OPPO မှ ကမ္ဘာ့ပထမဆုံး 5x နည်းပညာပါဝင်သည့် dual ကင်မရာကို မိတ်ဆက်

လျှပ်စစ်နှင့် နည်းပညာ ပစ္စည်းများ ဖြန့်ဖြူးနေသည့် ကုမ္မဏီကြီးတစ်ခုဖြစ်သည့် OPPO သည် စမတ်ဖုန်းများအတွက် ကမ္ဘာ့ပထမဆုံး အဝေးမှ အရာဝတ္ထုများကို မှန်ဘီလူးဖြင့် အနီးအဝေးချိန်စ ရိုက်ကူးနိုင်မည့် နည်းပညာဖြစ်သည့် “5x Dual Camera Zoon” ကင်မရာကို Mobile World Congress (MWC) 2017 အခမ်းအနားတွင် စတင် မိတ်ဆက်လိုက်သည်။

ကမ္ဘာအနှံ့မှ မီဒီယာပေါင်း ၂၀၀ကျော် တက်ရောက်ခဲ့သည့် ထိုအခမ်းအနားတွင် OPPO မှ ပိုမိုကြည်လင်ပြီး လှပသည့် ဓါတ်ပုံများရိုက်ကူးနိုင်ရန်အတွက် အဆိုပါနည်းပညာသစ်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းမီဒီယာများဖြစ်သည့် AP၊ CNBC၊ CCTV၊ ဆင်ဟွာသတင်းဌာနများနှင့် နည်းပညာနယ်ပယ်မှ နာမည်ကျော် စာနယ်ဇင်းများဖြစ်သည့် CNET၊ GSMArena၊ Techcrunch၊ Engadget စသည့် မီဒီယာများ၏ အထူးတလည်ဖော်ပြမှုများ ခံခဲ့ရသည်။

OPPO မှ ကျွမ်းကျင်ပညာရှင်များမှာ စမတ်ဖုန်းများတွင် အဝေးမှ အရာဝတ္ထုများကို ဆွဲယူရိုက်ကူးနိုင်မည့် နည်းပညာပါဝင် သော ကင်မရာများ ထည့်သွင်းနိုင်ရန် တစ်နှစ်နီးပါး အချိန်ယူပြင်ဆင်ခဲ့ရပြီး ယခုအခါ OPPO မှ ထုတ်လုပ်သည့် စမတ် ဖုန်းများတွင် ထိုနည်းပညာ ထည့်သွင်းနိုင်ရန် စတင်ပြင်ဆင်နေကြသည်။
Zoom ကို ငါးဆအထိ ဆွဲယူနိုင်သည့် ကင်မရာပါဝင်သော်လည်း ပါးလွှာနေဆဲ စမတ်ဖုန်း
ယနေ့ဈေးကွက်အတွင်းရှိ စမတ်ဖုန်းများမှာ အဝေးမှ အရာဝတ္တုများကို ၂ဆအထိ သာ ဆွဲယူရိုက်ကူးနိုင်သည့် ကင်မရာလုပ်ဆောင်မှုများသာ ထည့်သွင်းနိုင်သည့် အချိန်တွင် OPPO မှ မိတ်ဆက်လိုက်သည့် အံ့သြမင်သက်ဖွယ် နည်းပညာမှာ ကင်မရာမှ Zoom ကို ငါးဆအထိ ဆွဲယူရိုက်ကူးနိုင်ပြီး ရုပ်ထွက်အား ပိုမို ကြည်လင်မည့်အပြင် ခေတ်မီပြီး လှပပါးလွှာသည့် ဒီဇိုင်းဖြင့် ထုတ်လုပ် ထားခြင်းဖြစ်သည်။

ထို အရာဝတ္ထုများ၏ အကွာအဝေးကို ငါးဆ အထိ ဆွဲယူနိုင်သည့် “5x Dual Camera Zoom” သည် ရေငုပ်သဘောၤများတွင် တပ်ဆင်ထား သည့် အဝေးကြည့်မှန်ပြောင်းများ၏ လုပ်ဆောင်မှုများအပေါ် အခြေခံပုံဖော်ထားသည့် နည်းပညာဖြစ်သည်။ အဆိုပါ ကင်မရာနည်းပညာသည် ကင်မရာအတွင်းအသေးစိတ်မြင်ကွင်းကျယ် ရယူရန်လုပ်ဆောင်မှုတွင်လည်း ၉၀ဒီဂရီ အထိ ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်သည်။


ထိုနည်းပညာသစ် ပါဝင်မည့် dual-camera များမှာ ယခုအခါတွင် 5.7mm သာအထူရှိစေမည်ဖြစ်ပြီး စမတ်ဖုန်းတွင်ပုံမှန်စံညွှန်းအရ မြင်ကွင်းနှစ်ဆဆွဲယူ နိုင်သည့်မှန်ဘီလူးထက် ၁၀ရာခိုင်နှုန်းပင် ပိုမိုပါးလွှာစေမည်ဖြစ်သည်။
လှုပ်ရှားနေသည့်အရာများအား အမိအရရိုက်ကူးနိုင်မည့် OIS နည်းပညာ
စမတ်ဖုန်းများတွင် တပ်ဆင်ထားသည့် ကင်မရာများမှာ အဝေးမှ အရာဝတ္ထုများကို အနီးသို့ ဆွဲယူနေချိန်တွင် မြင်ကွင်းမှာ ဝေဝါးသွားလေ့ရှိသော်လည်း ယခု OPPO မှ မိတ်ဆက်လိုက်သည့် “5x Dual Camera Zoom” သည် မြင်ကွင်းကို အနီးကပ် ဆွဲယူသည့်အချိန်နှင့် လှုပ်ရှားနေသည့် အရာများကို ရိုက်ကူးချိန်တွင် ဖြစ်ပေါ်လေ့ရှိသည့် မြင်ကွင်းဝေဝါးမှုကို ကာကွယ်နိုင် ရန် Optical Image Stabilization (OIS) နည်းပညာကို ထည့်သွင်းအသုံးပြုထားသည်။ အခြားသော စမတ်ဖုန်းများမှာ ထို နည်းပညာကို မြင်ကွင်းကျယ်မှန်ဘီလူးများတွင်သာ အသုံးပြုနိုင်သေးသော်လည်း OPPO မှ OIS နည်းကို telephoto မှန်ဘီလူးထဲတွင် တိုက်ရိုက်ထည့်သွင်း အသုံးပြုနိုင်သည့် နည်းပညာကို စတင်လိုက်ခြင်းဖြစ်သည်။


OIS နည်းပညာမှာ ကင်မရာတွင် ပါဝင်သည့် အလင်းပေါက်နှင့် မှန်ဘီလူးနှစ်ခုစလုံးသည် လှုပ်ရှားနေသည့် အရာများကို ထိထိမိမိ ရိုက်ကူးနိုင်မည်ဖြစ်သည်။ ထိုနည်းပညာကြောင့် ၅ဆကွာဝေးသည့် နေရာမှ အရာများကို ဆွဲယူရိုက်ကူးသော် လည်း ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မည်ဖြစ်သည်။

Ref : OPPOmyanmar

%d bloggers like this: