2315 Shares 9307 Views

အိုင်ဖုန်း ပဲ ကိုင်တယ်ဆိုတဲ့ အဆိုတော် ဆိုဖီယာ

Mar 06, 2017
2315 9307

Myanmar Idol အစီစဉ် (၁) မှာ ပရိတ်သတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော် ဆိုဖီယာ ဟာ အခုဆိုရင်
( N V M) ဆိုတဲ့ သူမရဲ့ တစ်ကိုယ်တော်ခွေကို ပရိတ်သက်ရှေ့ချပြလိုက်ပါပြီ။ ဆိုဖီယာနဲ့ တွေ့ပြီး သူမရဲ့ အခွေအကြောင်းနဲ့ သူကိုင်ထားတဲ့ ဖုန်းအကြောင်းလေးကို အခုလို့မေးဖြစ်ခဲ့ပါတယ်။

Q. ဆိုဖီယာ ဂီတလောကကို စရောက်ခဲ့ဖြစ်ပုံကို ပြောပြပေးပါလား။
ညီမ Myanmar Idol ပြိုင်ပွဲကနေ ဂီတလောကထဲကို ရောက်ခဲ့တာလို့ပြောလို့ရပါတယ်။အဲဒီမတိုင် ခင်က ညီမ အသက်(၁၁)နှစ်အရွယ်တုန်းက City FM ကလုပ်တဲ့ သီချင်းဆိုပြိုင်ပွဲမှာ ပြိုင်ဖူးတယ်။ အဲဒီမှာတုန်းက ကိုအာဇာနည်ရဲ့ ဂန္ဒဝင်ဆည်းဆာ သီချင်းနဲ့ ဝင်ပြိုင်တာ ယောင်္ကျားလေးသီချင်းကို
ယောင်္ကျားလေးပဲ ပေးတယ်ဆိုတာ မသိလိုက်တော့ အဲဒီမှာ ယောင်္ကျားလေး တစ်ယောက်ရသွားတယ်။ အဲဒါကိုမကျေနပ်ဖူး ပြန်ပြိုင်မယ်ဆိုပြီး မတင်ဇာမော်သီချင်း အချစ်နဲ့ဂီတာ ပြိုင်တော့ First ရခဲ့တယ်။ သူတို့အခွေ လုပ်ပေးမယ်ဆိုတော့ အိမ်က ပညာရေးပြီးအောင်လုပ်ဆိုပြီး စင်ကာပူလွှတ်လိုက်တယ်။ အဲဒါတောင် ကျောင်းတက်ရင်းနဲ့ ပွဲတွေမှာ သီချင်းဆိုဖြစ်တယ်။

Q. Myanmar Idol အတွေ့အကြုံလေးတွေကို ပြောပြပေးပါလား။
အတွေ့အကြုံတွေကတော့ အများကြီးရခဲ့ပါတယ်။ အပြင် အနုပညာလောကက ပိုပြီးခက်ခဲပါတယ်။ ပြိုင်ပွဲမှာကျတော့ နေ့ညမရွေး အစားအသောက်မှန်တယ်။ အပြင်လောကမှာကျတော့ အစားအသောက်လည်း မမှန်တော့ဘူး။ စိတ်ဖိစီးမှုတွေလည်းများတယ်။ အပေါင်းသင်း ဆက်ဆံရေးလည်း သတိထားရတယ်။

Q. အခုထွက်ထားတဲ့ တစ်ကိုယ်တော်ခွေလေး အကြောင်းပြောပြပေးပါလား။
ညီမတစ်ခွေထဲမှာ သီချင်း(၁၀) ပုဒ်ပါပါတယ်။ Bonus အနေနဲ့ (၁)ပုဒ် ထည့်ပေးတာနဲ့ဆို (၁၁)ပုဒ် ပေါ့။ တေးရေးတွေအနေနဲ့ ကိုဆောင်းဦးလှိုင်၊ ကိုညီမင်းခိုင်၊ ကိုမိုးထက်၊ ကို Glatt ၊ ကို MHL  တို့ရေးပေးထားပါတယ်။

