0 Shares 10 Views

Google မောင်းသူမဲ့ကားရဲ့ ကွန်ပျူတာစနစ်က ယာဉ်မောင်းတစ်ယောက်လိုအရည်အချင်းပြည့်ကြောင်း အမေရိကန်အစိုးရပြောကြား

Google ရဲ့အလိုအလျောက်မောင်းနှင်တဲ့ ကားတွေဟာ ပထမဆုံး သိဥာဏ်တု (AI) ရှိစက်ရုပ်ဒရိုက်ဘာ တွေမောင်းနှင်တဲ့ ကားတွေဖြစ်လာမယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဒါဟာ အလိုအလျောက်မောင်းနှင်ပစ္စည်းတွေ လမ်းမတွေပေါ်မှာမောင်းနှင်နိုင်ဖို့အတွက် မရှိခဲ့ဖူးတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ Google အနေနဲ့ လာမယ့်နှစ်တွေမှာ စတင်ပြီးတော့ မောင်းနှင်အသုံးပြုနိုင်ဖို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

အဝေးပြေးယာဉ်ကြောဘေးကင်းမှုခန့်ခွဲရေးဌာန(NHTSA) က Google ရဲ့ကားတွင်းမှာပါဝင်တဲ့ စနစ်တွေဟာ ဒရိုက်ဘာတစ်ယောက်လို လုပ်ဆောင်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ Google ရဲ့ ကားတွေအတွက်ယူဆောင်လာမယ့် “လူသားကားသမားတွေမလို” ဆိုတဲ့ လုပ်ဆောင်ချက်ကို လမ်းမတွေပေါ်ကို ယူဆောင်လာနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ အလိုအလျောက်မောင်းနှင်တဲ့ကားနဲ့ ပတ်သက်ပြီးတော့ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်ကစတင်ပြီး လူမောင်းရတဲ့ ရိုးရာစနစ်ကို ခွဲထွက်ဖို့အတွက် Google နဲ့ သဘောတူညီမှုရပြီးပါပြီလို့ တာဝန်ရှိသူတစ်ယောက်ရဲ့ စာတစ်စောင်ကို Reuters ကဖော်ပြခဲ့တာဖြစ်ပါတယ်။

လိုင်စင်နဲ့ တရားဝင်အထောက်အထားတွေက လူမဲ့ကားတွေနဲ့ ပတ်သက်ပြီးတော့ ကြီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ မော်တော်ကားမောင်းနှင်ခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေတွေ အားလုံးနီးပါးဟာ လူထိန်းချုပ်မောင်းနှင်ပစ္စည်းတွေအတွက်ပဲ ထုတ်ထားတာဖြစ်လို့ပါ။ ကားထုတ်လုပ်သူတွေနဲ့ နည်းပညာကုမ္ပဏီတွေဟာ ဒီအလိုအလျောက်မောင်းနှင်တဲ့ ကားတွေကိုထုတ်လုပ်ဖို့ အပြိုင်အဆိုင်ကြိုးစားလာကြတာဖြစ်ပါတယ်။

ဒီအချိန်မှာ Google ရဲ့မောင်းသူမဲ့ကားတွေကို ကယ်လီဖိုးနီးယားက လမ်းတွေမှာ စမ်းသပ်မောင်းနှင်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမောင်းနှင်ရင်တောင်မှ ပြဿနာတစ်ခုခုရှိရင် ထိန်းချုပ်နိုင်အောင် ကားမောင်းလိုင်စင်ရရှိထားတဲ့ လူတစ်ယောက်က ထိုင်နေရမှာဖြစ်ပါတယ်။ ယခုအခါမှာ Google နဲ့ အာဏာပိုင်တွေဟာ မောင်းသူမဲ့ကားစနစ်ကို လူသားကားမောင်းသူတစ်ယောက်လို မောင်းနှင်နိုင်အောင် အတူတကွလုပ်ဆောင်နေကြတယ်လို့ NHTSA ရဲ့ဖော်ပြချက်အရသိရပါတယ်။

Ref: Independent

You may be interested

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi
435 shares53 views

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ…

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
FEATURES, Mobile & Tablets
655 shares148 views

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။ ဈေးနှုန်း ၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။…

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ
Apple, NEWS
138 shares56 views

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။ ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro…

Leave a Comment

Most from this category