0 Shares 113 Views

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့ထက် ပိုအပြေးမြန်တဲ့ ခြေနှစ်ချောင်းစက်ရုပ်

Feb 11, 2016
0 113

ကမ္ဘာ့အမြန်ဆုံးလူသား၊ အိုလံပစ်ရွှေတံဆိပ်ဆုရှင် အူစိန်ဘော့ထက် ပိုအပြေးမြန်တဲ့စက်ရုပ်တစ်ရုပ်ကို သိပ္ပံပညာရှင်တွေက မိတ်ဆက်ပြသလိုက်ပါတယ်။

အပြေးချန်ပီယံအူစိန်ဘော့ဟာ တစ်နာရီကို ၄၄.၁၆ ကီလိုမီတာပြေးပြပြီး ကမ္ဘာ့စံချိန်တင်ထားပေမယ့်၊ ဒီခြေနှစ်ချောင်းစက်ရုပ်လေးက တစ်နာရီကို ၄၅.၉၉ ကီလိုမီတာပြေးပြကာ အူစိန်ဘော့စံချိန်ကို ချိုးသွားခဲ့ပါတယ်။

Raptor လို့အမည်ပေးထားတဲ့ ဒီစက်ရုပ်ကို ကိုရီးယားအဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က တီထွင်ခဲ့တာဖြစ်ပြီး၊ ခြေထောက်မရှိသူတွေသုံးလေ့ရှိတဲ့ ဘလိတ်ဓားသွားသဏ္ဍာန် ခြေချောင်းနှစ်ချောင်း တပ်ဆင်ထားပါတယ်။

သားကောင်ကို ချွန်ထက်တဲ့ ဓားသွားသဏ္ဍာန်လက်သည်းတွေနဲ့ တိုက်ခိုက်တတ်တဲ့ Velociraptor ဆိုတဲ့ ဒိုင်နိုဆောတစ်မျိုးကို မှီငြိမ်းကာ ယခုစက်ရုပ်ဒီဇိုင်းကို ဖန်တီးထားတာပါ။

ခြေထောက်တစ်ဖက်စီမှာ မော်တာတစ်ခုစီ တပ်ဆင်ထားပြီး၊ ဟိုက်ဒရောလစ်စနစ်သုံး ခြေဖနောင့်ကြော စနစ်ကလည်း ပြေးလွှားနေစဉ်မှာ စက်ရုပ်ကို စွမ်းအင်ပြန်လည်ထောက်ပံ့ပေးထားနိုင်ပါတယ်။ ဒီ့အပြင် စက်ရုပ်ဘေးဘက်မှာ တပ်ဆင်ထားတဲ့ ဟန်ချက်ထိန်းအမြီးက ပြေးလွှားနေချိန်မှာ စက်ရုပ်ကို မလဲကျသွားအောင် ထိန်းထားပေးနိုင်ပြီး၊ အခက်အခဲအတားအဆီးတွေကိုလည်း သိရှိကျော်ဖြတ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

စက်ရုပ်ကို ပေါ့ပါးတဲ့သတ္တုပစ္စည်းတွေနဲ့ တည်ဆောက်ထားတာကြောင့် အလေးချိန် ၁၂ ကီလိုဂရမ်သာ ရှိပါတယ်။ လောလောဆည်မှာတော့ အပြေးစက်ပေါ်မှာသာ ပြေးစွမ်းနိုင်သေးပြီး၊ တီထွင်သူအဖွဲ့ကတော့ မကြာခင်မှာ တခြားမျက်နှာပြင်ညီညာတဲ့နေရာတွေမှာလည်း ပြေးပြနိုင်အောင် လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

ဒီစက်ရုပ်ဟာ ဒီလောက်မြန်အောင်ပြေးနိုင်ပေမယ့်လည်း ကမ္ဘာ့အမြန်ဆုံးစက်ရုပ်ဘွဲ့ကို မရရှိသေးပါဘူး။

လက်ရှိကမ္ဘာ့အမြန်ဆုံးစက်ရုံကတော့ Boston Dynamics ထုတ် ခြေလေးချောင်း Cheetah စက်ရုပ်ဖြစ်ပြီး တစ်နာရီကို ၂၉ မိုင် (၄၆.၆၇ ကီလိုမီတာ) အထက် ပြေးနိုင်ပါတယ်။

Ref: Mirror

 

 

 

You may be interested

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
0 shares0 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။
FEATURES, Pc & Laptops, Softwares & Application
119 shares30 views

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။

Ko Thuya - Feb 19, 2018

Smartphones,Tablets,Macs,Linux မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့ မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ ပဲဖြစ်ဖြစ် ၊၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်…

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ
Mobiles & Tablets, NEWS, Nokia
283 shares329 views

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ

Ko Thuya - Feb 19, 2018

[Zawgyi] လာမယ့် MWC 2018 ပွဲအတွက် HMD က အားလုံးအံ့အားသင့်သွားစေမယ့်အရာတစ်ခု မိတ်ဆက်မယ်လို့ ကြေညာခဲ့ပြီးသားပါ။ ဒီပွဲမှာ ဖုန်းပေါင်းများစွာပြသမှာဖြစ်ပြီး Nokia 4, Nokia 5 2018, Nokia 7 Plus နဲ့ Nokia 6…

Leave a Comment

Most from this category