0 Shares 26 Views

RAM 2 GB နဲ့ 4000mAh ဘက်ထရီပါဝင်တဲ့ Huawei Y6 Pro စမတ်ဖုန်းအသစ် ထွက်ရှိလာ

Feb 14, 2016
0 26

တရုတ်မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei ဟာ Y6 Pro စမတ်ဖုန်းကို ကုမ္ပဏီရဲ့ တရားဝင်ဝက်ဆိုဒ်ကနေ တရားဝင်မိတ်ဆက်လိုက်ပါတယ်။

Y6 Pro စမတ်ဖုန်းဟာ 4000mAh အားအများအပြားသိုလှောင်နိုင်တဲ့ဘက်ထရီပါရှိပြီး ဖုန်းပြောချိန် ၃၉ နာရီထိ ပြောနိုင်တယ်လို့ သိရပါတယ်။ ဘက်ထရီအား ၁၀ ရာခိုင်နှုန်းပဲ ကျန်တော့ရင်တောင် Y6 Pro စမတ်ဖုန်းရဲ့ Smart Power Saving mode ရဲ့ စွမ်းဆောင်ရည်ကြောင့် ၁၀ ရာခိုင်နှုန်းနဲ့ကို နောက်ထပ် ၂၄ နာရီ ပါဝါဖွင့်ထားနိုင်ပါတယ်။

4G စနစ်ရတဲ့ SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး Android 5.1 Lollipop စနစ်ဖြစ်ပြီး၊ ကုမ္ပဏီရဲ့ UI အသစ် Emotion UI 3.1 Lite ကို အသုံးပြုထားတာကြောင့် ဆွဲဆောင်မှုရှိတဲ့မျက်နှာပြင်ပုံရိပ်တွေကို တွေ့မြင်ရမှာပါ။

မျက်နှာပြင်အကျယ် ငါးလက်မရှိပြီး၊ 720×1280 pixels HD မျက်နှာပြင်ဖြစ်ပါတယ်။ 1.3 GHz quad-core MediaTek ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 2 GB ပါရှိတာကြောင့် ဂိမ်းဆော့တာ၊ multi-task လုပ်တာ တွေမှာ အဆင်ပြေချောမွေ့မှုရှိပါတယ်။ 16 GB ဒေတာသိုလှောင်နိုင်မှု တပါတည်းပါရှိလာပြီး၊ microSD ကတ် ထပ်စိုက်လို့ရမလား၊မရဘူးလားဆိုတာကိုတော့ မသိရသေးပါဘူး။

ဓာတ်ပုံရိုက်ကူးဖို့အတွက် 13-megapixel ရှိတဲ့ LED ဖလက်ရှ်မီးပါ ကျောကင်မရာပါရှိပါတယ်။ ရှေ့ကင်မရာကလည်း 5 megapixel ရှိတာကြောင့် selfie ရိုက်ကူးဖို့အတွက် အဆင်ပြေတဲ့ဖုန်းတစ်လုံးလို့လည်း ဆိုရမှာပါ။

Huawei Y6 Pro စမတ်ဖုန်းဟာ 4G ချိတ်ဆက်နိုင်ပြီး၊ အလေးချိန် ၁၆၀ ဂရမ်သာရှိပါတယ်။ ရွှေရောင်၊ အဖြူရောင် နဲ့ အညိုရောင်ဆိုပြီး အရောင်သုံးမျိုးရွေးချယ်ဝယ်ယူရရှိနိုင်ကာ၊ ဈေးနှုန်းကိုတော့ ထုတ်ပြန်ကြေငြာထားခြင်းမရှိသေးပါဘူး။

Ref: Gadgets 360

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
150 shares246 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
282 shares1263 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
427 shares1346 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category