ပုံနှိပ်မီဒီယာကဏ္ဍအား Independent ရပ်စဲတော့မည်

ဗြိတိန်နာမည်ကြီးသတင်း Independent ဟာ သူတို့ရဲ့ Independent သတင်းစာနဲ့ တနင်္ဂနွေနေ့ Independent သတင်းစာတွေကို ပုံနှိပ်ထုတ်ဝေမှုကို လာမဲ့မတ်လမှာ ရပ်စဲတော့မှာဖြစ်ပြီး အွန်လိုင်းမီဒီယာကဏ္ဍ ကိုသာ အဓိကထုတ်ဝေတော့မယ်လို့ ပိုင်ရှင်ဖြစ်သူ Evgeny Lebedev ကဆိုပါတယ်။

Independent ရဲ့ မိခင်မီဒီယာ ESI Media ရဲ့ ထုတ်ပြန်ချက်အရ အယ်ဒီတာအလုပ်တွေအတွက် ကုန်ကျစရိတ်တွေလျှော့ချမှာဖြစ်ပြီး ဒီဂျစ်တယ်သီးသန့်သာ လုပ်ဆောင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ESI အနေနဲ့ သူ့ရဲ့ ညီအစ်မခေါင်းစဉ်တစ်ခုဖြစ်တဲ့ i Newspaper ကိုလည်း စတာလင်ပေါင် ၂၄သန်းနဲ့ Johnston Press ကိုရောင်းချမှာဖြစ်ပါတယ်။

ESI ပိုင်ရှင်လည်းဖြစ်တဲ့ Evgeny Lebedev က “ဒီဆုံးဖြတ်ချက်ဟာ The Independent ရဲ့မူလအခြေအနေကို ထိမ်းသိမ်းပြီး အွန်လိုင်းပလက်ဖောင်းကနေတစ်ဆင့် စာဖတ်သူတွေကို အရည်အသွေးမြင့်မြင့်မားမားနဲ့ ဆွဲဆောင်မှုရှိရှိဖတ်လို့ရအောင် ရင်းနှီးမြုတ်နှံခွင့်ပြုလိုက်တာဖြစ်ပါတယ်” လို့ဆိုပါတယ်။

ပုံနှိပ် Independent သတင်းစာကို လာမယ့် မတ်လ ၂၆ရက်နေ့ စနေနေ့မှာ နောက်ဆုံးအနေနဲ့ ထုတ်ဝေမှာဖြစ်ပြီး တနင်္ဂနွေနေ့ Independent သတင်းစာကိုတော့ မတ်လ ၂၀ရက်နေ့မှာ နောက်ဆုံးအနေနဲ့ ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။

၁၉၈၆ခုနှစ်တုန်းက စတင်ထုတ်ဝေခဲ့တဲ့ ဒီသတင်းစာဟာ တစ်ရက်ကို စောင်ရေ ၄၂၈၀၀၀ နီးပါးရောင်းနေရတာဖြစ်ပါတယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ အွန်လိုင်းမီဒီယာ အားကောင်းလာမှုတွေဟာ ပုံနှိပ်မီဒီယာတွေကို အင်အားချည့်နဲ့ စေတာကို မီးမောင်းထိုးပြသလိုဖြစ်နေခဲ့ပါတယ်။

ပထမဦးဆုံးထုတ်ဝေခဲ့သည့် Independent သတင်းစာ

ပထမဦးဆုံးထုတ်ဝေခဲ့သည့် Independent သတင်းစာ

 

 

 

 

 

 

 

 

Ref: BBC

You may be interested

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia
NEWS
0 shares0 views

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia

Ko Thuya - Feb 19, 2018

Nvidia က ဥာဏ်ရည်တု နည်းပညာ ကုမ္ပဏီ AnyVision နဲ့ ပူးပေါင်းပြီး မျက်နှာအာရုံခံ နည်းပညာပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို တီထွင်နေပါတယ်။ အဲဒီ ကင်မရာများဟာ ကမ္ဘာအ၀န်းမှ စမတ် မြို့တော်များအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေကြတဲ့ CCTV…

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
203 shares92 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
149 shares346 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

Leave a Comment

Most from this category