0 Shares 524 Views

Samsung Galaxy S7 ဖုန်းမှာ အမြဲတမ်းပွင့်နေတဲ့မျက်နှာပြင် ပါဝင်လာဖွယ်ရှိ

Feb 13, 2016
0 524

Samsung က မကြာမီမိတ်ဆက်တော့မယ့် Galaxy S7 ဖုန်းမှာ “always-on display” လို့ခေါ်တဲ့ feature သစ်တစ်ခု ပါဝင်လာဖွယ်ရှိပြီး၊ ရက်စွဲ၊အချိန်၊ ၀င်လာတဲ့မက်ဆေ့ စတဲ့ အရေးကြီးအချက်အလက်တွေကို ဖုန်းမျက်နှာပြင် လင်းလာအောင်လုပ်စရာမလိုဘဲ ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ယခုစွမ်းဆောင်ရည်ဟာ Google ရဲ့ Android Wear စမတ်နာရီနဲ့ Samsung ရဲ့ Gear S2 စမတ်နာရီတို့မှာပါဝင်တဲ့ စွမ်းဆောင်ရည်မျိုးနဲ့ဆင်တူပြီး၊ အသုံးပြုသူ/၀တ်ဆင်သူအနေနဲ့ နာရီဖန်သားပြင်ကို လင်းလာအောင်လုပ်စရာမလိုဘဲ၊ အချိန်နဲ့နာရီတွေကို သာမန်အဖြူအနက် နာရီဒိုင်ခွက်ပေါ်ကနေ ကြည့်ရှုနိုင်ပါတယ်။ စမတ်နာရီတွေဟာ ဒီနည်းနဲ့ စခရင်ကိုခဏခဏလင်းအောင် လုပ်စရာမလိုတာကြောင့် ဘက်ထရီအားကုန်နှေးတာဖြစ်ပါတယ်။

Galaxy S7 ဖုန်းမှာပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ “always-on display” ဟာ Moto X ဖုန်းတွေမှာလည်း ပါရှိထားပြီး၊ အသုံးပြုသူအနေနဲ့ ဖုန်းကိုလက်လှမ်းလိုက်တာနဲ့ အဖြူအနက်ဖုန်းဖန်သားပြင်ပေါ်မှာ user အတွက် အသုံးတည့်တဲ့အချက်အလက်တွေ အလိုအလျောက်ပေါ်လာတာမျိုးဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့သတင်းတွေအရ Galaxy S7 ဟာ ဖန်သားပြင်ရဲ့လိုအပ်တဲ့အပိုင်းကိုပဲ မီးလင်းလာအောင်လုပ်ပေးနိုင်တဲ့ AMOLED ဖန်သားပြင်ပါဝင်လာမယ်လို့ ဆိုတာကြောင့်၊ ဒီ feature ကို S7 ဖုန်းမှာ တွေ့မြင်ရဖွယ်ရှိနေပါတယ်။

Ref: Tech Insider

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Leave a Comment

Most from this category