0 Shares 45 Views

သင့် iPhone ထဲမှာ ပုန်းနေတဲ့ လျို့ဝှက်လုပ်ဆောင်ချက် ငါးခုကိုဘယ်လိုအသုံးပြုမလဲ

တကယ်လို့သင့် iPhone မှာ ပုန်းကွယ်နေတဲ့ လုပ်ဆောင်ချက်တွေရှိနေတယ်ဆိုတာ သင်သိပါသလား။ သင့်အနေနဲ့ ဒီအရာလေးတွေ လုပ်ဆောင်လို့ရတယ်ဆိုတာ သိနိုင်ချင်မှ သိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အသုံးဝင်နိုင်တဲ့ လုပ်ဆောင်ချက်လေးတွေဖြစ်တာကြောင့် ကြည့်ကြည့်ကြပါဦး။

၁) Custom Vibration Alerts

ဒီအရာလေးက သင့်အတွက် အရမ်းအသုံးတည့်မယ့်အရာလေးပါပဲ။ Setting App ကိုဖွင့်ပြီး Sounds>Ringtone/Text Tone / Etc>Vibration ကိုသွားပါ။ အဲ့ဒီ List ထဲက Creat New Vibration ကိုရွေးပါ။ အဲ့ဒီထဲမှာ သင်ကြိုက်တဲ့ Vibrate လုပ်တဲ့ ပုံစံကိုရွေးချယ်လို့ရနိုင်ပါတယ်။ ဖုန်းခေါ်တာ၊ စာရိုက်တာ စတာတွေအတွက်အပြင် သင့် Contact List ထဲက လူတစ်ယောက်ချင်းစီဆီက ဖုန်းလာရင် မတူညီတဲ့ Vibration ပေးလို့ရတဲ့ ပုံစံပါ ပါပါတယ်။

iPhone-5-sectet-feature1

၂) Text Shortcuts

သင့်အနေနဲ့ “Triskaidekaphobia” ဆိုတဲ့စကားလုံးကိုရိုက်မယ်ဆိုပါတော့၊ သင်မမှတ်မိတာ၊ စာလုံးပေါင်းကိုမေ့တာကြောင့်သင့်အနေနဲ့ မှားယွင်းပြီးရိုက်နိုင်တာပေါ့။ အိုကေ၊ ဒီလိုမျိုးစကားလုံးအရှည်ကြီးတွေကို နောက်ထပ်မရိုက်ပဲ မှတ်ထားလို့ရအောင် ဘယ်လိုလုပ်ကြမလဲ။ Setting>General>Keyboard>Text Replacement ထဲမှာ အပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါ။ ပြီးတော့ခုနက “Triskaidekaphobia” ဆိုတဲ့စကာလုံးကို Phrase ထဲမှာ ရိုက်ထည့်ပြီး အောက်က Shortcut ထဲမှာ သင်မှတ်မိနိုင်တဲ့ ဒီစကားလုံးအတိုကောက် “tdp” ဆိုပြီးရိုက်ပြီး Save လုပ်လိုက်ပေါ့။ နောက်ဆိုသင့်အနေနဲ့ Triskaidekaphobia ဆိုတဲ့စကားလုံးရိုက်တော့မယ်ဆိုရင် tdp လို့ရိုက်လိုက်တာနဲ့ အောက်မှာအရှည်ကောက်ကလာပေါ်မှာပါ။

iPhone-5-secret-feature2

၃) Head Control

Apple ရဲ့ iOS မှာ ခေါင်းလေးလှုပ်တာနဲ့တင် ဖုန်းကိုထိန်းချုပ်နိုင်ပါတယ်။ သုံးစွဲသူတွေကတော့ သိပ်မသိကြဘူးပေါ့။ Setting>General>Accessibility>Switch Control ကို Turn On လုပ်လိုက်ပါ။ ပြီးရင် Switches ထဲကို ဝင်လိုက်ပါ။ ပြီးရင် Add New Switch ထဲက Camera ကို New Switch အနေနဲ့ရွေးလိုက်ပါ။ သင့်အနေနဲ့ ပြုလုပ်တဲ့အခါမှာ တိကျမှန်ကန်တဲ့လှုပ်ရှားမှုဖြစ်ဖို့လိုအပ်ပါတယ်။

