0 Shares 70 Views

Hack ပြုလုပ်မှုတွေကို တားမြစ်ဖို့ ဒေါ်လာ ၁၉ ဘီလီယံကို ကွန်ဂရက်လွှတ်တော်ထံ အိုဘားမားတောင်းခံ

Feb 13, 2016
0 70

အမေရိကန် သမ္မတ အိုဘားမားဟာ အမေရိကန် ပြည်ထောင်စု အတွင်း ဟက်(Hack) ပြုလုပ်မှု တွေအားလုံးကို တားမြစ်နိုင်ဖို့အတွက် ကွန်ဂရက်လွှတ်တော်ထံမှာ ဒေါ်လာ ၁၉ ဘီလီယံ တောင်းခံခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ မနှစ်ကတောင်းခံခဲ့တဲ့ ဘက်ဂျက် ပမာဏ ထက် ၃၅ ရာခိုင်နှုန်းခန့် ပိုများလာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ထိုဘက်ဂျက်ကို တစ်ဦးတစ်ယောက်ချင်းထံမှ ဖြစ်စေ ၊ ကုမ္မဏီတွေထံမှ ဖြစ်စေ ၊ အစိုးရ အဖွဲ့အစည်းတွေထံမှ ဖြစ်စေ သတင်းအချက်အလက်များကို ဟက်ကာ(Hacker) တွေခိုးယူဖို့ ခက်ခဲသွားစေရန် ရည်ရွယ်ကာ သုံးစွဲသွားမယ်လို့လည်း အိုဘားမားက ဆိုပါတယ်။

ထို ဘက်ဂျက်ကို သုံးစွဲပြီး ဘဏ္ဍာရေးနဲ့ အခြား အွန်လိုင်းအကောင့်တွေအတွက် လုံခြုံရေး တိုင်းတာမှုတွေကို ပိုမိုအားကောင်းလာအောင်ဖန်တီးပြီး ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ တွေကို ငှားရမ်းကာ အားနည်းချက်တွေကို လိုက်လံရှာဖွေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရရဲ့  သက်တမ်းရင့် ကွန်ပျူတာ စနစ်တွေကိုလည်း မြှင့်တင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အိုဘားမားဟာ ထိုဘက်ဂျက်တောင်းခံစာ ကို ကွန်ဂရက်လွှတ်တော်ထံ အင်္ဂါနေ့က ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကောင်စီ မှာ ဆိုက်ဘာ လုံခြုံရေးဌာန ရဲ့  ညွှန်ကြားရေးမှုးဟောင်း Ari Schwartz ကတော့ ထို ဘက်ဂျက် တောင်းခံမှု ဟာ ဦးစားပေး သုံးစွဲမှုတွေထဲမှာ အရေးပါတဲ့ ကဏ္ဍ တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။သူ့ရဲ့ ပြောကြားချက်အရတော့ အစိုးရရဲ့ ကွန်ပျူတာပစ္စည်းတွေကို အဆင့်မြှင်တင်ဖို့ လိုအပ် နေတယ် လို့ သိရပြီး ထို ဘက်ဂျက် ထဲမှာ ဒေါ်လာ ၃.၁ ဘီလီယံဟာ ကွန်ပျူတာ ပစ္စည်းတွေအတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ၀ါရှင်တန်ဒီစီမှာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ရှေ့ နေတစ်ယောက်အဖြစ် ရပ်တည်နေတဲ့ Schwartz ကတော့ အိုဘားမားအနေနဲ့ သူလိုချင်တဲ့ ဘဏ္ဍာငွေတွေကို ရနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Ref: Cnet

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
150 shares246 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
282 shares1263 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
427 shares1346 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category