0 Shares 35 Views

အိမ်တွင်းရှိ စမတ်ကိရိယာ အားလုံးကို ထိန်းချုပ်နိုင်မယ့် စမတ် ရီမုဒ်

191792-sevenhugssmartremotetv-96bf63-large-1451565787

 

သင့်အနေနဲ့ တီဗွီ ရီမုဒ် တစ်ခု ကို မီးသီးတွေကို ချိန်ရွယ်ပြီး ထိုမီးသီး ပိတ်သွားအောင် လုပ်နိုင်တဲ့ အခိုက်အတန့် မျိုး ကို စိတ်ကူးယဉ်ဖူးပါသလား?

အခုလက်တွေ့မှာတော့ ပြင်သစ် Developer ကုမ္မဏီ ဖြစ်တဲ့ Sevenhugs ဟာ သင့်အိမ်မှာရှိတဲ့ စမတ် ကိရိယာ အားလုံးကို ထိန်းချုပ်နိုင်မယ့် စမတ်ရီမုဒ် (Smart Remote) ကို တီထွင်နေတယ်လို့ သိရပါတယ်။ သင့်အနေနဲ့ ချိတ်ဆက်ထားပြီးသား စမတ် မီးသီးတွေကို ထိုရီမုဒ် နဲ့ ချိန်ရွယ်ပြီး ရီမုဒ် မျက်နှာပြင်မှာ မီးသီးပုံပေါ်လာတာနဲ့ အဖွင့်အပိတ်ကို ရီမုဒ် က တဆင့် လုပ်ဆောင်နိုင်မှာပါ။

ထို ရီမုဒ် ရဲ့ ပုံပန်းသဏ္ဍာန်ကတော့ ဆေးလုံး ပုံစံ စမတ်ဖုန်း တစ်ခုလိုပါပဲ။ ရီမုဒ် ရဲ့ မျက်နှာပြင် ဟာ သင်ချိန်ရွယ်ထားတဲ့ စမတ်ကိရိယာ အပေါ်မူတည်ပြီး ဘာတွေ ရွေးချယ် လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသပေးမှာပါ။ထို စမတ်ရီမုဒ် ဟာ မီးသီးအလင်းရောင်အမျိုးမျိုး ၊ ကွန်ပျူတာ စမတ်နည်းပညာ နဲ့ တည်နေရာပြ ဆင်ဆာတို့ကို အသုံးပြုထားတာကြောင့် ထို ရီမုဒ် နဲ့ သင့်အိမ်ထဲမှာရှိတဲ့ စမတ်ကိရိယာတွေရဲ့ တည်နေရာပြမြေပုံကို အရင်ဆုံး ရေးဆွဲဖန်တီးထားဖို့တော့ လိုမှာပါ။ တည်နေရာကို မှတ်မိသွားပြီဆိုရင်တော့ စမတ်ရီမုဒ် နဲ့ စမတ်ကိရိယာတွေကို ချိန်ရွယ်ပြီး တိုက်ရိုက် ညွှန်ကြားမှု အလွယ်တကူ လုပ်နိုင်သွားမှာပါ။

Sevenhugs ကုမ္မဏီ ရဲ့ အမှုဆောင်အရာရှိချုပ်(CEO) ဖြစ်တဲ့ Simon Tchedikian ကတော့ သူ့ရဲ့ကုမ္မဏီဟာ ထို စမတ်ရီမုဒ် ကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဒီဇိုင်းရေးဆွဲခဲ့ပေမယ့် ချိတ်ဆက်နိုင်တဲ့ ကိရိယာ တွေကို သတ်မှတ်ရာမှာတော့ အခက်အခဲရှိနေခဲ့တဲ့အတွက် ထုတ်လုပ်မှုဟာ ကြန့်ကြာနေခဲ့ရတယ်လို့ ပြောပြပါတယ်။

ထို စမတ်ရီမုဒ်(Smart Remote) ဟာ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၂၀၀ မကျော်ပဲ ထို ရီမုဒ် ၀ယ်တာနဲ့ အခြား ဆက်စပ် အသုံးအဆောင် ပစ္စည်း ၃ မျိုးကို ပါရရှိဦးမှာပါ။ ဒါ့အပြင် Sevenhugs ကုမ္မဏီဟာ Bluetooth ချိတ်ဆက် စနစ် မပါဝင်ခဲ့တဲ့ မော်ဒယ်လ်အနိမ့် တီဗွီတွေအတွက်လည်း Infrared အချက်ပြစနစ် များပေါ်မှာ ကောင်းမွန်စွာအလုပ်လုပ်နိုင်အောင်လည်း အခြား ကိရိယာ တစ်ခုကို ဖန်တီးလျက်ရှိတယ်လို့ သိရပါတယ်။

Ref : CNet

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category