Google Chrome ( Android ) အတွက် Tips & Tricks များ

စမတ်ဖုန်းနဲ့ ကွန်ပြူတာများမှာ ကမ္ဘာတွင် လူသုံးအများဆုံး ဝက်ဘရောက်စာကတော့ Google Chrome ဖြစ်ပါတယ်။ Chrome ဟာ Android OS နဲ့ နက်ရှိုင်းစွာ ချည်နှောင်ထားတဲ့အတွက် Android မှာတော့ အမြန်ဆုံး ဘရောက်စာ ဖြစ်နေတာပါ။ အဲဒီအတွက် Chrome ရဲ့ အကောင်းဆုံး Tips & Tricks များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Page Loading ကို မြန်ဆန်စေမယ့် Brotli ကို သုံးပါ။

Brotli ကို သုံးခြင်းဟာ Page Loading ကို မြန်ဆန်စေပါတယ်။ Chrome မှာ Tab အသစ်တစ်ခုဖွင့်ပြီး chrome: // flags / # enable-brotli လို့ လိပ်စာဘားမှာ ရိုက်ထည့်ပါ။ နောက်ပေါ်လာတဲ့ စာမျက်နှာမှာ အဝါရောင်ဖြင့် Highlight လုပ်ထားတဲ့ Brotli Coding ကို တွေ့ရမှာပါ။ Default Menu ကို နှိပ်ပြီး Activate ကို နှိပ်ပါ။ Chrome ကို Restart လုပ်ပေးပါ။

၂။ Multitasking Screen မှာ Tabs များကို ပြသခြင်းကို ပိတ်ပါ။

Android 5.0 Lollipop ကနေစပြီး Multitasking Screen မှာ Chrome မှာ ဖွင့်ထားတဲ့ Tabs များကို သီးခြားစီ ပြသပေးတဲ့အတွက် Apps များကြားမှာ Chrome Tabs များဟာ ရှုပ်ထွေးနေကြပါတယ်။ Multitasking Screen မှာ Chrome Tabs များကို မပြသစေချင်ရင် Chrome Settings> Merge tabs and apps ထဲသွားပြီး Disable လုပ်ပါ။

၃။ Tabs များအကြားမှာ လျှင်မြန်စွာ ကူးပြောင်းပါ။

Chrome ရဲ့ Tabs များအကြားမှာ ကူးပြောင်းဖို့အတွက် ညာဘက်အပေါ်ထိပ်မှ Tabs အရေအတွက်ကို ပြသထားတဲ့ ခလုတ်ကို နှိပ်၍ ကြည့်ချင်တဲ့ Tab ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အဲဒီထက်ပိုမို လျှင်မြန်စွာ ကူးပြောင်းချင်ရင် Address Bar ကို ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲနိုင်ပါတယ်။

၄။ Bookmarks , History , Tabs များကို Sync လုပ်ပါ။

ဒီစွမ်းဆောင်ချက်ကတော့ အသုံးဝင်ပြီး အသစ် မဟုတ်ပေမယ့် လူသုံးနည်းကြပါတယ်။ သင့်ရဲ့ Device များအကြားမှာ Bookmarks , History , Tabs များကို Sync ပြုလုပ်ချင် Chrome Settings ထဲသွားပြီး သင့်ရဲ့ Google အကောင့်ကို ထည့်ပေးပါ။ ပြီးရင် Sync ကို Enable လုပ်ပေးပါ။ သင့်ရဲ့ အခြား Device များမှ Chrome ဘရောက်စာများမှာလည်း အဲဒီ Google အကောင့်ဖြင့် Sign In ဝင်ထားပြီး Sync ကို Enable ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။

၅။ ခြေရာဖျောက်၍ အသုံးပြုပါ။

Chrome မှာ သင်ကြည့်ခဲ့တဲ့ ဝက်ဆိုက် History များကို အခြားလူများ မသိစေချင်ရင် ခြေရာဖျောက်၍ အသုံးပြုနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Chrome ရဲ့ ညာဘက်အပေါ်ထောင့်မှ အစက်သုံးစက်ကို နှိပ်ပြီး “ Navigate without a trace “ or “ New incognito tab “ ကို နှိပ်ပါ။ ဒါဆိုရင် Tab တစ်ခုပေါ်လာမှာ ဖြစ်ပြီး အဲဒီကနေ သင်ကြည့်ရှုတဲ့ ဝက်ဆိုက်များကို History မှာ မှတ်သားထားမှာ မဟုတ်ပါဘူး။

၆။ မိုဘိုင်းဒေတာကို ချွေတာပါ။

Chrome က သင်ကြည့်တဲ့ ဝက်ဆိုက်များရဲ့ ဒေတာကို ချုံ့ပေးခြင်းအားဖြင့် သင့်ရဲ့ မိုဘိုင်းဒေတာကို သက်သာစေပါတယ်။ ဒီလိုလုပ်ဖို့အတွက် Menu > Settings> Data Saver ထဲကို သွားပြီး Enable လုပ်ပေးပါ။

၇။ Reader Mode ကို သုံးပါ။

ဝက်ဆိုက်အားလုံးဟာ စမတ်ဖုန်းမှာ ကြည့်ရှုဖို့ အဆင်ပြေအောင် ဖန်တီးပေးထားခြင်း မရှိပါဘူး။ ဝက်ဆိုက်များကို ကြည့်ရှုရာမှာ ပိုမိုကောင်းမွန်စေဖို့အတွက် Reader Mode ကို သုံးနိုင်ပါတယ်။ Address Bar မှာ chrome: // flags / # reader-mode-heuristics လို့ရိုက်ပါ။ အဝါရောင် Highlight လုပ်ထားတဲ့ Reader Mode Triggering ကို မြင်ရမှာပါ။ Default Menu ကို နှိပ်ပြီး Always ကို ရွေးပေးပါ။ ပြီးရင် Chrome ကို Restart လုပ်ပေးပါ။

ref : android pit

%d bloggers like this: