Opera Browser ၏ရှယ်ယာများအားဒေါ်လာ၁.၂ဘီလျံနှင့်ဝယ်ယူရန်တရုတ်အဖွဲ့အစည်းတစ်ခုကမ်းလှမ်း

Mobile Browser တွေထဲမှာ ပေါ်ပြူလာဖြစ်တဲ့ Browser တစ်ခုဖြစ်တဲ့ Opera Browser ရဲ့ရှယ်ယာတွေကို ဝယ်ယူဖို့အတွက် တရုတ်အဖွဲ့အစည်းတစ်ခုဆီက ဒေါ်လာ၁.၂ဘီလျံတန် ကမ်းလှမ်းချက်တစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီအဖွဲ့အစည်းကို Mobile ဂိမ်းတီထောင်သူ Kunlun နဲ့ Mobile လုံခြုံရေးပြုလုပ်တဲ့ Qihoo တို့က ပါဝင်ထားကြတာဖြစ်ပါတယ်။ သူတို့နောက်မှာတော့ Golden Brick နဲ့ Yonglian ဆိုတဲ့ ကုမ္ပဏီတွေက ရင်းနှီးငွေတွေကို မတည်ထားကြတာဖြစ်ပါတယ်။ Opera ဟာ တရုတ်နိုင်ငံမှာ များပြားလှတဲ့ သုံးစွဲသူတွေကို ပိုင်ဆိုင်ထားပြီး Kulun နဲ့ Qihoo တို့ဟာ Opera ဆီမှာ Mobile ကြော်ငြာကဏ္ဍအတွက် ကနဦး အခွင့်အလမ်းတစ်ရပ် ရရှိသွားတာလည်းဖြစ်ပါတယ်။

Opera Mobile Browser ကနေပြီးတော့ ကုမ္ပဏီဟာ ဗီဒိယိုတွေတင်တဲ့ Opera Max ကိုချဲ့ထွင်ဖို့စီစဉ်နေတာဖြစ်ပါတယ်။ ၄င်းဟာ လက်ရှိမှာ အရည်အသွေးကောင်းမွန်တဲ့ ဗီဒီယိုတွေကို ဒေတာအသုံးပြုကြေး မကောက်ခံပဲ တင်ပေးမယ်လို့ ကတိပေးထားခဲ့ပါတယ်။ Opera ဟာ Xiaomi နဲ့ ပါတနာအဖြစ်လက်တွဲထားပြီး MIUI 7 ထွက်တဲ့အချိန်မှာ Opera Mini Feature ကိုထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

Ref: Android Central

You may be interested

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ
FEATURES
0 shares0 views

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ

Ko Thuya - Jun 25, 2018

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည်းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား…

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi
Xiaomi
546 shares130 views

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi

Tha Ra - Jun 25, 2018

[Zawgyi] Xiaomi အနေနဲ့ Redmi 6 Pro ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Redmi 6 Pro နဲ့အတူ Mi Pad 4 tablet ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။…

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS
ASUS
66 shares13 views

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS

Tha Ra - Jun 25, 2018

[Zawgyi] ASUS Myanmar အနေနဲ့ TUF Gaming Laptop, ROG Gaming Laptop တွေကို ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ TUF Series က Entry Level Gaming…

Leave a Comment

Most from this category