0 Shares 139 Views

ဂန္တ၀င် RPG ဂိမ်းတစ်ခုဖြစ်တဲ့ Final Fantasy IX ဂိမ်း Android နဲ့ iOS မှာ ထွက်ရှိလာ

Feb 13, 2016
0 139

နာမည်ကျော်ဂျပန်ဂိမ်းကုမ္ပဏီ Square Enix ဟာ လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က ကြေငြာခဲ့တဲ့အတိုင်းပဲ၊ ကုမ္ပဏီရဲ့ အပေါက်ဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Final Fantasy lX ဂိမ်းကို Android နဲ့ iOS ဖုန်း၊တက်ဘလက်တွေဆီ ယူဆောင်လာပါပြီ။

၂၀၀၀ ခုနှစ်မှာ PlayStation စက်အတွက် ထုတ်လုပ်ခဲ့တဲ့ RPG ဂိမ်း Final Fantasy lX ကို မိုဘိုင်းဗားရှင်းအဖြစ် ပြန်လည်ဆန်းသစ်ထားတဲ့ ယခုမိုဘိုင်းဂိမ်းမှာ အရည်အသွေးမြင့် ရုပ်ထွက်တွေ၊ ဇာတ်ကောင်ပုံစံတွေ၊ auto-save နဲ့ achievement အသစ်တွေ ပါဝင်လာတယ်လို့ သိရပါတယ်။

Final Fantasy lX ဂိမ်းကို အခမဲ့ကစားနိုင်မှာမဟုတ်ဘဲ App Store နဲ့ Google Play တို့ကနေ ၁၇ ဒေါ်လာနဲ့ ၀ယ်ယူကစားရမှာဖြစ်ပါတယ်။ ဒီဈေးနှုန်းဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကျော်ရင်၊ ဒီထက် ၂၀ ရာခိုင်နှုန်း ပိုမြင့်တက်ဖွယ်ရှိတာကြောင့် အချိန်မီဝယ်ယူနိုင်ဖို့လိုပါတယ်။ တစ်ခုကောင်းတာကတော့ ဂိမ်းကို ၀ယ်ကစားပြီးနောက်ပိုင်းမှာ ဂိမ်းတွင်း ပစ္စည်းရောင်းချတာတွေမပါဝင်တာကြောင့်၊ ပိုက်ဆံထပ်ကုန်မှာမဟုတ်ပါဘူး။

ဒီဂိမ်းကိုကစားဖို့အတွက် iOS 7.0 နဲ့ Android 4.1 အနည်းဆုံးလိုအပ်ကာ၊ ဂိမ်းဖိုင်ဆိုက်ဟာ အရမ်းကြီးမားလွန်းတာကြောင့် ဒေါင်းလုဒ်ချဖို့ တော်တော်ကြာနိုင်တယ်လို့လည်း Square Enix က အသိပေးထားပါတယ်။ ဒေါင်းလုဒ်ယူဖို့အတွက် ဖုန်းထဲမှာ အနည်းဆုံး 8 GB အထက် လွတ်ဖို့ လိုပါတယ်။ Final Fantasy lX ဂိမ်းဟာ ယခုနှစ်အစောပိုင်းအတွင်းမှာပဲ Steam ဆီကိုလည်း ရောက်ရှိလာဖို့ရှိတယ်လို့ သိရပါတယ်။

Ref: PC Magazine

You may be interested

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ
NEWS, Tech Update
173 shares27 views

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

Amzon က လေဆိပ်များ ၊ ဈေးဝယ်စင်တာများလို အများပြည်သူ နေရာများမှာ လူများရဲ့ နောက်သို့ လိုက်ပါ၍ ဖုန်းအားသွင်းပေးမယ့် စက်ရုပ် Patent ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ စက်ရုပ်များမှာ အားသွင်းပေါက်များနဲ့ အားသွင်းကြိုးများကို တပ်ဆင်ပေးထားပါတယ်။ အချိန်အတော်ကြာ ဈေးဝယ်ထွက်သူများနဲ့ လေဆိပ်မှာ…

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ
NEWS, Softwares & Application, Tech Update
93 shares15 views

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

ကမ္ဘာကျော် ဈေးဝယ်စင်တာ တစ်ခု ဖြစ်တဲ့ Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ အခြား စိတ်မနှစ်မြို့ဖွယ်ရာ မျက်နှာ အမူအယာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စမတ် ကင်မရာ နည်းပညာကို ဖန်တီးနေပါတယ်။ အဲဒီ နည်းပညာကို ငွေရှင်းတဲ့ ကောင်တာများအနီးမှာ တပ်ဆင်ထားတဲ့…

Facebook က Modular Smartphone ကို တီထွင်နေသလား ?
Mobiles & Tablets, NEWS
459 shares247 views

Facebook က Modular Smartphone ကို တီထွင်နေသလား ?

Ko Thuya - Jul 22, 2017

ယခင် DARPA ရဲ့ ဒါရိုက်တာ ဖြစ်သူ Regina Dugan ဦးဆောင်တဲ့ Facebook ရဲ့ Building 8 ဟာ လျှို့ဝှက်ဌာန ဖြစ်ပြီး အစိတ်အပိုင်းများကို ဖြုတ်လဲနိုင်တဲ့ Modular Smartphone ကို တီထွင်နေတယ်လို့ Business Insider…

Leave a Comment

Most from this category