင်းဆုံး တန်ဖိုးနည်း စမတ်ဖုန်းများကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

၁။ Lenovo P2

Weight: 177g | Dimensions: 153 x 76 x 8.3mm | OS: Android 6 | Screen size: 5.5-inch | Resolution: 1080 x 1920 | CPU: Snapdragon 625 | RAM: 4GB | Storage: 32GB | Battery: 5100mAh | Rear camera: 13MP | Front camera: 5MP

Lenovo P2 ဟာ လက်ရှိမှာတော့ အကောင်းဆုံး တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ Specification အချို့နဲ့ ခန့်ညားတဲ့ သတ္တုကိုယ်ထည် တပ်ဆင်ထားပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်း တစ်လုံးလို့တောင် ထင်ရက်စရာ မရှိပါဘူး။ ဘက်ထရီ သက်တမ်းကလည်း ၂ ရက်တောင် အသုံးခံပါတယ်။ ဖုန်းရဲ့ တန်ဖိုးနဲ့ ယှဉ်ကြည့်ရင် တပ်ဆင်ထားတဲ့ Processor ကလည်း စွမ်းရည်မြင့်မားပါတယ်။ ၅.၅ လက်မ Full HD Display ကလည်း ကောင်းမွန်ပါတယ်။

၂။ Moto G4 Plus

Weight: 155g | Dimensions: 153 x 76.6 x 7.9-9.8mm | OS: Android 6.0.1 | Screen size: 5.5-inch | Resolution: 1,920 x 1,080 | CPU: Octa-core 1.5 GHz | RAM: 2/4GB | Storage: 16GB w/ microSD | Battery: 3,000mAh | Rear camera: 16MP | Front camera: 5MP

Moto G4 Plus ဟာ ပေးရတဲ့ ဈေးနဲ့ အလွန်တန်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Motorola က ၂၀၁၆ ခုနှစ်မှာ ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာ ပါရှိလာပါတယ်။ ကင်မရာကလည်း Moto G4 ထက် ပိုမိုကောင်းမွန်လာပါတယ်။ စတာလင်ပေါင် ၂၀၀ အောက် ဖုန်းမှာ ဒီလို 16MP Camera တပ်ဆင်ပေးထားတာက အထင်ကြီးစရာပါ။ ဈေးနည်းနည်းနဲ့ ဓါတ်ပုံကောင်းများ ရိုက်ကူးချင်ရင်တော့ ဒီဖုန်းကို ရွေးချယ်ပါ။ မျက်နှာပြင် အရည်အသွေးကလည်း အလွန်ကောင်းမွန်ပါတယ်။

၃။ Moto G4

Motorola က Moto Series ထဲမှာ ၅.၅ လက်မ Full HD Display တပ်ဆင်ပေးလိုက်တဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေးက ကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ အတွက် ဂိမ်းကစားသူများအတွက် သင့်တော်ပါတယ်။ ဘက်ထရီ သက်တမ်းကလည်း ကောင်းမွန်ပါတယ်။

၄။ Wileyfox Swift 2 Plus

စတာလင်ပေါင် ၁၈၉ တန်ကြေးဖြင့် စွမ်းဆောင်ရည်ကောင်းတဲ့ စမတ်ဖုန်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အလူမီနီယမ် သတ္တုကိုယ်ထည်ကလည်း စွဲဆောင်မှု ရှိလှပါတယ်။ ကင်မရာကလည်း အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကလည်း အဆင်ပြေပါတယ်။

Weight: 137g | Dimensions: 144 x 72 x 9.9mm | OS: Android 6 | Screen size: 5-inch | Resolution: 720 x 1280 | CPU: Snapdragon 410 | RAM: 2GB | Storage: 8GB/16GB | Battery: 2800mAh | Rear camera: 8MP | Front camera: 5MP

