emoji အသစ်တွေထည့်သွင်းလိုက်တဲ့ WhatsApp ရဲ့  Update

Feb 12, 2016
0 5

WhatsApp ဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ အစောပိုင်းကတည်းက Unicode 9.0 ရဲ့  တစ်စိတ် တစ်ပိုင်း အဖြစ် emoji အသစ်တွေကို စမ်းသပ်နေခဲ့တာဖြစ်ပါတယ်။အခုတော့ စမ်းသပ်ကာလဟာ ကုန်လွန်သွားပြီ ဖြစ်ပြီး သုံးစွဲသူတွေအားလုံးထံကို emoji အသစ်တွေ အသုံးပြုခွင့် ပေးလိုက် ပြီဖြစ်ပါတယ်။

တစ်ကယ်တော့ ဒီ emoji တွေဟာ Android စနစ်ရဲ့  နောက်ဆုံးဗားရှင်း Marshmallow မှာ ပါဝင်တဲ့ emoji တွေနဲ့ တူညီနေပါတယ်။ ဒါပေမယ့်လည်း Android သုံးစွဲသူတိုင်း နောက်ဆုံးဗားရှင်း Marshmallow ကို အသုံးမပြုကြသေးပါဘူး။ ဒါကြောင့် Marshmallow ဗားရှင်း က emoji တွေကို WhatsApp ဗားရှင်း 2.12.441 ရှိရုံနဲ့ ဘယ် Android စနစ်မှာမဆို အသုံးပြုနိုင်သွားမှာ ဖြစ်ပါတယ်။

အကောင်းလားအဆိုးလား မသိနိုင်တာက အဲဒီ emoji တွေဟာ Apple ကုမ္မဏီက ဖန်တီးထားတဲ့ emoji အသစ်တွေနဲ့ ဆင်တူပြီး ပုံပန်းသဏ္ဍာန်သာ အနည်းငယ်ကွာဟသွားတာဖြစ်ပါတယ်။ WhatsApp ရဲ့  emoji အသစ်တွေဟာ Apple ရဲ့  emoji အသစ်တွေလိုပဲ လက်ခလယ် ၊ မျက်နှာ ဇောက်ထိုး ၊ နိုင်ငံစုံ အလံများ စတာတွေပါဝင်နေပါတယ်။

မက်ဆေ့ဂ်ျပေးပို့တဲ့ အက်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ WhatsApp ဟာ လစဉ် သုံးစွဲသူ ၁ ဘီလီယံ ရှိလာပြီဖြစ်တယ်လို့လည်း မကြာသေးမီကပဲ ကြေညာထားပါသေးတယ်။ WhatsApp ရဲ့  ဒီ update ကိုတော့ ဒီနေ့ကစပြီး အခမဲ့ ဒေါင်းလုဒ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

WhatsApp Emojies

WhatsApp Emojies

Ref: 9to5Google

You may be interested

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း
cameras, FEATURES, Mobile & Tablets
500 shares151 views

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း

Ko Thuya - Sep 21, 2017

ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။…

iOS 11 ရဲ့ အကောင်းဆုံး Features များ
Apple, FEATURES, HUBS
133 shares70 views

iOS 11 ရဲ့ အကောင်းဆုံး Features များ

Ko Thuya - Sep 21, 2017

Apple က iOS 11 ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအတွက် iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။ Control Center ကို Customize ပြုလုပ်ခြင်း။ iOS 10 ရဲ့ Control…

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4
Google, Mobiles & Tablets, Motorola
193 shares40 views

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4

Zar Ni Nyein Tun - Sep 21, 2017

Android ဖုန်းတလုံးဖြစ်တဲ့ Motorola Moto X4 ကို အမေရိကန်မှာ မကြာခင်ရောင်းချတော့မယ်လို့ သိရပါတယ်။Google နဲ့ Motorola ရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ Moto X4 ဟာ Google Project Fi wireless system ပါဝင်ပါတယ်။ X4…

Leave a Comment

Most from this category