iPhone-5-secret-feature3

၎) မလိုချင်တဲ့ Apple App တွေ Hide လုပ်ခြင်း

ဒီလုပ်ဆောင်ချက်ကတော့ ရှင်းပါတယ်။ သင်မလိုချင်တဲ့အရာတွေကို ဖျောက်ထားတာပေါ့။ Setting>General>Restrictions မှာသင့်ရဲ့ Pin ဒါမှမဟုတ် Passcode ကိုရိုက်ထည့်ပြီး Enable လုပ်ပစ်ပါ။ ပြီးတော့ သင့်အနေနဲ့ Hide လုပ်ထားချင်တဲ့ App တွေကိုစု Folder တစ်ခုဆောက်ပြီး အဲ့ဒီ Folder ထဲက App တစ်ခုချင်းစီကိုဖိထားရင်းနဲ့ Home Buttom ကိုနှိပ်လိုက်ရင် အဲ့ဒီ App ဟာအလိုလို Hide ဖြစ်သွားပါလိမ့်မယ်။ ရှာချင်ရင် သင့်ရဲ့ Search Bar မှာ ရိုက်ရှာမှ ပေါ်လာမှာဖြစ်ပြီး ဒီတိုင်းဆိုရင်တော့ Hide ပဲဖြစ်နေမှာပါ။ Restart ပြန်လုပ်ရင် Hide လုပ်ထားတဲ့ App တွေ နဂိုနေရာမှာ ပြန်ရောက်နေတာကို တွေ့ရမှာပါ။

၅) Message ရောက်တာသိကိုသိအောင်

Setting>General>Accessibility ထဲက LED Flash for Alerts ကို On လုပ်ထားလိုက်ပါ။ Message ဝင်လာတဲ့အခါ ကင်မရာဖလက်ရှ်မီးကနေ အချက်ပြမှာပါ။ ဒါကတော့ သင့်အနေနဲ့ အလုပ်လုပ်တဲ့အခါ၊ Message ရောက်တာကို အမြဲသိလိုတဲ့အခါဆိုရင်အသုံးဝင်ပါတယ်။ ဒီလိုမီးမှိတ်တုပ်မှိတ်တုပ်ဖြစ်တာကို စိတ်ရှုပ်တယ်ဆိုရင်တော့ မလုပ်ထားတာပဲကောင်းပါတယ်။

iPhone-5-secret-feature5

ဒီလိုအချက်လေးတွေသိသွားလို့ သင့်အတွက်တစ်စုံတစ်ခုတော့ အသုံးဝင်မယ်လို့တော့ထင်ပါတယ်။ iPhone ကိုသေသေချာချာသုံးရင် အလွန်အသုံးဝင်တာကိုလည်း သိရမှာပါ။

Ref: Fox News

You may be interested

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ
FEATURES
0 shares0 views

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ

Ko Thuya - Jun 25, 2018

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည်းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား…

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi
Xiaomi
546 shares130 views

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi

Tha Ra - Jun 25, 2018

[Zawgyi] Xiaomi အနေနဲ့ Redmi 6 Pro ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Redmi 6 Pro နဲ့အတူ Mi Pad 4 tablet ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။…

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS
ASUS
66 shares13 views

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS

Tha Ra - Jun 25, 2018

[Zawgyi] ASUS Myanmar အနေနဲ့ TUF Gaming Laptop, ROG Gaming Laptop တွေကို ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ TUF Series က Entry Level Gaming…

Leave a Comment

Most from this category