လက်သင်္ကေတပြဘာသာစကားကို စာသားနဲ့ အသံအဖြစ် ပြောင်းလဲပြန်ဆိုနိုင်မယ့် စမတ်လက်အိတ်

Feb 11, 2016
0 2

Sign Language ခေါ် လက်သင်္ကေတပြဘာသာစကားဟာ အကြားအာရုံချို့တဲ့နေသူတွေအတွက် အဓိကအားထားရတဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခု ဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့တဲ့ဘာသာစကားတစ်ခုဖြစ်ပါတယ်။

အခုလိုနည်းပညာတိုးတက်လာတဲ့ခေတ်မှာတော့ အကြားအာရုံချို့တဲ့သူတွေနဲ့ သာမန်လူတွေအကြားမှာ ဆက်ဆံရေးကွာဟချက်ဆိုတာ မရှိတော့ဘူးလို့ ဆိုရမှာပါ။

လန်ဒန်တက္ကသိုလ်ကနေ မကြာသေးမီက မာစတာဘွဲ့ရရှိခဲ့သူ Hadeel Ayoub ဟာ သူမရဲ့ နောက်ဆုံးတက္ကသိုလ်ပရောဂျက်မှာ လက်သင်္ကေတပြဘာသာစကားကို စာသား (သို့မဟုတ်) အသံအဖြစ် ပြောင်းလဲပြန်ဆိုပေးနိုင်မယ့် စမတ်လက်အိတ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။

Ayoub ဟာ သူမရဲ့ ဆွံ့အနားမကြားသူ တူမလေးနဲ့ လက်သင်္ကေတပြနည်းနဲ့တဆင့် အပြန်အလှန်ပြောဆိုရနေပုံကို ကြည့်ကာ ယခုစမတ်လက်အိတ်ကို တီထွင်ဖို့ စိတ်ကူးရခဲ့တာဖြစ်တယ်လို့ ပြန်လည်ဖွင့်ဟပါတယ်။

SmartGlove လို့အမည်ပေးထားတဲ့ စမတ်လက်အိတ်မှာ ကွေးညွတ်နိုင်တဲ့အာရုံခံကိရိယာငါးခုတပ်ဆင်ထားပြီး၊ အာရုံခံကိရိယာတစ်ခုချင်းစီကို လက်ချောင်းတစ်ချောင်းစီမှာ တပ်ဆင်ထားပါတယ်။ လက်သင်္ကေတပြဆက်သွယ်တဲ့အခါ  လက်ချောင်းထိပ်မှာတပ်ဆင်ထားတဲ့ အာရုံခံကိရိယာတွေဟာ လက်ချောင်းတွေရဲ့ အကွေးအဖြောင့်ပြုလုပ်မှုတွေကို မှတ်သားပြီး၊ စမတ်လက်အိတ်မှာ ထည့်သွင်းတပ်ဆင်ထားတဲ့ လှုပ်ရှားမှုအာရုံခံကိရိယာကလည်း လက်ရဲ့ အနေအထားကို မှတ်သားကာ လက်လှုပ်ရှားမှုအချက်အလက်တွေကို စီရီယယ်မော်နီတာဆီ ပို့ဆောင်ပါတယ်။

အာရုံခံကိရိယာတွေကနေ ရရှိလာတဲ့ ဒေတာအချက်အလက်တွေကို အထူးရေးဆွဲထားတဲ့ကွန်ပြူတာပရိုဂရမ်တစ်ခုက စာလုံးအဓိပ္ပါယ်ဖော်ပေးပြီး လက်အိတ်မှာ ပူးတွဲပါဝင်တဲ့ LED မျက်နှာပြင်အသေးလေးတစ်ခုမှာ စာလုံးတွေကို ဖော်ပြပေးတာဖြစ်ပါတယ်။

1443528922031477

Ayoub ဟာ SmartGlove မှာ လက်သင်္ကေတဘာသာစကားကို စကားသံအဖြစ် ပြန်ဆိုနိုင်တဲ့ ချစ်ပြားတစ်ခုကို ထပ်မံထည့်သွင်းခဲ့ပြီး၊ သူမအနေနဲ့ လက်သင်္ကေတဘာသာစကားကနေ တခြားဘာသာစကားအမျိုးမျိုးကို ပြောင်းလဲပြန်ဆိုနိုင်တဲ့လက်အိတ်မျိုးကို တီထွင်ချင်တယ်လို့ ဆိုပါတယ်။

လေးနှစ်အရွယ် ဆွံ့အနားမကြားတူမလေး ၀တ်ဆင်နိုင်ဖို့အတွက် လက်အိတ်အရွယ်အစားကို သေးငယ်အောင် ကြိုးပမ်းပြုလုပ်လျက်ရှိပြီး၊ နောက်မော်ဒယ်တွေမှာ Wi-Fi ကနေ စမတ်ဖုန်းကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည်တွေပါ ပါဝင်လာဖို့ရှိကြောင်း သိရပါတယ်။

ဒေါ်လာ ၃၈၀ ကနေ ဒေါ်လာ ၄၅၀ ကြား ကုန်ကျတဲ့ စမတ်လက်အိတ်တွေကို ဆေးရုံနဲ့ ကျောင်းစာသင်ခန်းတွေဆီ ဈေးနည်းနည်းနဲ့ ရောင်းချနိုင်အောင် ကူညီပေးမယ့်ကုမ္ပဏီတစ်ခုနဲ့ လက်တွဲအလုပ်လုပ်ချင်တယ်လို့လည်း သူမက ပြောကြားခဲ့ပါတယ်။

Ref: Tech Insider

You may be interested

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ
NEWS, Tech Update
173 shares27 views

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

Amzon က လေဆိပ်များ ၊ ဈေးဝယ်စင်တာများလို အများပြည်သူ နေရာများမှာ လူများရဲ့ နောက်သို့ လိုက်ပါ၍ ဖုန်းအားသွင်းပေးမယ့် စက်ရုပ် Patent ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ စက်ရုပ်များမှာ အားသွင်းပေါက်များနဲ့ အားသွင်းကြိုးများကို တပ်ဆင်ပေးထားပါတယ်။ အချိန်အတော်ကြာ ဈေးဝယ်ထွက်သူများနဲ့ လေဆိပ်မှာ…

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ
NEWS, Softwares & Application, Tech Update
93 shares15 views

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

ကမ္ဘာကျော် ဈေးဝယ်စင်တာ တစ်ခု ဖြစ်တဲ့ Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ အခြား စိတ်မနှစ်မြို့ဖွယ်ရာ မျက်နှာ အမူအယာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စမတ် ကင်မရာ နည်းပညာကို ဖန်တီးနေပါတယ်။ အဲဒီ နည်းပညာကို ငွေရှင်းတဲ့ ကောင်တာများအနီးမှာ တပ်ဆင်ထားတဲ့…

Facebook က Modular Smartphone ကို တီထွင်နေသလား ?
Mobiles & Tablets, NEWS
459 shares247 views

Facebook က Modular Smartphone ကို တီထွင်နေသလား ?

Ko Thuya - Jul 22, 2017

ယခင် DARPA ရဲ့ ဒါရိုက်တာ ဖြစ်သူ Regina Dugan ဦးဆောင်တဲ့ Facebook ရဲ့ Building 8 ဟာ လျှို့ဝှက်ဌာန ဖြစ်ပြီး အစိတ်အပိုင်းများကို ဖြုတ်လဲနိုင်တဲ့ Modular Smartphone ကို တီထွင်နေတယ်လို့ Business Insider…

Leave a Comment

Most from this category