ဒီစာရင်းမှာပါတဲ့ Moto G4 စမတ်ဖုန်း ၃ လုံးထဲမှာ ဈေးအသက်သာဆုံး ဖုန်း ဖြစ်ပါတယ်။ HD Display သာ တပ်ဆင်ထားပေမယ့် 2GB RAM, 16GB Storage, 8MP Rear Camera နဲ့ 5MP Front Camera တို့က သင့်တင့်ကောင်းမွန်ပါတယ်။ အကောင်းဆုံးက Android 6 Marshmallow ထည့်သွင်းထားပြီး မကြာခင်မှာ Android 7 ကို အဆင့်မြှင့်နိုင်မယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

၆။ LG X Screen

Weight: 120g | Dimensions: 142.6 x 71.8 x 7.1mm | OS: Android 6.0 | Screen size: 5-inch | Resolution: 720 x 1280 | CPU: Quad-core 1.2 GHz Cortex-A53 | RAM: 2GB | Storage: 16GB | Battery: 2300mAh | Rear camera: 13MP | Front camera: 8MP

LG ရဲ့ နောက်ဆုံးထုတ် တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး သူ့ရဲ့ အဓိက စွမ်းရည်မှာ Display ၁ ခု အပိုပါရှိတာ ဖြစ်ပါတယ်။ ဒုတိယ Display ဟာ Always-On Display ဖြစ်ပါတယ်။ စတာလင်ပေါင် ၂၀၀ အောက် ဖုန်းတွေထဲမှာ မျက်နှာပြင် ၂ ခုပါတဲ့ ဖုန်းမျိုး မရှိကြပါဘူး။ X Screen မှာ 2GB RAM, Snapdragon 410 Processor , 13MP Rear Camera တပ်ဆင်ထားပါတယ်။

၇။ Honor 5C

တန်ဖိုးနည်းပြီး စွမ်းဆောင်ရည်မြင့်တဲ့ ဖုန်းကို လိုချင်ရင်တော့ Honor 5C ကို ရွေးချယ်ပါ။ သူ့မှာ ၅.၂ လက်မ Full HD Display , Android 6 Marshmallow နဲ့ စွမ်းရည်ကောင်းတဲ့ Kirin 650 Processor ထည့်သွင်းထားပါတယ်။ စွမ်းရည်မြင့် 13MP Rear Camera နဲ့ 8MP Selfie Camera တပ်ဆင်ထားပြီး ဓါတ်ပုံအရည်အသွေးက ကောင်းမွန်ပါတယ်။

Dimensions: 143.8 x 71.6 x 8.5mm | OS: Android 6 | Screen size: 5-inch | Resolution: 720 x 1280 | CPU: 1GHz quad-core | RAM: 1GB | Storage: 8GB | Battery: 2,800mAh | Rear camera: 8MP | Front camera: 5MP

Moto E3 ဟာ Motorola ရဲ့ အကောင်းဆုံး တန်ဖိုးနည်း စမတ်ဖုန်း တစ်လုံး မဟုတ်ပေမယ့် ဈေးနှုန်း အလွန်သက်သာတာကို လိုချင်ရင် သူ့ကို ရွေးချယ်ရမှာပါ။ ဘက်ထရီ သက်တမ်းနဲ့ တည်ဆောက်မှုပုံစံက ကောင်းမွန်ပါတယ်။

၉။ Sony Xperia E5

Weight: 147g | Dimensions: 144 x 69 x 8.2mm | OS: Android 6 | Screen size: 5-inch | Resolution: 720 x 1280 | CPU: Mediatek MT6735 | RAM: 1.5GB | Storage: 16GB | Battery: 2300mAh | Rear camera: 13MP | Front camera: 5MP

Sony Xperia E5 ရဲ့ မျက်နှာပြင်ဟာ ကောင်းမွန်တဲ့အတွက် ဗီဒီယိုကြည့်ရင် အလွန် ကောင်းမွန်ပါတယ်။ စတာလင်ပေါင် ၁၅၀ တန်ဖုန်းရဲ့ ကင်မရာများကလည်း ကောင်းမွန်လှပါတယ်။ Android Marshmallow , 16GB Storage, microSD Card Slot , 2300mAh Battery များ ပါပါတယ်။

ref : tech radar

%d bloggers like this: