0 Shares 16 Views

အမေရိကန် စမတ်ဖုန်းဈေးကွက်ကို Apple ဦးဆောင်နေ

Feb 13, 2016
0 16

Parks Associates ကုမ္မဏီ က အမေရိကန်ပြည်ထောင်စု ရဲ့  စမတ်ဖုန်း ဈေးကွက် စာရင်းဇယား တွေကို နောက်ဆုံးတွက်ချက်ထားမှုအရ Apple ကုမ္မဏီဟာ အမေရိကန် စမတ်ဖုန်းဈေးကွက် ရဲ့  ၄၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

Samsung ကတော့ အမေရိကန်စမတ်ဖုန်းဈေကွက်ရဲ့  ၃၁ ရာခိုင်နှုန်းကို နေရာယူထားပြီး Apple ကို အမှီလိုက်ဖို့ ကြိုးစားနေပါတယ်။ LG ကုမ္မဏီကတော့ ၁၀ ရာခိုင်နှုန်း နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

“Apple ဟာ အမေရိက မှာ ထိပ်ဆုံး စမတ်ဖုန်းထုတ်လုပ်သူအဖြစ် ဆက်လက်ရှိနေပါတယ်။ ဒါပေမယ့် Samsung ကလည်း အမှီလိုက်နေပါတယ်”လို့ Parks Associates ကုမ္မဏီရဲ့  ကျန်းမာရေးနဲ့ မိုဘိုင်းလ် ထုတ်ကုန်များ သုတေသန အတွက် ဒါရိုက်တာ ဖြစ်သူ Harry Wang က ဆိုပါတယ်။

Motorola နဲ့ HTC တို့လို ဖုန်းကုမ္မဏီတွေကတော့ ဈေးကွက်ရဲ့  ၅ ရာခိုင်နှုန်းခန့်ကို သာ ရရှိခဲ့ကြပါတယ်။ ကျန် ရာခိုင်နှုန်းအနည်းငယ်ကို ခွဲဝေ ရောင်းချနိုင်ခဲ့တာတွေကတော့ Huawei ၊ OnePlus နဲ့ အခြား ကုမ္မဏီတွေပါ။

apple-logo-and-slogan

Ref: 9to5Google

You may be interested

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်

Ko Thuya - Sep 26, 2017

သုတေသနအဖွဲ့အစည်း KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple iPhone X ရဲ့ ကြိုတင်အမှာစာဟာ သန်း ၄၀ ကနေ ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူက “ ၂၀၁၄ ခုနှစ်ထုတ် iPhone…

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်
smartwatch
0 shares7 views

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်

Zar Ni Nyein Tun - Sep 26, 2017

Verizon Wireless ရဲ့ 4G LTE-connect ဖြစ်တဲ့ Wear24 ကို မေလက $ 300 နဲ့ စတင်ေ၇ာင်းချခဲ့တာဖြစ်ပါတယ်။ဒီ smartwatch ဟာ Google ရဲ့ Android Wear 2 software နဲ့ 1.4-inch…

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ
Tech Update, Vivo
103 shares144 views

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ

Zar Ni Nyein Tun - Sep 26, 2017

 သက်တမ်းအရ နုပေမယ့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းတံဆိပ် အတွင်းသို့ ဝင်ရောက်လာသော Vivo က သူ့ရဲ့နောက်ဆုံးပေါ် flagship V7+ ကို မြန်မာပြည်ဈေးကွက်မှာ မနေ့က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။။ V7+ က စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်တဲ့ FullViewTM မျက်နှာပြင်နဲ့ အတူ 24MPရှိ…

Leave a Comment

Most from this category