Q. ဒီအခွေကိုထွက်ဖို့ အချိန်ဘယ်လောက်ယူခဲ့ရလဲ။
ဒီခွေလေးကို ညီမလုပ်ခဲ့တာ (၉)လကြာတယ်။ ညီမနံပါတ်(၄) နဲ့ ထွက်ခဲ့တဲ့အချိန်မှာ ကို X-BOX ကနေ Snap Shop ဆိုဖို့ဖုန်းဆက်တယ်။ အဲကနေစပြီး သူတို့ရှိုးတွေ လိုက်ကြည့်တယ်။ သူခွေထုတ်တာ တွေ လိုက်ကြည့်ရင်းနဲ့ ခွေထုတ်မှဖြစ်မယ် အစီအစဉ် (2)လည်း လာတော့မယ်ဆိုတော့လေ ကိုယ်ဘက်က အရင်ဆုံး လှုပ်ရှားနေမှဆိုပြီး လုပ်ဖြစ်ခဲ့တာပါ။

Q. သီချင်းတွေက ဘယ်လိုပုံစံကို သွားထားတာလဲ။
R&B ပုံစံကိုပဲသွားထားတာပါ။ အချစ်သီချင်းရော၊ အလွမ်းသီချင်းရော၊ နိုင်ငံရေး သီချင်းရော ရသစုံ ခံစားလို့ရအောင် လုပ်ထားပါတယ်။

Q. ဇာတ်ကားတွေရိုက်တာလည်း တွေ့တယ်နော် သရုပ်ဆောင်ဘက်ကိုရော လုပ်သွားဖြစ်မှာလား။
ညီမ(၂)ကားတော့ရိုက်ပြီးပြီ ။ညီမကိုနောက်ထပ် အခွင့်အရေးပေးရင်တော့ ရိုက်ဖြစ်မှာပါ။ ဂီတကိုတော့ အဓိကလုပ်ဖြစ်မှာပါ။ ကားရိုက်ကတော့ အားတဲ့အချိန်လေးဝင်ရိုက်ကြည့်တဲ့ သဘောပါ။

Q. အခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့အပေါ် ညီမလေးအမြင်ကိုပြောပြပေးပါလား။
သတင်းတွေကို အမြဲ update သိခွင့်ရတော့ ကောင်းပါတယ်။ ဒါပေမယ့် မှန်တာတွေကိုပဲ ရေးစေချင်ပါတယ်။ ညီမတစ်ခါကြုံဖူးပါတယ်။ ညီမအရင်တုန်းက စင်ကာပူမှာ Dancer လုပ်ဖူးတယ်။ အဲဒါကို အကုန်လုံးအင်္ဂလိပ်လို့ရေးပြီးမှ Dancer ကို ကချေသည် လုပ်ဖူးပါတယ်ဆိုပြီး ရေးလိုက်တော့ ဖုန်းဆက်ပြီးပြန်ပြောရတာတွေ ရှိတယ်။

Q. အခုနောက်ပိုင်း အင်တာနက်တွေ ခေတ်စားလာတော့ သီချင်းခွေဝယ်တာထက် Link ရှာပြီးဒေါင်း တာတွေရှိများလာတော့ ညီမလေးရော ကိုယ် သီချင်းဒေါင်းတာကြုံရလား။
ညီမက ကိုယ်တိုင် Link ပေးလိုက်တာ ညီမတို့အတွက်က အခွေရောင်းအားထက် ကိုယ်သီချင်းကို လူသိဖို့က အရေးကြီးတော့ ညီမသီချင်းကို ကြိုက်တယ် ဆိုရင်ကျေနပ်ပါတယ်။ ခွေကတော့ အရှုံးခံ ပြီးကို ရောင်းပေးတာပါ။

