0 Shares 28 Views

လုပ်ဆောင်ချက်အသစ်တွေနဲ့ ထွက်ပေါ်လာပြန်တဲ့ Android ဖုန်းတွေအတွက် ဂိမ်းခလုတ် Evo Gamepad Pro 2

Feb 12, 2016
0 28

အိန္ဒိယ အခြေစိုက် အီလက်ထရောနစ်ကုမ္မဏီ တစ်ခုဖြစ်တဲ့ Amkette ဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ထုတ်လုပ်မှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ Android စမတ်ဖုန်းတွေနဲ့ တွဲပြီး ဂိမ်းဆော့ရတဲ့ Evo Gamepad Pro 2 ပါပဲ။

အရင်တုန်းကလည်း Evo Gamepad Pro ကို ထုတ်လုပ်ဖူးပေမယ့် ဒီ ဒုတိယ ဗားရှင်းမှာတော့ မီဒီယာ ညွှန်ကြားရေး ခလုတ်တွေနဲ့ ပိုမို ကောင်းမွန်သွားတဲ့ ဒီဇိုင်း တွေက အားသာချက်တွေဖြစ်လာပါတယ်။

ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၄၀ ခန့်ကျသင့်နိုင်တဲ့ Evo Gamepad Pro 2 ဟာ ဖုန်းကို အလွယ်တကူ ထည့်ထားနိုင်တဲ့ ဒီဇိုင်းမျိုးနဲ့ ထုတ်လုပ်ထားတာပါ။ ကုမ္မဏီရဲ့  ပြောကြားချက် အရ သုံးစွဲသူ အနေနဲ့ အသံ အတိုးအကျယ် အလွယ်တကူ လုပ်နိုင်မယ့် မာလ်တီမီဒီယာ ခလုတ်တွေကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အခြားလုပ်ဆောင်ချက်အသစ်တွေကတော့ Evo Gamepad Pro 2 ဟာ Sleep mode ပါဝင်ပါတယ်။ အကယ်၍ ဂိမ်းခလုတ်ကို အသုံးမပြုတာ ၈ မိနစ်ကြာသွားရင် ထို ဂိမ်းခလုတ်ကို အလိုလို ပါဝါ ပိတ်ထားပေးမှာပါ။ နည်းပညာပိုင်းမှာလည်း Bluetooth 3.0 ကိုထည့်သွင်းထားတာကြောင့် ၁၀ မီတာခန့်အကွာကလည်း အသုံးပြုနိုင်မှာပါ။ ဘက်ထရီအနေနဲ့ကတော့ 400 mAh လီသီယမ် ပိုလီမာ ဘက်ထရီဖြစ်ပြီး ပြန်လည် အားသွင်းယူလို့ရနိုင်ပါတယ်။

“Evo Gamepad Pro တုန်းကတော့ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေရခဲ့ပါတယ်။ စမတ်ဖုန်း ဂိမ်းသမားတွေအတွက် ဒါဟာတော်တော်လည်း အသုံးဝင်ခဲ့ပါတယ်။ အဲဒါကြောင့် လုပ်ဆောင်ချက် အသစ်ကိုထည့်သွင်းပြီးထုတ်လုပ်ထားတဲ့ upgrade ဗားရှင်း Evo Gamepad Pro 2 ကတော့ Android ဂိမ်းသမားတွေကြားထဲမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။” လို့ Amkette ကုမ္မဏီရဲ့  ဒါရိုက်တာ ဖြစ်သူ မစ္စတာ Rajiv Bapna က ဆိုပါတယ်။

Ref: Gadgets 360

 

 

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
222 shares68 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
260 shares55 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
118 shares48 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Leave a Comment

Most from this category