Q. ညီမလေးအင်တာနက်သုံးရင် Package ဝယ်ပြီးသုံးဖြစ်လား။
Package နဲ့သုံးရင် ပိုကုန်တယ် လို့ထင်တယ်။ အဲဒါကြောင့် ညီမ ဆွေသဟာ လည်းမသုံးဘူး။ တစ်ခါတော့ သုံးဖူးတယ်။ ဗီဒီယို (၃) ခုပဲကြည့်ရသေးတယ်။ ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘူး။

Q. အခုလက်ရှိကိုင်နေတဲ့ ဖုန်းကိုပြောပြပေးပါလား။
ညီမက နိုင်ငံခြားမှာ ကျောင်းသွားတက်ကတည်းက iphone ပဲကိုင်တာဆိုတော့ ဒီမှာလည်း iphone ပဲ ကိုင်ဖြစ်တယ်။ အခုတော့ ဖုန်းပျောက်သွားလို့ ဘာဖုန်းကိုင်ရမလည်း မသိဘူးဖြစ်နေတယ်။ အခုတော့ Huawei ပွဲတက်တုန်းက လက်ဆောင်ရတဲ့ Huawei ဖုန်းကိုကိုင်နေပါတယ်။

Q. iphone ကိုင်နေကျဆိုတော့ အခုHuawei ကိုင်ရတာအဆင်ပြေလား။
Android သုံးရတာ ညီမအတွက်အဆင်မပြေဘူး။ သီချင်းတွေကူးတာတို့ တစ်ယောက် နဲ့ တစ်ယောက် ပုံပို့တာတွေကျတော့ ကောင်းတယ်။ ညီမက iphone သုံးနေကျဖြစ်တော့ Android သုံးရတာ အသားမကျ ဘူး ဖြစ်နေတယ်။

Q. ညီမလေးက နိုင်ငံခြားမှာ ကျောင်းတက်လာတာဆိုတော့ အဲဒီမှာနဲ့ ဒီမှာ အင်တာနက်သုံးရတာ ဘာတွေကွာလဲ။
ဟိုမှာက နေရာတိုင်းမှာ WiFi ရှိတယ်။ ဘယ်နေရာ ရောက်ရောက် သုံးလို့ရတယ်။ ဒီမှာက WiFi လည်း နေရာတိုင်းမှာမရှိဘူး။ လိုင်းကလည်း အမိုးအောက်ရောက်ရင် မမိတာနဲ့ ဆိုင်အတွင်းထဲမှာဆို မမိတာနဲ့ အဲဒါတွေတော့ သိပ်အဆင်မပြေဘူး။ ဒီမှာနေရာတိုင်း WiFi တွေရှိရင်တော့ ကောင်းမယ်။

 

 

 

 

 

You may be interested

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen
NEWS, Softwares & Application
12 shares3 views

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen

Nigma - Dec 16, 2018

(Zawgyi) လက်ကိုင်ဂိမ်းစက်နဲ့ Comics ဖတ်ချင်တဲ့လူတွေအတွက် InkyPen ရဲ့ လစဉ်ကြေးသွင်း Comics ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ Nintendo Switch မှာ စတင် ရရှိမယ့် Subscription ဝန်ဆောင်မှု ဖြစ်ပြီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်
ASUS, Mobiles & Tablets, NEWS
131 shares54 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ မော်ဒယ်သစ် Zenfone Max M2 နဲ့ Zenfone Max Pro M2 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာဈေးကွက်မှာ…

Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape
Android, FEATURES, Games
74 shares34 views

Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape

Ko Thuya - Dec 15, 2018

Faraway 4: Ancient Escape ဟာ အသစ်ထွက်ရှိလာတဲ့ Puzzle/ Escape Game အမျိုးအစား ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ရှေးခေတ်ဟောင်း ကာလကို အခြေပြုထားပါတယ်။ အလုပ်သွား၊ အလုပ်ပြန်ချိန်များနဲ့ အားလပ်ချိန်များမှာ အပြင်းပြေ ကစားဖို့ သင့်တော်ပါတယ်။ သူဟာ Puzzle…

Most from this category